နိရောဓဓမ္မသုတ်

ဝီကီပီးဒီးယား မှ

(၃)သုတ် ရှိပါသည်။

[၁] ဘုရားရှင် ကောသလနိုင်ငံ သာဝတ္ထိမြို့ ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးတော်မူစဉ် အရှင်ရာဓမထေရ်၏ မေးလျှောက်ချက်အရ ခန္ဓာတစ်ပါးစီ တစ်ပါးစီသည် “နိရောဓဓမ္မ” ဖြစ်ပုံ၊ ဤသို့ သိမြင်သော အရိယာသာဝကသည် ထိုခန္ဓာ၌ ငြီးငွေ့၏ အစရှိသည်ဖြင့် အရဟတ္တဖိုလ်ဆိုက်သည်တိုင်အောင် အကျယ်ဝေ ဖန်၍ ဘုရားရှင် ဖြေကြားတော်မူသည့်သုတ်။


[၂] ဘုရားရှင် ကောသလနိုင်ငံ သာဝတ္ထိမြို့ ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးတော်မူစဉ် အရှင်ရာဓထေရ် ပဋိပတ်လုပ်ငန်းအားထုတ်ရန် အလုပ်ပေးတရားတော်ကို ဟောတော်မူပါရန် လျှောက်ထားချက်အရ နိရောဓဓမ္မ ဖြစ်သော ခန္ဓာတစ်ပါးစီ တစ်ပါးစီ၌ ဆန္ဒ, ရာဂ, ဆန္ဒရာဂကို ပယ်ရမည်ဟု အသီးအသီး အရှင်ရာဓထေရ်အား ဘုရားရှင် ဟောတော်မူသည့်သုတ်။


[၃] အရှင်ရာဓထေရ်အား အထက်သုတ်အတိုင်း ခန္ဓာငါးပါး၌ ဆန္ဒရာဂကို ပယ်ရန် ဘုရားရှင် ဟောတော်မူသည့်သုတ်။ [၄]

ကိုးကား[ပြင်ဆင်ရန်]

  1. -သံ၊၂၊၁၆၁။ သံ၊မြန်၊၂၊၁၅၄။ -သံယုတ္တနိကာယ၊ ခန္ဓဝဂ္ဂသံယုတ္တ၊ ၂-ရာဓသံယုတ္တ၊ ၂-ဒုတိယဝဂ္ဂ၊ ဒွါဒသမသုတ်။
  2. -သံ၊၂၊၁၆၃။ သံ၊မြန်၊၂၊၁၅၅။ -သံယုတ္တနိကာယ၊ ၃-အာယာစနဝဂ္ဂ၊ ဒွါဒသမသုတ်။
  3. -သံ၊၂၊၁၆၄။ သံ၊မြန်၊၂၊၁၆၅။ -သံယုတ္တနိကာယ၊ ခန္ဓဝဂ္ဂသံယုတ္တ၊ ၂-ရာဓသံယုတ္တ၊ ၄-ဥပနိသိန္နဝဂ္ဂ၊ ဒွါဒသမသုတ်။
  4. ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်၊ သာသနဓဇ သိရီပဝရ ဓမ္မာစရိယ၊ B.A (ဝိဇ္ဇာဂုဏ်ထူး-သီရိလင်္ကာ)၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကေလာသမဟာထေရ် တိပိဋကသူစိကျမ်း နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) ဒုတိယပါမောက္ခချုပ်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရထေရ် တိပိဋက သုတ္တသူစိ ဝိဘာဝိနီ