ကျော်စိန်၊ ဒေါက်တာ
| ဒေါက်တာကျော်စိန် | |
| ဒေါက်တာကျော်စိန် | |
| မွေးသက္ကရာဇ် | ၁၉၃၂ ခုနှစ်၊ ဩဂုတ်လ ၂၁ ရက်နေ့ |
| မိဘများ | ဦးစိန်ခိုင် + ဒေါ်သက်စု |
| အမည်ရင်း | ကျော်စိန် |
| နိုင်ငံသား | |
| မွေးရာဇာတိ | ပဲခူးမြို့ |
| အလုပ်အကိုင် | စာရေးဆရာ |
| ထင်ရှားကျော်ကြားမှု | |
| ကိုးကွယ်သည့် ဘာသာ | ဗုဒ္ဓဘာသာ |
မာတိကာ |
ပညာရေး [ပြင်ဆင်ရန်]
အဖ ဦးစိန်ခိုင်၊ အမိ ဒေါ်သက်တို့ မှ ၁၉၃၂ ခုနှစ်၊ ဩဂုတ်လ ၂၁ ရက်နေ့တွင် ပဲခူးမြို့၌ မွေးဖွားသည်။ ၁၉၅ဝ ပြည့်နှစ်တွင် ပဲခူးမြို့ အစိုးရ အထက်တန်း ကျောင်းမှ တက္ကသိုလ်ဝင် စာမေးပွဲ အောင်မြင်သည်။ တက္ကသိုလ် ပညာသင်ဆု (Collegiate Scholarship) ရရှိခဲ့။ ၁၉၅၃ ဥပစာတန်း၌ သာဒိုးအောင်ဆု၊ ၁၉၅၄ ဝိဇ္ဇာတန်း၌ သဘာဝ သတ္တဗေဒ အသင်း ဆုများ ရရှိခဲ့။ ၁၉၅၄ ခုနှစ်တွင် ရန်ကုန် တက္ကသိုလ်မှ ဝိဇ္ဇာဘွဲ့နှင့် ၁၉၅၈ ခုနှစ်တွင် မဟာ ဝိဇ္ဇာဘွဲ့ (စိတ်ပညာ) တို့ကို ရရှိ ခဲ့သည်။ ၁၉၆၆ ခုနှစ်တွင် အမေရိကန် ပြည်ထောင်စု နယူးယောက်မြို့ ကိုလံဘီယာ တက္ကသိုလ်မှ ပါရဂူဘွဲ့ (Ph.D) ရရှိ ခဲ့သည်။
စာပေပို့ချခြင်း [ပြင်ဆင်ရန်]
ရန်ကုန် တက္ကသိုလ် စိတ်ပညာ ဌာနတွင် နည်းပြ ဆရာ (၁၉၅၄)၊ လက်ထောက် ကထိက (၁၉၅၇)၊ ကထိက (၁၉၆၇)၊ ပါမောက္ခ (၁၉၇၇) တာဝန်များကို ထမ်းဆောင် ခဲ့သည်။ ရန်ကုန် တက္ကသိုလ် ပါမောက္ခချုပ် (၁၉၈၃)၊ မန္ဈလေး တက္ကသိုလ် ပါမောက္ခချုပ် (၁၉၈၅)၊ ပညာရေး ဝန်ကြီး (၁၉၈၈) စသည်ဖြင့် ထမ်းဆောင် ခဲ့သည်။
စာပေရေးသားခြင်း [ပြင်ဆင်ရန်]
၁၉၅၇ ခုနှစ်မှ စ၍ ရှုမဝ၊ ငွေတာရီ စသော မဂ္ဂဇင်းများတွင် စိတ်ပညာ ဆောင်းပါးများ ရေးသား ခဲ့သည်။ ပညာ ပဒေသာ စာစောင်၊ ပညာ လောက စာစောင် တို့တွင်လည်း စိတ်ပညာ ဆောင်းပါးများ ရေးသား ခဲ့သည်။
၁၉၇၃ ခုနှစ် စာပေဗိမာန် စာမူဆု သုတ ပဒေသာ (ဝိဇ္ဇာ) ပထမဆုကို သင့်ဘဝတွက်တာ အသုံးချ စိတ်ပညာဖြင့် လည်းကောင်း၊ ၁၉၉ဝ ပြည့်နှစ် စာပေဗိမာန် စာမူဆု လူငယ် စာပေ ပထမဆုကို လူငယ် လမ်းညွှန်ဖြင့် လည်းကောင်း၊ ၁၉၉၁ ခုနှစ် မျိုးချစ်စိတ်ဓာတ် ရှင်သန် ထက်မြက်ရေး စာပေပြိုင်ပွဲ ကျမ်းစာမူ ဒုတိယဆုကို တို့ချစ်သည့် တို့နိုင်ငံတော်ဖြင့် လည်းကောင်း၊ ၁၉၉၄ ခုနှစ် စာပေဗိမာန် စာမူဆု သုတ ပဒေသာ (ဝိဇ္ဇာ) ပထမဆုကို ဇော်ဋီကာ ဖြင့် လည်းကောင်း၊ ၁၉၉၇ ခုနှစ်တွင် စိတ်ပညာ သမိုင်းကျမ်းဖြင့် ပခုက္ကူ ဦးအုံးဖေ ကျမ်းစာမူ ပထမဆု ရရှိ ခဲ့ပါသည်။
ဒေါက်တာ ကျော်စိန်သည် အမှတ် (၃၄/ဘီ) ကုန်းမြင့်ရိပ်သာလမ်း ခုနစ်မိုင်ခွဲ မရမ်းကုန်း မြို့နယ်တွင် နေထိုင်ခဲ့သည်။ ၂၀၁၃ ခုနှစ် ဇန်နဝါရီလ ၂ ရက်နေ့တွင် ကွယ်လွန်သည်။
ဒေါက်တာ ကျော်စိန် ရေးသား ထုတ်ဝေခဲ့သည့် စာအုပ်များ [ပြင်ဆင်ရန်]
- ခေတ်သစ် စိတ်ပညာ (ဒုတိယနှစ် အတွက် တက္ကသိုလ်များ စာအုပ်ပြုစု ထုတ်ဝေရေး ကော်မတီ) - ၁၉၆၉ ခုနှစ်
- စိတ်ပညာ ရှုထောင့် အထွေထွေ (ဦးဖေချစ်၊ စိတ်ပညာနှင့် တွဲဖက်၍) - ၁၉၆၈ ခုနှစ်
- သင့်ဘဝအတွက် အသုံးချ စိတ်ပညာ - ၁၉၇၆ ခုနှစ်
- စိတ်ပညာ ဆောင်းပါး ပေါင်းချုပ် - ၁၉၉၇ ခုနှစ်
- စိတ်ပညာနှင့် ဆောင်းပါး အထွေထွေ - ၁၉၉၇ ခုနှစ်
- ဇော်ဋီကာ (ဆရာ ဇော်ဂျီ စာပေ အတ္ထုပ္ပတ္တိ) ၃ တွဲ - ၁၉၉၇ ခုနှစ်
- တို့ချစ်သည့် တို့နိုင်ငံတော် - ၁၉၉၃ ခုနှစ်
- ဖခင်ဘဝ ဇာတ်လမ်းစုံ - ၂ဝဝ၂ ခုနှစ်
- လူငယ် လမ်းညွှန် - ၁၉၉၂ ခုနှစ်
- ဘဝဟန်
- ပေါင်းသင်းရခက်သူတို့နှင့်အဆင်ပြေစွာ ဆက်ဆံနည်းများ
- ဆက်သွယ်မှုစိတ်ပညာနှင့် အတွေးမျှင်စာတန်းများ
- စိတ်ပညာသမိုင်း
ဒေါက်တာ ကျော်စိန် မြန်မာပြန်ဆို ခဲ့သော စာအုပ်များ [ပြင်ဆင်ရန်]
- သင့်ရင်သွေး မိမိကိုယ်ကိုမိမိ ယုံကြည်မှု ပျိုးထောင်ရေး - ၂ဝဝဝ ပြည့်နှစ်
- သင်သိလိုသမျှ စိုးရိမ်သောကအကြောင်း - ၂ဝဝဝ ပြည့်နှစ်
ကိုးကား [ပြင်ဆင်ရန်]
- ↑ ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီး ဌာန (ရုံးချုပ်) စာတည်း အဖွဲ့က စုဆောင်း ပြုစုတဲ့ 'နှစ်ဆယ် ရာစု မြန်မာ စာရေး ဆရာ များနှင့် စာစု စာရင်း' (ပညာရွှေတောင် စာအုပ်တိုက်)၂ဝဝ၃ ခုနှစ်၊ ဧပြီလ(ပထမ အကြိမ်)