ဒီလုံးငှက်
| ဒီလုံးငှက် (ခေါ်) ရေညှောင့်နှုတ်ဝိုင်းငှက် | ||||||||||||||
|---|---|---|---|---|---|---|---|---|---|---|---|---|---|---|
| သဘာဝထိမ်းသိမ်းခြင်းအခြေအနေ | ||||||||||||||
Critically Endangered (IUCN Red List Ver.3.1 (2001)) |
||||||||||||||
| သိပ္ပံနည်းကျမျိုးခွဲခြင်း | ||||||||||||||
|
||||||||||||||
| ဒွိနာမ | ||||||||||||||
| ''Eurynorhynchus pygmeus'' | ||||||||||||||
ဆောင်းခိုငှက်မျိုးဖြစ်သော ရေညှောင့် နှုတ်ဝိုင်းငှက် (ခေါ်) ဒီလုံးငှက် (Spoon-Billed Sandpiper)သည် မြန်မာနိုင်ငံ မုတ္တမပင်လယ်ကွေ့ ကမ်းရိုးတန်းဒေသ ၊ ရခိုင်ပြည်နယ် စစ်တွေတွင် ကျက်စားသည့် ကမ္ဘာ့ရှားပါး ငှက်မျိုးဖြစ်သည်။ ဖမ်းဆီးရောင်းချ ခံရခြင်းကြောင့် ကမ္ဘာပေါ်တွင် ကောင်ရေတထောင်ခန့်ပင် မကျန်ရှိတော့ဟု Birdlife International အဖွဲ့က ခန့်မှန်းထားသည်။
ရေညှောင့် နှုတ်ဝိုင်းငှက်သည် မိုးဥတုအခါ ရုရှားနိုင်ငံ အရှေ့မြောက်ဘက်ခြမ်း ချူကိုတာ ပြည်နယ်တွင် သားပေါက်ပြီး ဆောင်းတွင်းတွင် မြန်မာနိုင်ငံ အပါအဝင် အရှေ့တောင်အာရှ ကမ်းရိုးတန်းဒေသများ၌ လာရောက် ဆောင်းခိုခြင်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံ မုတ္တမပင်လယ်ကွေ့နှင့် ရခိုင်ပြည်နယ် စစ်တွေမြို့တို့တွင် ၂၀၀၈ ခုနှစ်မှ စတင်တွေ့ရှိခဲ့ကြောင်း သိရှိရသည်။
မြန်မာနိုင်ငံအနေဖြင့် ၄င်းငှက်ကို ၂၀၀၈-ခုနှစ်မှ စတင်ကာ လေ့လာသုတေသနပြုလုပ်ခဲ့ကြသည်။ တကမ္ဘာလုံးတွင် ကောင်ရေ ၅၀၀ လောက်သာ ကျန်တော့သည်ဟု ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်ရေးအသင်း (BANCA)မှ ဥက္ကဌ ဒေါက်တာထင်လှက ပြောကြားသည်။ မြန်မာနိုင်ငံတွင် ရေညှောင့် နှုတ်ဝိုင်းငှက် အဓိကကျက်စားရာနေရာမှာ မုတ္တမပင်လယ်ကွေ့ ဒေသ ဖြစ်သည်။ [၁]