ထရီနီဒတ်နှင့် တိုဘက်ဂိုနိုင်ငံ
| ထရီနီဒတ်နှင့်တိုဘက်ဂိုသမ္မတနိုင်ငံ | |||||
| Republic of Trinidad and Tobago | |||||
|
|||||
| နိုင်ငံတော်ဆောင်ပုဒ် - Together we aspire, together we achieve | |||||
| နိုင်ငံတော်သီချင်း - Forged from the Love of Liberty | |||||
| ပထဝီ |
|||||
| မြို့တော် | ပို့တ်အော့ဖ်စပိန်မြို့ | ||||
| အကြီးဆုံးမြို့ | ပို့တ်အော့ဖ်စပိန်မြို့ | ||||
ဧရိယာ
|
|||||
| စံတော်ချိန်ဇုန် | UTC -၄ | ||||
| လူနေမှု | |||||
လူဦးရေ
|
|||||
| နိုင်ငံရေး | |||||
| အမျိုးအစား | ပါလီမန်သမ္မတနိုင်ငံ | ||||
အစိုးရခေါင်းဆောင်များ
|
|||||
ထူထောင်မှု
|
|||||
| စီးပွားရေး | |||||
| GDP(PPP) | ၂၆.၄ ဘီလီယံဒေါ်လာ [၁] (အဆင့် - ) | ||||
| GDP(PPP) | US $၂၀,၁၃၇ [၁] (အဆင့် - ) | ||||
| HDI | ▲ ၀.၇၃၆ (အမြင့်)[၂] (အဆင့် - ၅၉) | ||||
| ငွေ | ထရီနီဒတ်နှင့် တိုဘက်ဂို ဒေါ်လာ | ||||
| နိုင်ငံတော်အထိမ်းအမှတ်နှင့် သင်္ကေတများ | |||||
| CCLTD | .tt | ||||
| Calling code | +၁-၈၆၈ | ||||
ထရီနီဒတ်နှင့်တိုဘက်ဂိုနိုင်ငံသည် ကာရစ်ဘီယံတောင်ပိုင်းတွင် ရှိသော ကျွန်းစုနိုင်ငံ တစ်နိုင်ငံ ဖြစ်သည်။ ဗင်နီဇွဲလားနိုင်ငံ၏ အရှေ့မြောက် ကမ်းရိုးတန်း အလွန် ကပ်လျှက် ရှိပြီး အန်တေးကျွန်းငယ်များတွင် ဂရီနေဒါနိုင်ငံ၏ တောင်ဘက်တွင် ရှိသည်။ ၎င်းသည် အခြားနိုင်ငံများနှင့် ရေကြောင်းနယ်နိမိတ်ခြင်း ထိစပ်နေပြီး အရှေ့မြောက်ဘက်တွင် ဘာဘေးဒိုးစ်နိုင်ငံ၊ အရှေ့တောင်ဘက်တွင် ဂိုင်ယာနာနိုင်ငံ နှင့် တောင်ဘက်နှင့် အနောက်ဘက်တို့တွင် ဗင်နီဇွဲလားနိုင်ငံ တို့နှင့် ဖြစ်သည်။
ဧရိယာစတုရန်းမိုင်ပေါင်း ၁,၉၈၀ စတုရန်းမိုင် (၅,၁၂၈ စတုရန်းကီလိုမီတာ) မျှ ရှိပြီး ထရီနီဒတ် နှင့် တိုဘက်ဂိုဟူသော ပင်မကျွန်းကြီး ၂ ကျွန်းပါဝင်သည့်အပြင် အခြား ကျွန်းအသေးစားလေးများလည်း ပါဝင်သည်။ ထရီနီဒတ်ကျွန်းက ပို၍ကြီးမားပြီး လူဦးရေ ပိုများသည်။ ပင်မကျွန်းကြီးများတွင် စုစုပေါင်း ဧရိယာ၏ ၉၄ ရာခိုင်နှုန်းမျှ ရှိပြီး လူဦးရေ၏ ၉၆ ရာခိုင်နှုန်းမျှ ရှိသည်။ ထရီနီဒတ်နှင့် တိုဘက်ဂိုနိုင်ငံသည် ဟာရီကိန်း မုန်တိုင်းခါးပတ်၏ အပြင်ဘက်တွင် ရှိသည်။
ကိုးကား [ပြင်ဆင်ရန်]
- ↑ ၁.၀ ၁.၁ Trinidad and Tobago. International Monetary Fund. Retrieved on 2011-02-18။
- ↑ Human Development Report 2010. United Nations (2010). Retrieved on 5 November 2010။