တိုကျို အမျိုးသားအားကစားကွင်း

ဝီကီပီးဒီးယား မှ
အမျိုးသားအားကစားကွင်း
National Stadium
Kokuritsu Kyōgijō
၂၀၀၄ခုနှစ်ကတွေ့ရစဉ်
တည်နေရာတိုကျိုမြို့ဂျပန်နိုင်ငံ
ပိုင်ဆိုင်သူဂျပန်အားကစားကောင်စီ
ဝင်ဆံ့ပမာဏ၄၈၀၀၀
ကွင်းအရွယ်၁၀၅ m × ၆၈ m (၃၄၄ ft × ၂၂၃ ft)
မျက်နှာပြင်မြက်
တည်ဆောက်ခြင်း
ဖွင့်လှစ်မတ် ၁၉၅၈
ပိတ်သိမ်း၃၁ ​မေ ၂၀၁၄
ဖြိုဖျက်​မေ ၂၀၁၅
ဗိသုကာMitsuo Katayama

တိုကျို အမျိုးသားအားကစားကွင်း သည် ဂျပန်နိုင်ငံ၊တိုကျိုမြို့တွင် တည်ရှိခဲ့သော ဘက်စုံသုံးအားကစားကွင်းတစ်ခုဖြစ်သည်။ ပရိသတ် ၄၈၀၀၀ဝင်ဆံ့ကာ ၁၉၅၈ခုနှစ်တွင် ဖွင့်လှစ်ခဲ့သည်။၂၀၁၄ခုနှစ်တွင် ပိတ်သိမ်းကာ ၂၀၁၅ခုနှစ်တွင် ဖျက်သိမ်းခဲ့ပြီး ၂၀၁၆ခုနှစ်တွင် ထိုနေရာ၌ အမျိုးသားအားကစားကွင်းအသစ်ကို တည်ဆောက်ခဲ့သည်။

သမိုင်း​ကြောင်း[ပြင်ဆင်ရန်]

ယခင်အားကစားကွင်းဟောင်းနေရာတွင် တည်ဆောက်ခဲ့ပြီး ၁၉၅၈ခုနှစ်တွင် ပြီးစီးခဲ့သည်။ဤအားကစားကွင်းတွင် ၁၉၅၈ အာရှအားကစားပြိုင်ပွဲနှင့် ၁၉၆၄ တိုကျိုအိုလံပစ်အပါအဝင် အားကစားပွဲများစွာကို လက်ခံကျင်းပခဲ့လေသည်။[၁] ၂၀၂၀ တိုကျိုအိုလံပစ်အတွက် ယခုအားကစားကွင်းအား ပြုပြင်မွမ်းမံရန် စီစဉ်ခဲ့သေးသော်လည်း နောက်ပိုင်းတွင် အလုံးစုံဖျက်သိမ်း၍ အသစ်တည်ဆောက်ရန် ဆုံးဖြတ်ခဲ့ကြသည်။၂၀၁၅ခုနှစ်တွင် စတင်ဖျက်သိမ်းခဲ့ကာ အားကစားကွင်းအသစ်ကို ၂၀၁၆ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ကြသည်။[၂]

ကိုးကား[ပြင်ဆင်ရန်]