ဆောက်သမ္ပတန်မြို့

ဝီကီပီးဒီးယား မှ
ဆောက်သမ်ပတန်မြို့

ဆောက်သမ္ပတန်မြို့[ပြင်ဆင်ရန်]

ဆောက်သမ္ပတန်မြို့သည် အင်္ဂလန်နိုင်ငံ၏ တတိယဆိပ်ကမ်းမြို့ကြီးဖြစ်၍၊ လန်ဒန်မြို့၏ အနောက်တောင်ဘက် ၇၉ မိုင်ကွာတွင်ရှိသည်။ ယင်းသည် ဟမ္ပရှိုင်ယာနယ်၊ အစ်ချင်မြစ် နှင့် တက်မြစ်အကြားတွင် တည်ရှိသည်။ ခေတ်မီ၍ ကြီးကျယ် သော သင်္ဘောကျင်းများ ရှိပြီးလျှင်၊ အမေရိကတိုက်၊ ကနေဒါ နိုင်ငံ၊ အနောက်အိန္ဒိယကျွန်းစု၊ ဗရာဇီးနိုင်ငံနှင့် တောင်အာဖရိ ကတိုက်များသို့သွားသော ပင်လယ်ကူးသင်္ဘောကြီးများနှင့်ကုန် သင်္ဘောများဝင်ရာ ဆိပ်ကမ်းဖြစ်သည်။ ယင်းဆိပ်ကမ်းမှာလူ တို့မပြုပြင်ဘဲ သဘာဝအတိုင်းဖြစ်နေသည့်ဆိပ်ကမ်းဖြစ်၍၊ လေမိုးလုံခြုံပြီးလျှင် အလွန်ကျယ်ဝန်းသောသင်္ဘောကျင်းကြီး များတည်ရှိသည်။ ၁၉၃၃ ခုနှစ်တွင်ကမ္ဘာပေါ်၌အကြီးဆုံးဖြစ် သော သင်္ဘောကျင်းကြီးတစ်ခုကိုပဉ္စမဂျော့ဘုရင်ကိုယ်တိုင် ဖွင့်လှစ်ခဲ့သည်။

လူဦးရေ ၁၇ဝဝဝဝ ကျော်ရှိ၍ တိုးတက်ဖွံ့ဖြိုးလျက်ရှိ သော အလုပ်အကိုင်များမှာ သင်္ဘောတည်ဆောက်ခြင်း၊ လေယာဉ်ပျံတည်တောက်ခြင်း၊ ရွက်သင်္ဘောကလေးများ၊ အင်ဂျင်စက်များ ပြုလုပ်ခြင်း စသည်တို့ဖြစ်သည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၄)