ဆင်ဖိုနီ

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​

ဆင်ဖိုနီ ဆိုသည်မှာ သံစုံတီးဝိုင်းကြီးများတွင် တီးမှုတ်ရန် အတွက် ရေးစပ်ထားသော ဂီတသံစဉ်ဖြစ်သည်။ ထိုဂီတသံစဉ်များမှာ အလွန်ပင် ရှည်လျားနိုင်သည်။ သို့သော်လည်း ဆင်ဖိုနီများကို ပုံမှန်အားဖြင့် ၃ပိုင်း သို့မဟုတ် ၄ပိုင်း ခွဲစိတ် ထားလေ့ရှိပြီး ၄င်းတို့ကို မုဗ်မင့် ဟုခေါ်သည်။

ဆင်ဖိုနီ၏ ပထမဆုံး မုဗ်မင့်မှာ လျှင်မြန်သော ဂီတသံစဉ်ဖြစ်နိုင်ပြီး ဆိုနာတာ ပုံစံဖြင့် အမြဲလို တွေ့ရလေ့ ရှိသည်။ ဒုတိယ မုဗ်မင့်မှာ နှေးကွေးသော မုဗ်မင့် ဖြစ်သည်။ တတိယ မုဗ်မင့်မှာ မင်းယူးအက် (minuet) သို့ စကီရာဇို (scherzo)သို့ မဟုတ် ထရိုင်ယို(trio) တစ်ခု ဖြစ်နိုင်သည်။ စတုတ္ထ မုဗ်မင့်ကို ဖိုင်နေး (Finale) ဟု ခေါ်ဆိုတတ်ကြသည်။ ထိုမုဗ်မင့်မှာ ရွန်ဒို ပုံစံ သို့မဟုတ် ဆိုနာတာ ပုံစံ သို့မဟုတ် ထိုပုံစံနှစ်ခုကို ပေါင်းစပ်ထားသော ပုံစံဖြင့် ရှိတတ်သည်။ ဆင်ဖိုနီကို ရေးသားနည်းပေါင်း မြောက်များစွာ ရှိသည်။ သို့သော်လည်း ဖော်ပြထားခဲ့သော ပုံစံမှာ ဆင်ဖိုနီ၏ ဖခင်ကြီးဟု ခေါ်ဆိုကြသော ဂျိုးဆက်ဖ် ဟေဒင် အသုံးပြုသည့် ပုံစံဖြစ်သည်။ ဂီတ ဖန်တီးသူ အများစုမှာ ထိုစဉ်မှ စ၍ သူ အသုံးပြုခဲ့သော ပုံသဏ္ဌန်ကို လိုက်လံ၍ သုံးစွဲခဲ့ကြသည်။

ဆင်ဖိုနီ ဆိုသည့် စကားလုံးမှာ ဂရိဘာသာစကားမှ ဆင်းသက်လာပြီး sym (အတူတကွ) နှင့် phone (အသံ) ကို ပေါင်းစပ်ထားခြင်း ဖြစ်သည်။

သံစုံတီးဝိုင်းကြီးများကို ဆင်ဖိုနီ အော်ခက်စထရာ (symphony orchestra) ဟုခေါ်လေ့ ရှိကြပြီး သံစုံတီးဝိုင်းငယ်များကိုမူ ချိန်ဘာ အော်ခက်စထရာ (chamber orchestra) ဟု ခေါ်ဆိုလေ့ ရှိကြသည်။

ဆင်ဖိုနီ ဂီတကို ရေးစပ်သီကုံးသူများတွင် ဂျိုးဆက်ဖ်ဟေဒင်၊ မိုးဇက်ဗီသိုဗင်၊ ဖရန့်ရှူးဗတ် ၊ ဖဲလစ်မန်ဒယ်ဆောန်၊ ရောဘတ် ရှူးမင်း၊ အင်တွန် ဘရန်ကာ၊ ဂျိုဟန် ဘရမ်၊ ပိုင်အိုတာ ချိုင်ကော့ဗ်စကီး၊ ဂူစတဗ် မာလာ၊ ဂျင်းန် ဆီးဗဲလီးယပ်စ် နှင့် ဒီမီထရိ ရှိုစတာကိုဗစ် တို့ ပါဝင်သည်။