သံစုံတီးဝိုင်းကြီး

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
Dohnanyi အော်ခက်စထရာမှ တီးမှုတ်ဖျော်ဖြေနေစဉ်။ တီးဝိုင်းခေါင်းဆောင်၏ ညာဖက်တွင် ဒုတိယ တယောရှိပြီး ဒယ်ဘယ်ဘေ့စ်များမှာ အနောက်ဖက်တွင် ရှိသည်။

သံစုံတီးဝိုင်းကြီး သို့ အော်ခက်စထရာ ဆိုသည်မှာ ဂီတပညာရှင်များ တူရိယာများကို အတူတကွ တီးမှုတ်သည့် တီးဝိုင်းကြီးကို ခေါ်ခြင်းဖြစ်သည်။ သူတို့သည် ဂန္တဝင်တေးဂီတများကို အစဉ်သဖြင့် တီးမှုတ်လေ့ ရှိကြသည်။ ကြီးမားသော သံစုံတီးဝိုင်းကြီးများကို ဆင်ဖိုနီ အော်ခက်စထရာဟု ခေါ်လေ့ ရှိကြပြီး အရွယ်အစားငယ်သော တီးဝိုင်းကြီးများကိုမူ ချိန်ဘာ အော်ခက်စထရာဟု ခေါ်ဆိုလေ့ ရှိကြသည်။ ဆင်ဖိုနီ အော်ခက်စထရာတွင် တီးမှုတ်သူ ၁၀၀ ခန့် ပါဝင်ပြီး ချိန်ဘာ အော်ခက်စထရာများတွင်မူ တီးမှုတ်သူ ၃၀ မှ ၄၀ ခန့်အထိ ပါဝင်သည်။ တီးမှုတ်သူ အရေအတွက်မှာ သူတို့ မည်သည့် ဂီတ အမျိုးအစားကို တီးမှုတ်သည် ဆိုသော အချက်နှင့် မည်သည့်နေရာတွင် တီးမှုတ်သည် ဆိုသော အချက်ပေါ်တွင် မူတည်သည်။ အော်ခက်စထရာ ဆိုသော စကားလုံး၏ မူရင်းမှာ ဂရိခေတ် ပြဇာတ်ရုံများတွင် ရှိသော ပြဇာတ်ခုံ ရှေ့ရှိ စက်ဝိုင်းခြမ်း ပုံသဏ္ဌန် နေရာကို ခေါ်ဆိုခြင်း ဖြစ်သည်။ ထိုနေရာတွင် အဆိုတော်များနှင့် တူရိယာပညာရှင်များက သီဆိုဖျော်ဖြေလေ့ ရှိကြသည်။ တဖြည်းဖြည်းနှင့် ထိုစကားလုံး၏ အဓိပ္ပာယ်မှာ တူရိယာပညာရှင်များကို ရည်ညွှန်းသည့် စကားလုံး ဖြစ်လာသည်။

တီးဝိုင်းခေါင်းဆောင်[ပြင်​ဆင်​ရန်​]

အော်ခက်စထရာများကို တီးဝိုင်းခေါင်းဆောင် တစ်ယောက်က ဦးဆောင်၍ တီးမှုတ်လေ့ ရှိသည်။ သူသည် အသံအားလုံးကို ကြည်လင်ပြတ်သားစွာ ကြားနိုင်ရေး အတွက် တူရိယာပညာရှင်များကို အတူတကွ တီးမှုတ်နိုင်ရန် ၊ အသံကို မျှတစွာ ထွက်ပေါ်စေရန် နှင့် ခံစားချက် တစ်မျိုးတည်းဖြင့် အတူတကွ တီးမှုတ်နိုင်ရန် ကူညီပေးသည်။ အရွယ်အစား မကြီးသော ချိန်ဘာ အော်ခက်စထရာ အချို့တွင် တီးဝိုင်းခေါင်းဆောင် မပါဘဲ သီဆိုတီးမှုတ်လေ့ ရှိသည်။ ၁၉ ရာစုသို့ ရောက်သော အခါတွင် အော်ခက်စထရာများမှာ အရွယ်အစား ကြီးမားလာသဖြင့် ဆုံးဖြတ်ချက် ချနိုင်ရန်နှင့် အားလုံးသော တီးမှုတ်သူများက လှမ်းမြင်နိုင်မည့် အရှေ့ဖက် မှ ဂီတသင်္ကေတ ပြသနိုင်ရန် တီးဝိုင်းခေါင်းဆောင် လိုအပ်လာသည်။

တူရိယာများ[ပြင်​ဆင်​ရန်​]

အော်ခက်စထရာကို နေရာချပုံ။ အော်ခက်စထရာကို နေရာချပုံ အမျိုးမျိုး ရှိသည်။ အမြဲမကြာခဏ ဆိုသလိုပင် သစ်သားလေမှုတ် တူရိယာများမှာ ပုံတွင် ပြထားသကဲ့သို့ မဟုတ်ပဲ မျဉ်းဖြောင့် အတိုင်း ရှိသည်။ တခြား အပို သစ်သားလေမှုတ် တူရိယာများမှာ အခြားတူရိယာများနှင့် အတူတကွ တွဲဖက်နေလေ့ ရှိသည်။

အော်ခက်စထရာများတွင် တူရိယာများကို ကြိုးတပ် တူရိယာများ၊ သစ်သားလေမှုတ် တူရိယာများ၊ ကြေးလေမှုတ် တူရိယာများ၊ ပတ်ကားရှင်း တူရိယာများ ဟူ၍ အစုအဖွဲ့များ ခွဲခြား ထားသည်။ တူရိယာဆက်ရှင်တိုင်းတွင် ဦးဆောင်ဦးရွက် ပြုသော ခေါင်းဆောင်တစ်ယောက်စီ ရှိသည်။ အကယ်၍ ဆိုလိုဟုခေါ်သော သံစဉ်ကို တီးခတ်မည် ဆိုပါက ဆိုလိုကို တီးခတ်သည့် သူမှာ ဆက်ရှင်၏ ခေါင်းဆောင်ပင် ဖြစ်သည်။ ဆက်ရှင်ခေါင်းဆောင်များသည် တူရိယာ တီးခတ်သူများ မည်သို့မည်ပုံ ထိုင်ကြမည်စသည်နှင့် နည်းပညာပိုင်း အရ မည်သို့ တီးခတ်မည် စသည်တို့ကို ဆုံးဖြတ်ချက် ချကြသည်။ ဥပမာအားဖြင့် ကြိုးတပ်တူရိယာ ဆက်ရှင်၏ ခေါင်းဆောင်သည် တီးခတ်သူများ တီးခတ်သည့် ထိုးတံများကို အပေါ်သို့မဟုတ် အောက်သို့ တညီတညွတ်တည်း ရွေ့လျားစေရန် ကြပ်မတ်ရသည်။ တယောတီးခတ်သူများတွင် ပထမ တယောနှင့် ဒုတိယ တယောဟူ၍ နှစ်ပိုင်း ခွဲထားသည်။ ပထမ တယောများသည် သံစဉ်ကို တီးခတ်ပြီး ဒုတိယ တယောများက နောက်မှ ဖြည့်စွက်သံစဉ်ကို တီးခတ်ကြသည်။ ပထမ တယောအဖွဲ့၏ ခေါင်းဆောင်မှာ တီးဝိုင်း၏ ကွန်းဆက် မာစတာ ဖြစ်ပြီး အော်ခက်စထရာများတွင် ကြေးအများဆုံးရသော တူရိယာပညာရှင် ဖြစ်သည်။

ကြိုးတပ်တူရိယာများ[ပြင်​ဆင်​ရန်​]

ကြိုးတပ်တူရိယာများတွင် တယော၊ ဗွိုင်လာဟုခေါ်သော တယောလတ်၊ ဆယ်လို ဟု ခေါ်သော တယောအကြီး၊ ဒယ်ဘယ်ဘေ့စ်ဟုခေါ်သော အသံနိမ့် တယောကြီး စသည့် တူရိယာ ၄ မျိုးသာ ပါဝင်သော်လည်း အော်ခက်စထရာတွင် အကြီးဆုံး အစိတ်အပိုင်း ဖြစ်သည်။ အဘယ်ကြောင့် ဆိုသော် ထိုတူရိယာများကို အချိန်တိုင်း လိုလိုတွင် တီးခတ်လေ့ ရှိပြီး ဂီတ၏ အခြေခံ တူရိယာ ဖြစ်သောကြောင့်လည်း ပါဝင်သည်။ သူတို့သည် သံစဉ်ကို အဓိက တီးမှုတ် မနေသည့် အချိန်တွင်ပင် လက်ရှိတီးမှုတ်နေသည့် သံစဉ်ကို တွဲဖက် အားဖြည့်ပေးသည့် နေရာမှ ပါဝင်လေ့ ရှိသည်။ ပထမနှင့် ဒုတိယ တယောများမှာ ကွဲပြားခြားနားသော နုတ်စ်သင်္ကေတကို တီးမှုတ်နေလေ့ ရှိကြပြီး ပထမ တယောများမှာ သံစဉ်ကို တီးမှုတ် လေ့ ရှိသည်။ ကြိုးတပ် တူရိယာများမှာ တီးဝိုင်းခေါင်းဆောင်ရှေ့တွင် ယပ်တောင်ပုံစံ ဖြန့်ကျက် နေရာချထားလေ့ ရှိသည်။ ပထမတယောများမှာ တီးဝိုင်းခေါင်းဆောင်၏ ဘယ်ဖက် အဆုံးတွင် ရှိပြီး ထိုမှ ညာဘက်သို့ ဒုတိယ တယောအုပ်စု၊ ဆက်၍ ဗွိုင်လာနှင့် ဆယ်လိုများကို နေရာချထားလေ့ ရှိသည်။ ဒယ်ဘယ်ဘေ့စ်မှာ ဆယ်လို၏ နောက်တွင် နေရာယူလေ့ ရှိသည်။ အချို့သော တီးဝိုင်းခေါင်းဆောင်များမှာမူ ဒုတိယ တယောအုပ်စုကို သူတို့၏ ညာဖက်တွင် ထားရှိရန် ပိုမိုနှစ်သက်တတ်ကြပြီး ဆယ်လိုများကို ပထမတယော အုပ်စုနှင့် ဗွိုင်လာများ ကြားတွင် ထားရှိတတ်ကြသည်။

သစ်သားလေမှုတ် တူရိယာများ[ပြင်​ဆင်​ရန်​]

သစ်သားလေမှုတ် တူရိယာများမှာ ကြိုးတပ်တူရိယာများ၏ နောက်တွင် ရှိတတ်ပြီး တီးဝိုင်း၏ အရွယ်အစားပေါ်တွင် မူတည်၍ တစ်တန်း သို့မဟုတ် နှစ်တန်း ရှိတတ်သည်။ အဓိကအားဖြင့် သစ်သား လေမှုတ် တူရိယာ (၄) မျိုးရှိပြီး ၄င်းတို့မှာ ပုလွေအိုဘိုးကလဲရီးနက် နှင့် ဘတ်စ်ဆွန်း တို့ဖြစ်ကြသည်။ ထိုတူရိယာ တစ်မျိုးစီတွင်ပင် အမျိုးမျိုး ကွဲပြားတတ်သေးသည်။

ပုလွေတွင် အောက်တေ့ဗ် တစ်ခုပိုမြင့်သော ပီကိုလို ဟုခေါ်သည့် ပုလွေ အသေးစား တစ်မျိုးရှိသေးသည်။ သံစုံတီးဝိုင်းကြီးတွင် အသံအမြင့်ဆုံး တူရိယာပင်ဖြစ်သည်။ တစ်ခါတရံတွင် အော်လ်တို ဟုခေါ်သော ပုလွေအရှည်တစ်မျိုး ပါဝင်တတ်ပြီး ၄င်းသည် သာမန်ပုလွေထက် အောက်တေ့ဗ် တစ်ဝက် နိမ့်သည်။ သစ်သားလေမှုတ်တူရိယာ အများစုတွင် အခင် လိုအပ်သော်လည်း ပုလွေတွင် အခင် မရှိပေ။

အိုဘိုးတွင် အင်္ဂလိပ်ဟွန်း သို့မဟုတ် ကော်အားဂလိပ်ဟုခေါ်သော အကြီးစား အိုဘိုးတစ်မျိုး ရှိတတ်ပြီး ၄င်းသည် အိုဘိုးထက် အောက်တေ့ဗ် တစ်ဝက် အသံနိမ့်ပြီး ကွေးနေသော အပိုင်းတွင် အခင် ပါရှိသည်။

ကလဲရီးနက်တွင် ဘေ့စ်ကလဲရီးနက် ဟုခေါ်သော အကြီးစား အမျိုးအစား ရှိပြီး အီးဖလက် ကလဲရီးနက် ဟုခေါ်သော အသေးစား အမျိုးအစားလည်း ရှိသည်။ ပုံမှန်ကလဲရီးနက် ထက်ကြီးပြီး ဘေ့စ်ကလဲရီးနက်ထက်ငယ်သော အီးဖလက် အော်လ်တို ကလဲရီးနက် ဟုခေါ်သော အမျိုးအစားလည်း ရှိတတ်သည်။

ဘတ်စ်ဆွန်းတွင်လည်း ကွန်ထရာ ဘတ်စ်ဆွန်း သို့မဟုတ် ဒယ်ဘယ်လ် ဘတ်စ်ဆွန်းဟု ခေါ်သော အကြီးစား အမျိုးအစား ရှိပြီး ၄င်း၏ အသံမှာ အောက်တေ့ဗ် တစ်ခု ပိုနိမ့်သည်။ ၄င်းသည် သံစုံတီးဝိုင်းကြီးတွင် အသံအနိမ့်ဆုံး တူရိယာပင် ဖြစ်သည်။

ဖွဲ့စည်းပုံ အပြည့်ဖွဲ့စည်းထားသော သံစုံတီးဝိုင်းကြီးများတွင် ထိုတူရိယာ ၄မျိုးမှ ၂ မျိုးအနည်းဆုံး ပါဝင်သည်။ တီးခတ်မည့် ဂီတသံစဉ် အပေါ်တွင် မူတည်၍ ကွဲပြားခြားနားသော တူရိယာများကို အသုံးပြုကြသည်။ ပုံမှန်အားဖြင့် ၁၈၅၀ နောက်ပိုင်းတွင် ရေးစပ်သီကုံးသော ဂီတသံစဉ်များတွင် တူရိယာ အသစ်များကို အသုံးပြုကြသည်။

တစ်ခါတရံတွင် တီးမှုတ်သူ တစ်ယောက်တည်းမှ ထိုသို့သော တူရိယာ အပိုများကို တွဲဖက် တီးမှုတ်ကြသည်။ ဥပမာအားဖြင့် ဂီတသံစဉ် တစ်ခုတည်းတွင်ပင် ပုလွေမှုတ်သူ တစ်ယောက်က ပီကိုလိုလည်း တီးမှုတ်လေ့ ရှိသည်။ သို့သော် ဂီတသံစဉ် အပေါ်တွင်ပင် မူတည်သည်။ သို့သော်လည်း တီးမှုတ်သူ တစ်ယောက်တည်းမှ ပုလွေ နှင့် ပီကိုလိုကို တစ်ပြိုက်နက်တည်း တီးမှုတ်ရန် မဖြစ်နိုင်သည်မှာ အသေအချာပင် ဖြစ်သည်။ ထို့ကြောင့် တူရိယာ နှစ်မျိုးစလုံးကို တပြိုင်နက်တည်း တီးမှုတ်ရန် လိုအပ်ပါက အပိုတီးမှုတ်သူ လိုအပ်မည်ပင် ဖြစ်သည်။

ကြေးလေမှုတ် တူရိယာများ[ပြင်​ဆင်​ရန်​]

ကြေးလေမှုတ်တူရိယာ ဆက်ရှင်တွင် ထရမ်းပက်ထရွမ်းဗုန်းပြင်သစ်ခရာ နှင့် ကျူဗာ ဟူ၍ လေးမျိုးလေးစား ရှိသည်။ အချို့မှာ အရွယ်အစားအမျိုးမျိုး ရှိကြသည်။ ထရမ်းပက်တွင် အနည်းငယ်မျှ ကွဲပြားခြားနားသော အရွယ်အစား အမျိုးမျိုး ရှိသည်။ အသေးဆုံးမှာ ဘေ့စ်ထရမ်းပက် ဖြစ်သည်။ ထရမ်ဗုန်းတွင်လည်း အော်လ်တို၊ တင်န်နာ၊ ဘေ့စ် နှင့် ကွန်ထရာ ဘေ့စ် ထရမ်းဗုန်း ဟူ၍ အမျိုးမျိုး အစားစား ရှိသည်။ အခြားသော ဘေ့စ်တူရိယာများကဲ့သို့ပင် ပြင်သစ်ခရာသည် နှစ်ကာလ ကြာရှည်သည်နှင့် အမျှ ပြောင်းလဲလာခဲ့သည်။ ခေတ်သစ် ပြင်သစ်ခရာတွင် အဖွင့်အပိတ် သုံးခု အနည်းဆုံး ပါရှိပြီး F နုတ်စ်သင်္ကေတတွင် တီးခတ်လေ့ ရှိသည်။ ၄င်းတို့သည် အခြားသော ဘေ့စ်တူရိယာများကဲ့သို့ပင် နေရာ အမျိုးမျိုးတွင် ထိုင်၍ တီးမှုတ်လေ့ ရှိကြသည်။ ကျူဘာတွင် အရွယ်အစား အမျိုးမျိုး ရှိပြီး တီးမှုတ်သူ သို့မဟုတ် တီးဝိုင်းခေါင်းဆောင်က မည်သည့် အရွယ်အစားဖြင့် တီးမှုတ်မည် ဆိုသည်ကို ဆုံးဖြတ်လေ့ ရှိသည်။ အရွယ်အစား ကြီးမားသည့် ကွန်ထရာဘေ့စ် ကျူဘာ ဆိုသည့် တူရိယာလည်း ရှိသည်။ အရွယ်အစား သေးငယ်သော ကျူဘာကို အမြဲတွေ့ရလေ့ ရှိပြီး ၄င်းကို ယူဖိုရီယမ် သို့မဟုတ် ဘယ်ရီတုန်းခရာ ဟု ခေါ်လေ့ ရှိသည်။

ပါကတ်ရှင်း တူရိယာများ[ပြင်​ဆင်​ရန်​]

ပါကတ်ရှင်း ဆက်ရှင်တွင် တူရိယာမျိုးကွဲ အများဆုံး ရှိသော်လည်း သံစုံတီးဝိုင်းကြီးတွင် တီးခတ်သူ အနည်းဆုံး ရှိသော ဆက်ရှင် ဖြစ်သည်။ အကြောင်းမှာ ပါကတ်ရှင်း တီးခတ်သံများမှာ ကျယ်လောင်ပြီး သံစုံတီးဝိုင်းကြီး၏ အခြားနေရာများမှ အလွယ်တကူပင် ကြားနိုင်သောကြောင့် ဖြစ်သည်။ တင်ပါနီ (သို့ ကက်တယ်ဒရမ်)ကို နုတ်သင်္ကေတ တစ်ခုတည်းသို့ အသံ ချိန်ညှိ ထားနိုင်သည်။ ၄င်းသည် အသုံးအများဆုံးသော ပါကတ်ရှင်း တူရိယာပင် ဖြစ်သည်။ ဟေဒင် နှင့် မိုးဇက် အစရှိသော တေးရေးဆရာများသည် တင်ပါနီကို အမြဲသုံးစွဲလေ့ ရှိကပြီး သူတို့၏ သံစုံတီးဝိုင်းငယ် ကလေးများတွင်ပင် ထည့်သွင်း အသုံးပြုကြသည်။ တင်ပါနီသုံးထားသော သံစဉ်များကို ဂီတသံစဉ် အတော်များများတွင် တွေ့ရလေ့ ရှိသည်။

ပါကတ်ရှင်း ဆက်ရှင်တွင် အခြားပါဝင်သော တူရိယာများမှာ အသံညှိရန် လိုအပ်သည့် ပတ္တလား၊ ဒုံမင်း၊ ဗိုင်ဘရာဖုန်း၊ မာရင်ဘာ တို့ ဖြစ်သည်။ အသံညှိရန် မလိုအပ်သော အခြား ပါကတ်ရှင်းတူရိယာများမှာ ဒရမ်အမျိုးအစားတွင် ပါဝင်သော ဘေ့စ်ဒရမ်၊ စနဲလ်ဒရမ် နှင့် ဆိုက်ဒ်ဒရမ် တို့အပြင် တမ်ဘိုရင်း၊ လင်ကွင်းချမ်း၊ ကက်စတာနက်၊ ထရိုင်ရမ်ဂယ်၊ ဝုဒ်ဘလောက်နှင့် ကလေ့ဗ် တို့မှာ အသုံးများသော တူရိယာများ ဖြစ်ကြသည်။ သံစုံတီးဝိုင်း တီးခတ်ရာတွင် ပါကတ်ရှင်း တူရိယာ အမျိုးမျိုး ရှိသော်လည်း တီးခတ်သူမှာ အနည်းငယ်ပင် ရှိသည်။ အဓိက ပါကတ်ရှင်း တီးခတ်သူမှ မည်သူက မည်သည့်ပါကတ်ရှင်း တူရိယာကို တီးခတ်မည် ဆိုသည်ကို ဆုံးဖြတ်ရသည်။ ပါကတ်ရှင်း တီးခတ်သူများအနေဖြင့် သံစုံထွက်ပေါ်နိုင်ရန် အဖွဲ့အနေနှင့် အလုပ်လုပ်ကြရလေ့ရှိသည်။

အော်ခက်စထရာ၏ သမိုင်းကြောင်း[ပြင်​ဆင်​ရန်​]

အော်ခက်စထရာများ မည်သည့်အချိန်က စတင်ခဲ့သည်ကို ပြောရန် ခက်ခဲသည်။ အကြောင်းမှာ တူရိယာများကို အတူတကွ တီးခတ်ခဲ့သည်မှာ ရာစုနှစ်ပေါင်းများစွာ ကြာပြီဖြစ်သောကြောင့်ပင် ဖြစ်သည်။ အကယ်၍ အော်ခက်စထရာ ဆိုသည်မှာ ကြိုးတပ်တူရိယာများကို တီးမှုတ်နေသော ပညာရှင်တစ်စုတို့ သံစဉ်တစ်ခုကို အတူတကွ တီးမှုတ်ကြပြီး လေမှုတ် တူရိယာ အချို့လည်း ပါရှိကာ ပါကတ်ရှင်းတို့လည်း တီးခတ်နေကြသည်ဟု အဓိပ္ပာယ်ဖွင့်ဆိုမည် ဆိုပါက ၁၇ ရာစုသည် အော်ခက်စထရာ စတင်သော အချိန်ဟု ပြောနိုင်ပေ လိမ့်မည်။ ၁၆၂၆ ခုနှစ် ပါရီမြို့ တွင် လူဝီ ၁၃ ဘုရင်၏ တယော ၂၄ လက်ပါသော အော်ခက်စထရာ ရှိနေပြီ ဖြစ်သည်။ ထိုရာစုနှစ် နှောင်းပိုင်းတွင် အင်္ဂလိပ် ချားလ်စ် ၂ ဘုရင်ကလည်း ပြင်သစ်ဘုရင် ကို သဘောကျသဖြင့် ကိုယ်ပိုင် ကြိုးတပ် တူရိယာ အော်ခက်စထရာ တစ်ခုကို တည်ထောင်ခဲ့သည်။ တဖြည်းဖြည်းချင်းဖြင့် အခြား တူရိယာများကို ထည့်သွင်းလာခဲ့သည်။ ထိုအချိန်က ဟာပ်စီကော့ဒ် ဟုခေါ်သည့် တဆက်တည်း အစိတ်အပိုင်းကို ပင်တိုင်တီးမှုတ်သူ တစ်ဦးရှိပြီး တစ်ခါတစ်ရံတွင် သီချင်းရေးဆရာ ကိုယ်တိုင်ပင် ဖြစ်တတ်ကာ သူကိုယ်တိုင်က အရေးကြီးသည့် အစိတ်အပိုင်းဖြစ်သည့် သံစဉ်၏ အစပိုင်းနှင့် အဆုံးပိုင်းတို့တွင် ကီးဘုတ်နေရာမှ ဦးဆောင်၍ ညွှန်ပြပေးတတ်သည်။

၁၈ ရာစုနှောင်းပိုင်းတွင် ကလဲရီးနက်သည် အော်ခက်စထရာတွင် ပါဝင်လာခဲ့ပြီး ထရမ်ဗုန်း များမှာ ၁၉ရာစု အစပိုင်းတွင် ပါဝင်လာခဲ့သည်။

ယနေ့ အော်ခက်စထရာများ[ပြင်​ဆင်​ရန်​]