စောမွန်လှ

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
Wikiletterk.png ဆောင်းပါးအတိုအား ပိုမိုပြီးပြည့်စုံစေရန် ဆက်လက်ရေးသား ဖြည့်စွက်နိုင်ပါသည်။ သင်က ထပ်မံဖြည့်စွက် ရေးသားပြီး ဝီကီပီးဒီးယားကို ကူညီပေးပါ။ ကျေးဇူးတင်ပါသည်။

စောမွန်လှသည် မောမင်းကြီးစောနောင်၏နှမတော်ဖြစ်ပြီး အနော်ရထားမင်းနန်ချောင်နိုင်ငံမြို့တော်တာလီမှအပြန်တွင် အစ်ကိုဖြစ်သူက နှမတော်အား အနော်ရထာမင်းထံဆက်သခဲ့သည်။ မောနယ်သည်ယခင်က နန်ချောင်သြဇာသက်ရောက်သောနယ်မြေဖြစ်သော်လည်း အနော်ရထာလက်ထက်တွင်ပုဂံနိုင်ငံတော်၏သြဇာသက်ရောက်ခဲ့သည်။ အနော်ရထာမင်းကြီးသည်စောမွန်လှကိုချစ်မြတ်နိုးအရေးပေးခဲ့သည်။ စောမွန်လှသည် မြတ်စွာဘုရားဓာတ်တော်များကို နားတောင်းကွင်း၍ဝတ်ဆင်ပူဇော်ထားရာ ညအချိန်တွင် ဓာတ်တော်များကွန့်မြူးသည်ကို စောမွန်လှအပေါ်မနာလိုသောမိဖုရားအချို့က စောမွန်လှသည်စုန်းတောက်စားသည်ဟု ဘုရင်ထံကုန်းချောခဲ့ကြသည်။ သို့ဖြင့် စောမွန်လှသည်အနော်ရထာမင်းနှင့်မသင့်မတင့်ဖြစ်လာပြီး မောပြည်မောပြည်နေပြည်တော်ဖြစ်သည့် စယ်လန့်သို့ပြန်လာသည်။ လမ်းတွင် ဒုဌဝတီမြစ်ကူးချိန်တွင် နားတောင်းကျရာ၌ ဘုရားတည်ပြီး မုခ်ပေါက်ဝကိုရှမ်းပြည်ဖက်လှည့်ထားသည်။ အနော်ရထာမင်းကြီးကြားသိချိန်တွင်အထောက်တော်များအားစေလွှတ်ပြီးမုခ်ပေါက်ရှမ်းပြည်ဖက်လှည့်ထားပါက စောမွန်လှအားသတ်ရန်၊ ဗမာပြည်ဖက်လှည့်ထားပါက မသတ်ရန်စေလွှတ်လိုက်သည်။ ယင်းသတင်းကိုစောမွန်လှကြားသော သစ္စာပြုပြီး မုခ်ပေါက်ကို ဗမာပြည်ဖက်လှည့်စေန်အဓိဌာန်ပြုလိုက်သည်။ သို့ဖြင့်မုခ်ပေါက် ဗမာပြည်ဖက်ရောက်သွားသည်ဟုပါးစပ်စကားဆိုကြသည်။ အဆိုပါဘုရားကို ရွှေစာရံစေတီဟုခေါ်ပြီးမန္တလေးမြို့ပြင်အရှေ့ဖက်တွင်တည်ရှိသည်။ ဘုရားပွဲတော်ကိုစည်ကားသိုက်မြိုက်စွာကျင်းပကြသည်ဟုသိရသည်။