စော်ဘွား

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
၁၉၀၃ က ဒေလီရောက် ရှမ်းစော်ဘွား နှစ်ယောက်

စော်ဘွား ဟူသည့်အသုံးအနှုံးသည် ရှမ်းလူမျိုးနှင့် ကယားလူမျိုးများက ၄င်းတို့၏အကြီးအကဲအား ခေါ်ဝေါ်သည့် အသုံးအနှုံးဖြစ်သည်။ ရှမ်းစကား စောက်ဖ မှဆင်းသက်လာသည်။ အရှင်သခင်ဟူ၍အဓိပ္ပာယ်ရ သည်။ ပုဂံခေတ်နောက်ပိုင်းတွင် ရှမ်းနယ်များပေါ်ထွန်းလာရာတွင် ၎င်းနယ်များသည် ဘုရင်တစ်ပါးတည်း၏နိုင်ငံအဖြစ်သို့မရောက်နိုင်ဘဲ အကွဲကွဲအပြားပြားဖြစ်ရာ နယ်ရှင်များကိုစော်ဘွားဟုခေါ်ကြသည်။ မိုးကောင်းစော်ဘွား၊ မိုးညှင်းစော်ဘွား၊ သိန္နီစော်ဘွား၊ ကျိုင်းတုံစော်ဘွားစသဖြင့် မြန်မာ့သမိုင်းတွင် နေရာအတော်များများ၌တွေ့ရသည်။ နောက်ပိုင်းတွင်မြန်မာစကားအဖြစ်မွေးစားလိုက်ပြီး တိုင်းပြည်ငယ်များ၏ဘုရင်များကို စော်ဘွားဟုသုံးကြသည်။ ဥပမာအားဖြင့် အာရပ်စော်ဘွားများ၊ ဘရူနိုင်းစော်ဘွား၊ အာသံစော်ဘွား၊ မဏိပူရစော်ဘွား၊ အိန္ဒိယမဟာရာဇာစော်ဘွားများ စသည်ဖြင့်သုံးနှုန်းကြသည်။