စိတ်ချရသော လိင်ဆက်ဆံမှု

ဝီကီပီးဒီးယား မှ

စိတ်ချရသော လိင်ဆက်ဆံမှု ဟူသည်မှာ ကိုယ်ဝန်ရရှိခြင်း နှင့် HIV/AIDS (အိတ်ချ်အိုင်ဗွီအေအိုင်ဒီအက်စ်) တို့ကဲ့ သို့သော လိင်ဆက်ဆံခြင်းမှ ကူးစက်တတ်သောရောဂါများ (STIs) ကို ကာကွယ်ရန် အကာအကွယ်တို့ပြုလုပ်၍ ဆောင်ရွက်သော လိင်ဆက်ဆံမှုဟု အဓိပ္ပာယ်ရသည်။ ယင်းကို ပိုမိုစိတ်ချရသောလိင်ဆက်ဆံခြင်း၊ သို့မဟုတ် အကာအကွယ်ပြု လိင်ဆက်ဆံခြင်း ဟုလည်း ရည်ညွှန်းသည်။ စိတ်မချရသောလိင်ဆက်ဆံခြင်း သို့မဟုတ် အကာအကွယ်မဲ့ လိင်ဆက်ဆံမှုပြုခြင်း ဟူသည် လိင်ဆက်ဆံမှုမှ ကူးစက်သောရောဂါများကို ကာကွယ်ရန် မည်သည့် အကာအကွယ်မှ မသုံးခြင်းဖြစ်သည်။ အချို့ရင်းမြစ်များတွင် ပိုမိုစိတ်ချလုံခြုံသော လိင်ဆက်ဆံမှု ဟူသည့် အခေါ်အ ဝေါ်ကို ပိုမိုအသုံးပြုကြသည်။ ယင်းမှာ ထိုကာကွယ်မှုများမှ ရောဂါကူးစက်မှုကိုလျော့ချပေးသည်ဟူသော အချက်ကို ပိုမိုတိကျစွာ ရောင်ပြန်ဟပ်ပြနိုင်ရန်အတွက်ဖြစ်သည်။ ရောဂါကူးစက်မှုများ လျော့ချနိုင်သော်လည်း ရောဂါကူးစက် ပြန့်ပွားမှု အန္တရာယ်ကို အရှင်းပျောက်ကင်းစေနိုင်သည် မဟုတ်ပေ။

၁၉၈၀ နောက်ပိုင်းတွင် အေအိုင်ဒီအက်စ် ကူးစက်ပျံ့နှံ့မှုအကျိုးဆက်ကြောင့် စိတ်ချရသော လိင်ဆက်ဆံမှု အလေ့ အကျင့် တို့မှာ ပိုမို ထင်ရှားလာသည်။ လုံခြုံစိတ်ချရသော ကာမဆက်ဆံမှု ကို တိုးပွားစေခြင်းသည် လိင်မှုဆိုင်ရာ ပညာပေးခြင်း ၏ရည်ရွယ်ချက်များထဲမှ တစ်ခုဖြစ်သည်။ လူမှုဝန်းကျင်ရှုထောင့်မှကြည့်လျှင် လုံခြုံစိတ်ချရသော လိင် ဆက်ဆံမှုအား အန္တရာယ်လျော့ချရေးကို ဦးတည်သည့် ထိခိုက်နစ်နာမှုလျော့ချခြင်း နည်းဗျူဟာအဖြစ် သတ်မှတ် နိုင်သည်။ စိတ်ချရသော လိင်ဆက်ဆံမှုကြောင့် အန္တရာယ်လျော့ချနိုင်ခြင်းမှာ အကြွင်းမဲ့မဟုတ်ချေ။ ဥပမာ- အိတ်ချ်အိုင်ဗွီပိုး သွေးထဲတွင်ရှိနေသူထံမှ ကွန်ဒုံးသုံးစွဲခြင်းမရှိသည့်အခါ သက်ဆိုင်ရာတွဲဖော်သို့ အိတ်ချ်အိုင်ဗွီပိုး ကူးစက်ခံရခြေမှာ ကွန်ဒုံး သုံးစွဲသည့်အခါနှင့် ယှဉ်လျှင် အန္တရာယ်ကို လျော့ချနိုင်မှုမှာ လေးဆမှ ငါးဆခန့် အထိရှိသည်။ အချို့သော လုံခြုံစိတ်ချရသော လိင်ဆက်ဆံမှု အပြုအမူများသည် သန္ဓေတားဆီးမှုအဖြစ် အသုံးပြုနိုင်သော်လည်း သန္ဓေတားမှုပုံစံ အများစုတို့မှာ လိင်ဆက်ဆံမှုမှတဆင့်ကူးစက်သည့် မည်သည့်ရောဂါများကိုမှ ကာကွယ်နိုင်ခြင်း မရှိချေ။ ထိုနည်းတူစွာ တွဲဖော်ရွေးချယ်ခြင်း နှင့် အန္တရာယ်နည်းစေသော ကာမဆက်ဆံခြင်းအပြုအမူ ကဲ့သို့ လုံခြုံ စိတ်ချသော လိင်ဆက်ဆံမှု အပြုအမူ အချို့တို့သည် သန္ဓေတားဆီးမှုအတွက် ထိရောက်သော ပုံစံမျိုးများ မဟုတ်ချေ။

စိတ်ချရသော လိင်ဆက်ဆံမှု အကာအကွယ်များ[ပြင်ဆင်ရန်]

ကိုယ်ခန္ဓာခြင်း ထိတွေ့မှုကို ရှောင်ကျဉ်ခြင်း[ပြင်ဆင်ရန်]

ကိုယ်ကိုယ်တိုင်ဖြင့် လိင်ကိစ္စပြုမူခြင်း၊ ဟူသော တကိုယ်ရည် လိင်ဆိုင်ရာလုပ်ဆောင်မှုပြုခြင်းသည် နှိုင်းယှဉ်ပြောရလျှင် စိတ်ချရသည်။ မိမိ၏ ကာမအင်္ဂါကို လှုံ့ဆော်ခြင်းအပြုအမူ ဖြစ်သော တကိုယ်ရည် ကာမအရာ ပြီးမြောက်စေ ခြင်း သည်လည်း ကိုယ်ခန္ဓာခြင်း ထိတွေ့မှု ပြုလုပ်ခြင်းမရှိသည့်အားလျော်စွာ တပါးသူ၏ ခန္ဓာကိုယ်မှထွက်သော အရည်တို့နှင့် ထိတွေ့ခြင်းမရှိသဖြင့် စိတ်ချရမှုရှိသည်။ အခြားသော အပြုအမူများဖြစ်သည့် "ဖုန်းပြော၍ ကာမမှုပြုခြင်း" နှင့် "အင်တာနက်မှတဆင့် ကာမမှုပြုခြင်း" တို့သည် တွဲဖက်တို့အား ကာမဆက်ဆံမှုအပြုအမူတို့တွင် အခန်း တစ်ခုတည်းတွင် အတူတူရှိစရာမလိုဘဲ၊ ခန္ဓာကိုယ်မှ အရည်များ အလဲအလှယ်ပြုခြင်းဖြင့် ရနိုင်သည့် အန္တရာယ်များကိုလည်း ပယ်ဖျက်ရာရောက်သည်။

ထိုးသွင်းမှု မပါဝင်သော လိင်ဆက်ဆံခြင်း[ပြင်ဆင်ရန်]

အကျယ်တဝင့် ဖော်ပြထားသောဆောင်းပါး - မထိုးသွင်းသော လိင်ဆက်ဆံခြင်း

လိင်ဆက်ဆံမှု အပြုအမူတစ်မျိုးဖြစ်သည့် တခါတရံတွင် "ထိုးသွင်းခြင်းမပါသော လိင်ဆက်ဆံခြင်း"ဟု လည်းခေါ်ပြီး ၎င်းကို ရောဂါ အန္တရာယ်နှင့် ကိုယ်ဝန်ရရှိမှုတို့ကို သိသာထင်ရှားစွာ လျော့ကျသောကြောင့် အသုံးပြုကြသည်။ အမေရိကန် ပြည်ထောင်စု သမ္မတ Bill Clinton (ဘီလ် ကလင်တန်) ၏ အထွေထွေခွဲစိပ်ကု ဆရာဝန် Dr. Joycelyn Elders (ဒေါက်တာ ဂျွိုင်းစီလင်း အယ်(လ်)ဒါး) မှ ထိုနည်းလမ်းများကို လူငယ်များအကြား သုံးစွဲမှုပြုရန် အားပေးမှုပြု ကြိုးစားခဲ့သော်လည်း သူမအား အိမ်ဖြူတော်ကိုယ်တိုင် အပါအဝင် ထွက်ပေါက်မျိုးစုံမှ ကန့်ကွက်မှုကိုကြုံခဲ့ရပြီး ၁၉၉၄ ဒီဇင်ဘာတွင် သူမအား သမ္မတ ကလင်တန်မှ အလုပ်ထုတ်ခဲ့သည်အထိ အကျိုးဆက်ဖြစ်ပွားခဲ့သည်။

ထိုးသွင်းခြင်းမပါဝင်သော ကာမဆက်ဆံခြင်းတွင် နမ်းရှုံ့ခြင်း၊ အပြန်အလှန် လှုံ့ဆော်မှုပြု၍ လိင်ပြီးမြောက်စေခြင်း၊ ပွတ်တိုက်ခြင်း သို့မဟုတ် ပွတ်သပ်ခြင်း တို့ပါဝင်ပြီး အနောက်ပိုင်းဩစတြေးလျ ကျန်းမာရေးဌာန အဆိုအရ ထိုသို့သော လိင်ဆက်ဆံမှုအလေ့အထမှာ ကိုယ်ဝန်ရရှိခြင်း နှင့် လိင်ဆက်ဆံမှုမှ ကူးစက်သောရောဂါအများစုကို ကာကွယ်မှု ပြုနိုင်သည်ဟုဆိုသည်။ သို့သော် ထိုးသွင်းခြင်းမပါဝင်သော ကာမဆက်ဆံမှုသည် အရေပြားခြင်း ထိတွေ့မှုမှ ကူးစက်သည့် ရေယုံ နှင့် လိင်အင်္ဂါတွင်ဖြစ်သောကြွက်နို့ တို့မှ ကာကွယ်ခြင်းမပြုနိုင်ပါ။

အတားအဆီးသုံး၍ ကာကွယ်ခြင်း[ပြင်ဆင်ရန်]

ကာမဆက်ဆံမှုပြုနေစဉ်အတွင်း သွေးမိန်းမကိုယ်မှထွက်သော အရည်၊ သုတ်ရည် သို့မဟုတ် အခြားသော ရောဂါပိုး ကူးစက်နိုင်စေသည့် (ဥပမာ အရေပြားဆံပင် နှင့် မျှသုံးသောပစ္စည်းများ) တို့နှင့် ထိတွေ့မှုကို ရှောင်နိုင်ရန် ကာကွယ်မှုပစ္စည်းမျိုးစုံ တို့ကို အသုံးပြုနိုင်သည်။ ထိုပစ္စည်းများကို အသုံးပြု၍ ကာမဆက်ဆံမှုပြုလုပ်ခြင်းကို အကာအကွယ်ပြု လိင်ဆက်ဆံခြင်း ဟုခေါ်သည်။

  • လိင်ဆက်ဆံမှုပြုနေစဉ်တွင်း အမျိုးသားလိင်အင်္ဂါကို ကွန်ဒုံး မှ ကာကွယ်ထားသည်။ ယင်းတို့မှာ များသောအားဖြင့် ရာဘာအပျော့ နှင့် ပြုလုပ်ထားလေ့ရှိပြီး polyurethane (ပိုလီယူရီသိန်း) အပါအဝင်အခြား အတုပြုလုပ်ထားသော ပစ္စည်းများဖြင့်လည်း ပြုလုပ်လေ့ရှိသည်။
  • အမျိုးသမီးသုံးကွန်ဒုံးများအား မိန်းမအင်္ဂါ တွင်းသို့ လိင်ဆက်ဆံခြင်းမပြုမီတွင် ထည့်သွင်းရသည်။
  • အံကပ်အကာအကွယ် (သွားဖက်ဆိုင်ရာတွင် မူလအသုံးပြုသည်) သည် ပါးစပ်ဖြင့် လိင်ဆက်ဆံမှုပြုခြင်းတွင် ကာကွယ်ရန်အတွက် ရာဘာအပျော့အချပ်ပြား ဖြစ်သည်။ ယင်းအား အဓိကအားဖြင့် ပါးစပ်နှင့် မိန်းမ အင်္ဂါအဝ ကြား မိန်းမအင်္ဂါကို စုပ်ပေး၊ လျက်ပေးခြင်း ပြုစဉ်တွင် သို့မဟုတ် ပါးစပ်နှင့် စအိုအကြား စအိုနှင့် ပါးစပ်ခြင်းပြုသည့် လိင်ဆက်ဆံခြင်း ပြုစဉ်တွင် အကာအကွယ်အဖြစ် အသုံးပြုသည်။
  • ဆေးဘက်ဆိုင်ရာသုံးလက်အိတ်များ သည် ရာဘာအပျော့၊ ဗီနိုင်း ၊ nitrile (နီတရိုင်းလ်) သို့မဟုတ် polyurethane (ပိုလီယူရီသိန်း) တို့နှင့် ပြုလုပ်ထားပြီး ပါးစပ်ဖြင့် လိင်ဆက်ဆံခြင်းပြုစဉ်တွင် အံကပ်အကာ အကွယ်အဖြစ်လည်းကောင်း သို့မဟုတ် တကိုယ်ရည်ကာမဆက်ဆံခြင်း ကဲ့သို့သော ကာမဆက်ဆံမှု ဆိုင်ရာ လှုံ့ဆော်ခြင်းပြုစဉ်တွင် လက်များကို ကာကွယ်ရန် အတွက်လည်းကောင်း မရှိသုံးအဖြစ် သုံးနိုင်သည်။ လက်များတွင် မမြင်နိုင်သော ထိခိုက်ရှနာများ ရှိနိုင်ပြီး ၎င်းတို့သည် အခြား ခန္ဓာကိုယ်အစိတ်အပိုင်း သို့မဟုတ် ဆက်ဆံဖော်အား ပိုးမွှားဖြင့် ညစ်ညမ်းစေခြင်း သို့မဟုတ် ရောဂါဖြစ်စေသော ပစ္စည်းများကို ခွင့်ပြုခြင်းတို့ကို ဖြစ်စေနိုင်သည်။
  • ရောဂါပိုးမွှားကူးစက်ပျံ့နှံ့ခြင်းမှ ကာကွယ်နိုင်ရန် အခြားသောနည်းမှာ အကာအကွယ်ဖြင့် သို့မဟုတ် သေချာကျနစွာ သန့်ရှင်းထားသည့် အမျိုးသားအင်္ဂါအတု နှင့် အခြားသော ကာမမှုပြည့်ရန်သုံးသည့်အရုပ်များကို သုံးခြင်း ဖြစ်သည်။ အကယ်၍ ကာမမှုပြည့်ရန်သုံးသည့်အရုပ်တစ်ခုကို အပေါက်ဝတစ်ခုထက်ပို၍ သို့မဟုတ် ဆက်ဆံဖော် တစ်ဦးထက်ပိုသုံးမည်ဆိုလျှင် ကွန်ဒုံးကို ယင်းအပေါ်တွင်ခံသုံးပြီး အရုပ်ကိုဖယ်ထုတ်သည်နှင့် လဲလှယ်ရမည်။

ကွန်ဒုံးသုံးမှု[ပြင်ဆင်ရန်]

ရာဘာအပျော့ အကာအကွယ်တို့ကို သုံးသည့်အခါ အဆီကိုအခြေခံသော ချောဆီ တို့သည် ရာဘာပျော့၏ ပုံသဏ္ဌာန်ကို ပျက်စီးစေပြီး ယင်းမှပေးသော အကာအကွယ်ကို ပျက်စေသည်။ ကွန်ဒုံး (အမျိုးသား သို့မဟုတ် အမျိုးသမီးသုံး) များကို လိင်ဆက်ဆံမှုမှတဆင့် ကူးစက်တတ်သော ရောဂါများမှ ကာကွယ်ရန် သုံးပြီး သန္ဓေတားဆီးမှု အကျိုးသက်ရောက်မှုတိုးတက်စေရန် အခြားသော သန္ဓေတားဆီးသည့် ပုံစံများနှင့်လည်း တွဲသုံးသည်။ ဥပမာ - အမျိုးသားသုံးကွန်ဒုံး နှင့် သုတ်ရည်သတ်သည့်ဆေး (သီးခြားစီထည့်ရန်၊ ချောဆီအဖြစ် ကြိုထည့်ရန်မဟုတ်) တို့ကို တပြိုင်နက်သုံးခြင်း သည် ထိုသို့ထည့်သွင်းသုံးစွဲသူများ အကြားတွင် ကိုယ်ဝန်ရရှိနိုင်မှုနှုန်းကို လျော့ချရန် လုံးဝကောင်းသောသုံးစွဲမှု အဖြစ် ယုံကြည်ကြသည်။ သို့သော်လည်း ကွန်ဒုံး နှစ်မျိုးလုံးကို တပြိုင်နက် အသုံးပြုလျှင် (အမျိုးသားကွန်ဒုံးအား အမျိုးသမီးကွန်ဒုံးအထက်တွင်ထား၍ သို့မဟုတ် အမျိုးသားကွန်ဒုံးအား အမျိုးသမီးကွန်ဒုံးအတွင်းတွင်ထည့်၍) ကွန်ဒုံးသုံးမှု မအောင်မြင်နိုင်သည့်အခွင့်အရေး ကိုတိုးစေ နိုင်သည်။

ကွန်ဒုံးကဲ့သို့သော အကာအကွယ်များကို စနစ်တကျသုံးခြင်းသည် အကာအကွယ်၏မျက်နှာပြင် သန့်ရှင်းမှု ပေါ်တွင်မူတည်သည်။ ဂရုစိုက်ခြင်းမရှိဘဲ ကိုင်တွယ်ခြင်းဖြင့် ရောဂါပိုးတို့ကို အကာအကွယ်၏မျက်နှာပြင်များ တစ်ခုမှ တစ်ခုစီသို့ ရောက်ရှိစေနိုင်သည်။ ရာဘာပျော့ ကွန်ဒုံး၏ အသုံးပြုစဉ်တွင် လုပ်ဆောင်နိုင်စွမ်းကို လေ့လာမှုများမှ ပြဲထွက်ခြင်း နှင့် ချော်ထွက်ခြင်း နှုန်းမှာ ၁.၄၆% မှ ၁၈.၆၀% ရှိကြောင်း ထုတ်ပြန်ခဲ့သည်။ ခန္ဓာကိုယ်မှထွက်သောအရည် တို့ အလဲအလှယ်ပြုလုပ်ခြင်း မတိုင်ခင်တွင် ကွန်ဒုံးများကို ဝတ်ဆင်ရမည်ဖြစ်ပြီး၊ ပါးစပ်ဖြင့်ကာမဆက်ဆံမှု ပြုစဉ်တွင်လည်း အသုံးပြုရမည် ဖြစ်သည်။

အခြားသော အကာအကွယ်ယူခြင်းများ[ပြင်ဆင်ရန်]

အခြားသောသူတစ်ယောက်နှင့် လုံးဝဥဿုံ အန္တရာယ်ကင်းသော လိင်ဆက်ဆံမှုကို ရရှိနိုင်ရန်မှာ မဖြစ်နိုင်ကြောင်း လက်ခံထားသဖြင့် စိတ်ချလုံခြုံသောကာမဆက်ဆံခြင်းကို ထောက်ခံသူတို့မှ အောက်ပါအချို့သောနည်းလမ်းများမှာလည်း လိင်ဆက်ဆံခြင်းမှတဆင့် ကူးစက်တတ်သောရောဂါများ ပြန့်ပွားကူးစက်ခြင်း နှင့် မလိုချင်ဘဲ ကိုယ်ဝန်ဆောင်ရခြင်းတို့ အန္တရာယ်ကို လျော့ချရန် အသုံးပြုနိုင်ကြောင်း အကြံပြုထားသည်။

  • လိင်ဆက်ဆံခြင်းမှတဆင့် ကူးစက်နိုင်သည့် ဗိုင်းရပ်စ်ရောဂါပိုးများအား ကာကွယ်ရန် ကာကွယ်ဆေးထိုးခြင်း။ ထိုးလေ့ရှိသော ကာကွယ်ဆေးမှာ ကြွက်နို့ရောဂါကာကွယ်ဆေး ဖြစ်ပြီး ယင်းသည် သားအိမ်ခေါင်းကင်ဆာ ကို ဖြစ်တတ်သော ဗိုင်းရပ်စ်များအနက်မှ အဖြစ်အများဆုံး human papillomavirus (ကြွက်နို့ ဗိုင်းရပ်စ်) ကို ကာကွယ်သည်။ နောက်တစ်မျိုးမှာ အသည်းရောင်အသားဝါဘီရောဂါပိုးကာကွယ်ဆေး ဖြစ်သည်။ လိင်မှုရေးရာများ စတင်ခြင်း မရှိသေးစဉ်တွင် ကာကွယ်ဆေးထိုးခြင်းသည် အကျိုးသက်ရောက်မှု တိုးပွားစေသည်။
  • အမျိုးသားတို့တွင် တန်ဆာထိပ်အရေပြားဖြတ်ခြင်း နှင့် အိတ်ချ်အိုင်ဗွီ - ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (WHO) မှအချို့သော လတ်တလောသုတေသနများနှင့် အကြံပြုချက်များမှ အကြံပြုထားသည်မှာ အချို့နိုင်ငံများ တွင် အမျိုးသားများတွင် တန်ဆာ၏ထိပ်အရေပြားကို ဖြတ်ထားခြင်းသည် အိတ်ချ်အိုင်ဗွီရောဂါ ပြန့်ပွားမှုကို ကာကွယ်ရာတွင် အထောက်အကူပြုနိုင်သည် ဟူ၏။ အမျိုးသားများ တန်ဆာထိပ်အရေပြားဖြတ်ခြင်း သည် WHO (ဒဗယ်လျူအိတ်ချ်အို) မှ အမျိုးသမီးများထံမှ အမျိုးသားများထံသို့ HIV (အိတ်ချ်အိုင်ဗွီ) ကူးစက်ပြန့်ပွားခြင်းကို ကာ ကွယ်သည့် နည်းလမ်းတစ်ခု အဖြစ် အသိအမှတ်ပြုထားသည်။
  • ကျူးဘားနိုင်ငံတွင် ညစ်ညမ်းရုပ်ရှင်ရိုက်ကူးသော သရုပ်ဆောင်များအကြား အခါအားလျော်စွာ လိင်ဆက်ဆံခြင်းမှတဆင့် ကူးစက်တတ်သောရောဂါများအား စစ်ဆေးခြင်းသည်လည်း ကာမဆက်ဆံခြင်းမှ ကူးစက်သော ရောဂါများ လျော့ချရန်တွင် အသုံးပြုသည်။ ကျူးဘားနိုင်ငံသည် အေအိုင်ဒီအက်စ် ကူးစက်ပျံ့နှံ့မှုတွင် မဖြစ်မနေ ဆေးစစ်ခြင်း နှင့် စောစီးစွာဖယ်ထုတ်ခြင်းဟူသော အစီအစဉ်ကို အကောင်အထည်ဖော်ခဲ့သည်။
  • တလင်တမယားစနစ် သို့မဟုတ် ပုံသေလူများနှင့်သာအမြဲဆက်ဆံခြင်းကို သစ္စာရှိစွာကျင့်သုံးခြင်းသည် အဖော်တွဲသူအားလုံးတို့မှာ ရောဂါရှိသူများမဟုတ်လျှင် အလွန် လုံခြုံစိတ်ချရသည် (လိင်ဆက်ဆံမှုမှ ကူးစက်တတ်သော ရောဂါများနှင့် ပတ်သက်သမျှအတွက်ဖြစ်သည်)။ သို့သော်လည်း တစ်လင်တစ်မယားစနစ်ကျင့် သုံးသော သူများစွာမှာလည်း လိင်မှုရေးရာစောင့်ထိန်းမှုမရှိသော၊ မူးယစ်ဆေးကိုအကြောထဲထိုးသွင်းသော သို့မဟုတ် ယခင်တုန်းက ဆက်ဆံခဲ့သူထံမှကူးစက်ထားသော အဖော်တို့ကြောင့် လိင်ဆက်ဆံခြင်း မှတဆင့် ကူးစက်တတ်သောရောဂါများ ကူးစက်ခြင်းကို ခံနေရသည်။ ထိုကဲ့သို့ပင် အန္တရာယ်သည် ပုံသေလူများနှင့်သာ အမြဲဆက်ဆံသည့် သူတို့တွင်လည်း ထိုပုံသေလူအရေအတွက်အုပ်စုတွင်း လူဦးရေများလာသည်နှင့် လိုက်၍ ပိုမိုကြီးမားသော အန္တရာယ်ကို ရင်ဆိုင်နေရသည်။
  • တစ်လင်တစ်မယားစနစ်ကို မကျင့်သုံးသူများအတွက် တစ်ဦး၏ ဆက်ဆံသူအဖော်များ အရေအတွက်ကို လျော့ချခြင်း၊ အထူးသဖြင့် ခြေမြစ်စွာမသိသော လိင်ဆက်ဆံသူအဖော်များ ကိုလျော့ချခြင်းသည် တစ်ဦး၏ လိင် ဆက်ဆံခြင်းမှတဆင့် ကူးစက်သောရောဂါများနှင့် ထိတွေ့နိုင်မှု အလားအလာကို လျော့ချနိုင်လိမ့်မည် ဖြစ်သည်။ ထိုနည်းတူစွာ တစ်စုံတစ်ဦး၏ ကာမဆက်ဆံဖော် စာရင်းကို ယုံကြည်ရသူများဖြင့်ဖွဲ့ထားသော လူမှုအဖွဲ့အစည်းသို့ ကန့်သတ်ပေးထားနိုင်သည်။ ယင်းမှာ အချို့သော ညစ်ညမ်းရုပ်ရှင်သရုပ်ဆောင်များ နှင့် အခြားသော တလင်တမယားစနစ် မကျင့်သုံးသည့်ပုဂ္ဂိုလ်တို့ ပြုလေ့ရှိကြသည့် နည်းလမ်းဖြစ်သည်။
  • ကာမဆက်ဆံမှုပြုရန် အဖော်ကိုရွေးချယ်သောအခါ အချို့သော ဝိသေသလက္ခဏာများသည် လိင်ဆက်ဆံမှု ပြုရာမှ ကူးစက်တတ်သော ရောဂါများ ကူးစက်ရရှိရန် အန္တရာယ် များစေနိုင်သည်။ ယင်းတို့တွင် အသက်အရွယ် ငါးနှစ်မက ကွာခြားခြင်း၊ ပြီးခဲ့သည့်နှစ်အတွင်း လိင်ဆက်ဆံမှုမှတဆင့် ကူးစက်သည့်ရောဂါတစ်ခု ရထားခြင်း၊ အရက်သေစာနှင့် ပတ်သက်သော ပြဿနာများရှိခြင်း၊ ပြီးခဲ့သည့်တစ်နှစ်အတွင်း အခြားသော သူများနှင့် လိင်ဆက်ဆံမှုများ ပြုခဲ့ခြင်းတို့ ပါဝင်သည်။
  • တစ်ဦးဦး၏ လိင်ဆက်ဆံသူအဖော်(များ) ဆက်သွယ်မှုပြုထားခြင်း သည် ပိုမိုလုံခြုံစိတ်ချမှုကို ဖြစ်စေသည်။ လိင်မှုဆိုင်ရာ ဆောင်ရွက်မှုများ မစတင်မီတွင် တွဲဖော်များမှ မည်သည့် ဆောင်ရွက်မှုမျိုးကို လက်ခံမည် နှင့် လက်ခံမှုမပြုမည်တို့နှင့် မည်သည့် အကာအကွယ်ပြုမှုတို့ကို ပြုလုပ်မည် တို့ကို ဆွေးနွေးမှုများ ပြုနိုင်သည်။ ယင်း သည် "အချစ်စိတ်မွှန်နေချိန်အတွင်း" အန္တရာယ်ရှိသော ဆုံးဖြတ်ချက်များ ပြုလုပ်နိုင်သည့် အခွင့်ကို လျော့ပါးစေ နိုင်သည်။
  • လူတစ်ဦးသည် အခြားသောအဖော်အမြောက်အမြား နှင့် ဆက်ဆံမှုတက်ကြွစွာပါဝင်နေလျှင်၊ ဆရာဝန်နှင့် ပုံမှန် လိင်မှုဆိုင်ရာ ကျန်းမာရေး စစ်ဆေးမှု ပြုလုပ်ပြီး ပုံမှန်မဟုတ်သည့် လက္ခဏာများ သတိထားမိသည်တွင် ဆေးဝါးကုသရန် အကြံဉာဏ်ကို ချက်ချင်းရှာသင့်သည်။ HIV (အိတ်ချ်အိုင်ဗွီ) နှင့် အခြားသော ကူးစက်တတ် သည့် ရောဂါပိုးများသည် ရောဂါလက္ခဏာမပြခြင်း သို့မဟုတ် သူတို့ကိုယ်တိုင်ကိုပင် မှားယွင်းစွာ ရောဂါအမည်တပ်မိစေသည့် သိသာထင်ရှားမှုမရှိသော လက္ခဏာများသာပြခြင်း တို့လည်းရှိနိုင်သည်။

ကန့်သတ်ချက်များ[ပြင်ဆင်ရန်]

ကွန်ဒုံးကို အသုံးပြုခြင်းသည် HIV (အိတ်ချ်အိုင်ဗွီ)နှင့် အခြားသောကူးစက်တတ်သည့် ရောဂါပိုးတို့ ကူးစက်ပြန့်ပွားမှု ကို လျော့ချနိုင်သည်ဖြစ်သော်လည်း လုံးဝဥဿုံမဟုတ်ပေ။ လေ့လာထားမှုတစ်ခုမှ အကြံပြုထားသည်မှာ ကွန်ဒုံးများသည် HIV (အိတ်ချ်အိုင်ဗွီ) ကူးစက်ပြန့်ပွားမှုကို ၈၅% မှ ၉၅% ထိလျော့ချပေးနိုင်ခြေရှိသည်။ ၉၅% ထက်ကျော်လွန်သော ထိရောက်မှုမတွေ့ရခြင်းမှာ လျှောထွက်ခြင်း၊ ပေါက်ပြဲခြင်း နှင့် မှန်ကန်စွာသုံးစွဲမှုမပြုခြင်း တို့ကြောင့်ဖြစ်နိုင်သည်။ ထို့ကြောင့်ပင် လက်တွေ့တွင် မှန်ကန်စွာသုံးစွဲမှုမပြုခြင်းသည် ကွန်ဒုံး အကျိုးသက်ရောက်မှုအားလုံးအပေါ်တွင် ၆၀ မှ ၇၀% သို့နိမ့်ကျသွားစေသည် ဟုဆိုသည်။

အကျိုးသက်ရောက်မှုမရှိသော နည်းလမ်းများ[ပြင်ဆင်ရန်]

အချို့သော "ထိုးသွင်းခြင်းမပါသောလိင်ဆက်ဆံခြင်း" ပုံစံများ နှင့် အကာအကွယ်သုံးခြင်း နည်းလမ်းများတို့မှအပ သန္ဓေတားခြင်းနည်းလမ်းအများစုသည် လိင်ဆက်ဆံရာမှတဆင့် ကူးစက်သောရောဂါများ ပျံ့နှံ့မှုကို ကာကွယ်ရာတွင် ထိရောက်မှုမရှိပေ။ ယင်းတို့မှာ သန္ဓေတားဆေးလုံးများ၊ ယောက်ျားသားကြောဖြတ်ခြင်း၊ မိန်းမ၏ ဥပြွှန်ကိုချည်ခြင်း၊ ရက်ရှောင်ခြင်း နှင့် အားလုံးသော ကိုယ်ဝန်ရှိခြင်းကို တားဆီးသည့် အကာအကွယ်သုံးခြင်းမဟုတ်သည့် နည်းလမ်းများ ပါဝင်သည်။

အမျိုးသမီး ကွန်ဒုံး သို့မဟုတ် သန္ဓေတားသည့်ရေမြှုပ်တို့သည် အချို့သော အမျိုးသမီးများကို အချို့လိင်ဆက်ဆံခြင်း မှတဆင့်ကူးစက်သော ရောဂါပိုးများမှ ပိုမိုကာကွယ်မှုပြုနိုင်သော်လည်း အားလုံးသော လိင်ဆက်ဆံမှုမှ ကူးစက် သည့် ရောဂါများအတွက် အကျိုးသက်ရောက်မှုမရှိပါ။ ဟော်မုန်းအသုံးပြု၍ကာကွယ်ခြင်း နည်းလမ်းများသည် လိင်ဆက်ဆံမှုမှကူးစက်သည့် ရောဂါများ ပျံ့နှံ့ကူးစက်ခြင်း အတွက် အကျိုးသက်ရောက်မှုလုံးဝမရှိသော်လည်း မလိုချင်ဘဲ သန္ဓေတည်ခြင်းအတွက် ၉၅% ထက်ပင်ပို၍ အကျိုး သက်ရောက်မှုရှိပေသည်။ အသုံးအများဆုံး ဟော်မုန်းသုံးခြင်း နည်းလမ်းမှာ သန္ဓေတားသောက်ဆေးလုံးများ၊ ဒက်ပို ဆေးထိုးခြင်း၊ အမျိုးသမီးအင်္ဂါတွင်း ကွင်းထည့်ခြင်း နှင့် ကပ်ခွာကပ်ခြင်း တို့ဖြစ်သည်။

သားအိမ်တွင်း ထည့်ရသည့် ကြေးနီ သန္ဓေတားပစ္စည်း နှင့် သားအိမ်တွင်းထည့်ရသည့် ဟော်မုန်းသုံး သန္ဓေတား ပစ္စည်းတို့မှာ သန္ဓေရခြင်းမှ ၉၉% အထက် ကာကွယ်မှုပေးသော်လည်း ကာမဆက်ဆံခြင်းမှတဆင့်ကူးစက်သော ရောဂါများ ကိုကာကွယ်နိုင်ခြင်းမရှိချေ။ သားအိမ်တွင်းထည့်သည့် ကြေးနီ သန္ဓေတားပစ္စည်းသုံးထားသူ အမျိုးသမီး များသည် အထူးသဖြင့် gonorrhea (ဆီးပူညောင်းကျရောဂါ ) သို့မဟုတ် chlamydia (အမျိုးသမီးများအား အဖြူဆင်းစေသော ရောဂါ) တို့ပြင် အခြားသော လိင်ဆက်ဆံခြင်းမှတဆင့် ကူးစက်သော ရောဂါမျိုးများနှင့် ထိတွေ့မှု ရှိရန် ပိုမိုအခွင့်ရှိနေပါသည်။

လိင်ဆက်ဆံမှုတွင် ဟန့်တားခြင်း (သို့မဟုတ် "ပြင်ပသို့ထုတ်ယူခြင်း") အမျိုးသား၏ အင်္ဂါပစ္စည်းအား သုတ်ရည် ထုတ် လွှတ်ခြင်း မပြုခင်တွင် အမျိုးသမီးအင်္ဂါ၊ စအို၊ သို့မဟုတ် ပါးစပ်တွင်းမှ ဖယ်ထုတ်ခြင်းသည် လုံခြုံစိတ်ချရသော လိင် ဆက်ဆံခြင်းမဟုတ်ဘဲ ကာမဆက်ဆံခြင်းမှကူးစက်သောရောဂါ ပြန့်ပွားကူးစက်ခြင်းကို ဖြစ်စေနိုင်သည်။ ယင်းမှာ သုတ်ရည်ထုတ်လွှတ်မှုမတိုင်ခင် အခြေအနေတွင် အမှန်တကယ် သုတ်ရည်ထုတ်လွှတ်ခြင်းမတိုင်မီ ဆီးပြွှန်မှ အရည် တို့မှာ စိမ့်ထွက်လာခြင်းကြောင့်ဖြစ်ပြီး ယင်းတွင် အိတ်ချ်အိုင်ဗွီ ကဲ့သို့သော ရောဂါဖြစ်စေသည့်ပိုးများ ပါဝင်နိုင်သည်။ ထပ်ပေါင်းပြောရလျှင် လိင်အင်္ဂါတွင် ဖြစ်ပေါ်သော ကြွက်နို့များ နှင့် ကာလသားရောဂါ အပါအဝင် အချို့ သော ရောဂါများကို ဖြစ်စေသည့် ပိုးမွှားများသည် ဆက်ဆံဖော်မှ နှုတ်ဖြင့်၊ အမျိုးသမီးအင်္ဂါဖြင့် သို့မဟုတ် စအိုဖြင့် ကာမဆက်ဆံခြင်းပင် မပြုစေကာမူ အရေပြားအချင်းချင်း ထိမိရာမှလည်း ကူးစက်ပျံ့နှံ့နိုင်သည်။

ရှောင်ကျဉ်ခြင်း[ပြင်ဆင်ရန်]

လိင်ဆက်ဆံမှုမှ ကူးစက်သောရောဂါများမှာ လိင်ဆက်ဆံမှုမဟုတ်သော နည်းလမ်းများမှလည်း ကူးစက်နိုင်ခြင်း ရှိသော်လည်း လိင်ဆက်ဆံမှုရှောင်ကျဉ်ခြင်းသည် တခါတရံ လိင်ဆက်ဆံမှု နှင့်ဆက်နွယ်သော အန္တရာယ်များကို ရှောင်ကျဉ်ရန် နည်းလမ်းတစ်ခုအဖြစ် အထောက်အကူပြုသည်။ အိတ်ချ်အိုင်ဗွီသည် ရောဂါပိုးပါဝင်နေသော အပ်များကိုသုံး၍ ဆေးမင်ကြောင်ထိုးခြင်း၊ ခန္ဓာကိုယ်တွင် အပေါက်များဖောက်ခြင်း သို့မဟုတ် ဆေးထိုးသွင်းခြင်း တို့မှတဆင့် ကူးစက်ပျံ့နှံ့နိုင်သည်။ ဆေးပညာ သို့မဟုတ် သွားနှင့်ခံတွင်း ဆောင်ရွက်မှုများတွင် ရောဂါပိုး ကပ်ပါနေသော အသုံးအဆောင်ပစ္စည်းများကိုသုံးခြင်းသည် အိတ်ချ်အိုင်ဗွီကို ပျံ့နှံ့စေသည်။ အချို့သော ကျန်းမာရေး စောင့်ရှောက်မှု ပေးသူတို့မှာ အိတ်ချ်အိုင်ဗွီကို လုပ်ငန်းခွင်ဆိုင်ရာ မတော်တဆ အပ်များနှင့်ထိုးမိ ဒဏ်ရာရခြင်းတို့မှတဆင့် ကူးစက် ခံနေရသည်။ ရှောင်ကျဉ်မှုပြုထားသော သူများအား လိင်ဆက်ဆံမှုမှကူးစက်သောရောဂါများနှင့် ကိုယ်ဝန်ရရှိခြင်းတို့မှ ကာကွယ်နိုင်ရန် ကွန်ဒုံးများကို အရေးပေါ်အခြေအနေအတွက် ဆောင်ထားရန်လည်း အကြံပြုထားသည်။

စအိုကိုသုံး၍ လိင်ဆက်ဆံခြင်း[ပြင်ဆင်ရန်]

အကျယ်တဝင့် ဖော်ပြထားသောဆောင်းပါး - စအိုဖြင့် ကာမဆက်ဆံခြင်း

အကာအကွယ်မသုံးစွဲဘဲ စအိုကိုသုံး၍ ထိုးသွင်းမှုပြုခြင်း သည် ကာမဆိုင်ရာနှစ်လိုမှု မည်မျှရှိပါစေကာမူ အလွန် အန္တရာယ်များသော အပြုအမူဖြစ်သည်။ အချို့သော သုတေသနပြုသူများမှ မိန်းမလျာတို့မှာ စအိုကိုသုံးစွဲခြင်းဖြင့် လိင် ဆက်ဆံမှုပြုရန် ဖြစ်နိုင်ခြေရှိသော်လည်း၊ လိင်တူလိင်ကွဲဆက်ဆံသူ စုံတွဲများသည် ထိုသို့ပြုလုပ်စဉ်တွင် ကွန်ဒုံး သုံးစွဲမှု မရှိကြသည်ကို ထောက်ပြကြသည်။ အခြားသော သုတေသနပြုသူတို့မှ မိန်းမလျာတို့သည် လိင်တူ လိင်ကွဲ ဆက်ဆံသူ စုံတွဲတို့ထက် စအိုကိုသုံးစွဲ၍ ကာမဆက်ဆံခြင်းကို သေချာပေါက်ပြုနိုင်ခြေရှိသည် ဟု ဆိုကြသည်။

စအိုနှင့် လိင်ဆက်ဆံခြင်းသည် မိန်းမကိုယ်နှင့် လိင်ဆက်ဆံခြင်းထက် အန္တရာယ်ပိုမို၍ ရှိသည်။ အဘယ်ကြောင့် ဆိုသော် စအိုဝ နှင့် အစာဟောင်းအိမ် တို့၏ ပါးလွှာသော တစ်ရှူးများမှာ လွယ်ကူစွာ ထိခိုက်နိုင်ခြင်းကြောင့် ဖြစ်သည်။ စအိုတွင်သုံးသော အရုပ်များ ကို အသုံးပြုလျှင်လည်း ထိုသို့ဖြစ်နိုင်သည်။ ဒဏ်ရာသေးသေးလေးများသည်ပင် ဘက်တီးရီးယားနှင့် အိတ်ချ်အိုင်ဗွီအပါအဝင် ဗိုင်းရပ်စ်ပိုးများကို ဖြတ်သန်းသွားစေနိုင်သည်။ လိင်ဆက်ဆံရန် သုံးသည့်အရုပ်နှင့် စအို၀ကိုလှုံ့ဆော်ခြင်းတွင် အမျိုးသားလိင်တံနှင့် စအိုဝကို ထိုးသွင်းခြင်းကဲ့သို့ပင် လုံခြုံရေးအကာအကွယ်များ လိုအပ်ပြီး၊ ထိုကိစ္စမျိုးတွင် ကာမဆက်ဆံရန်သုံးသည့်အရုပ်ပေါ်တွင် ကွန်ဒုံးကို တပ်ဆင် အသုံးပြုရမည်။

အဆီကိုအခြေခံသော ချောဆီများ သည် ရာဘာအပျော့သားကို ပျက်စီးစေနိုင်ပြီး ရေကိုအခြေခံသော ချောဆီများလည်း အစားထိုးနိုင်သည့်ပြင် ရာဘာပျော့နှင့် ဓာတ်မတည့်သူတို့ အတွက်လည်း ရာဘာပျော့မဟုတ်သည့် ကွန်ဒုံးများ ရရှိနိုင်သည်။ (ဥပမာ - အဆီနှင့် ရေ အခြေခံသည့် ချောဆီများနှင့်သင့်တော် အဆင်ပြေသည့် ပိုလီ ယူရီသိန်း ကွန်ဒုံးများ)စအိုဖြင့်လိင်ဆက်ဆံသောအခါ ကြုံတွေ့ရသော အဓိကအန္တရာယ်မှာ အိတ်ချ်အိုင်ဗွီ၊ အိတ်ချ်ပီဗွီ၊ အသည်း ရောင်အသားဝါစီ နှင့် အေ နှင့် Escherichia coli (အီးကိုလိုင်) တို့ ပျံ့နှ့ံကူးစက်ခြင်း ဖြစ်သည်။ စအိုဖြင့် လိင်ဆက်ဆံခြင်းအား စိတ်ချရမှုရှိစေရန်အတွက် စုံတွဲတို့မှာ မိမိတို့၏ စအိုနေရာအား သန့်ရှင်းရန်နှင့် ဝမ်းဗိုက်ရှင်း ထားရန်၊ စအိုတွင်းသို့ ထိုးသွင်းခံရမည့် တွဲဖော်အား စိတ်ပြေလက်ပျောက်ဖြစ်နေစေရန် တို့ပြုလုပ်ထားရန် လိုအပ် သည်။

စအိုဖြင့် လိင်ဆက်ဆံခြင်းသည် လိင်ကွဲဆက်ဆံဖော်တို့အကြား ဆောင်ရွက်မည်ဆိုလျှင်လည်း လုံခြုံရေးနည်းလမ်းများ လိုအပ်သည်။ လိင်ဆက်ဆံခြင်းမှ ကူးစက်တတ်သောရောဂါများ ပျံ့နှ့ံကူးစက်မှု အန္တရာယ် အပြင် စအိုဖြင့် လိင်ဆက်ဆံမှုပြုခြင်းကြောင့် ရောဂါရရှိနိုင်သည့် အန္တရာယ်မှာ မြင့်တက်နေပါသည်။ ထို့ကြောင့် အမျိုးသားများ အနေနှင့် မိန်းမကိုယ်နှင့်ဆက်ဆံရန်ဆန္ဒရှိပါက စအိုဖြင့် လိင်ဆက်ဆံမှုပြုပြီးသည့်အခါ မိမိတို့အင်္ဂါအား ဆေးကြော၊ သန့်ရှင်းမှုပြုရန် အရေးကြီးသည်။ အကြောင်းမှာ စအိုလမ်းကြောင်းမှ ဘက်တီးရီးယားများသည် မိန်းမကိုယ်တွင်းသို့ အလွယ်တကူရောက်ရှိပြီး မိန်းမအင်္ဂါဆိုင်ရာ ရောဂါများ ဖြစ်ပွားနိုင်သောကြောင့်ဖြစ်သည်။