စားရမှာလည်း သဲနှင့်ရှပ်ရှပ်၊ ပစ်ရမှာလည်း အဆီနှင့်ဝင်းဝင်း
စားရမှာလည်း သဲနှင့်ရှပ်ရှပ်၊ ပစ်ရမှာလည်း အဆီနှင့်ဝင်းဝင်း ဟူသည်မှာ မြန်မာစကားပုံတစ်ခု ဖြစ်သည်။
ရှင်းလင်းချက်[ပြင်ဆင်ရန်]
သဲအလူးလူးဖြစ်နေသော အသားတုံးကို စွန့်ပစ်ရန်လည်းအခက်၊ စားသုံးရန်လည်းအခက် ဖြစ်နေသကဲ့သို့ အပြစ်အနာအဆာရှိသော နှစ်သက်မက်မောဖွယ် အရာတစ်ခုကို ငြင်းပယ်ရန်လည်းအခက်၊ လက်ခံရန်လည်းအခက် ဖြစ်နေသည်။
မူလရင်းမြစ်[ပြင်ဆင်ရန်]
- "စားရမည်ကား သဲနှင့်ရှပ်ရှပ်၊ ပစ်ရမည်ကား အဆီနှင့်ဝင်းဝင်း ဆိုသလို သောကတွေက ပိုမို၍ ... ကြိတ်ခဲ၍သာ ညှိုးငယ်စွာ နေရလေ၏။" [၁၂၈၄] ဒဂုန်၊ ၄၊ ၃၈။ ၇၉။
ဆိုလိုရင်းတူညီသောအခြားစကားပုံ[ပြင်ဆင်ရန်]
- ပစ်ရမှာလည်း အဆီနှင့်ရဲရဲ၊ စားရမှာလည်း သဲနှင့်ရှပ်ရှပ် နှင့် အတူတူဖြစ်သည်။