စကားပုံ

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
  • စကားပုံဟူသည် အနက်အဓိပ္ပါယ်နှင့် ပြည့်စုံ၍ လူအများ စံပြုပုံခိုင်း ပြောဆိုလေ့ရှိသော စကား၊ ပြောထုံးစကားဟူ၍ ဖွင့်ဆိုပါသည်။ [၁]
  • စကားပုံဟူသည် စကားပြောဆိုရာတွင် ပိုမိုထိရောက်စေရန် ခိုင်းနိုင်း ပြောဆိုလေ့ရှိသော စကားမျိုးဖြစ်သည်။[၂]
  • စကားပုံ-ဆိုသည် ပုံခိုင်းပြီးပြောသော စကား။ [၃]

စကားပုံသည် စကားပြောရာတွင် မပါမပြီးသော အဆင်တန်ဆာဖြစ်၍ ပညာရှိများသာမက ကလေးသူငယ်များပင်လှျင် ကြားရဖန်များ၍ အတုယူသုံးနှုန်းပြောဆိုတတ်ကြပေသည်။ စကားပုံကြောင့် စကားရွှင်၍ အသက်ဝင်သည်။ ရှည်ရှည်ဝေးဝေး ဖွဲ့နွဲ့ပြောဆိုရမည့် စကားကို တိုတိုနှင့် ထိထိမိမိပြောနိုင်သည်။

စကားပုံဆိုသည်မှာ စကားပြောဆိုရာတွင် မိမိပြောလိုသည့်အကြောင်းအရာ ပိုမိုပေါ်လွင်ထင်ရှားစေရန် ရည်ရွယ်ချက်ဖြင့်လည်းကောင်း၊ ရှေးယခင်က မှားယွင်းစွာဆောင်ရွက်ခဲ့ဖူးခြင်းရှိခဲ့သည်တို့အား နှောင်းလူတို့ သိရှိသတိရရှောင်လွှဲစေနိုင်ရန်ရည်ရွယ်ချက်ဖြင့်လည်းကောင်း၊ အစဉ်အလာအလေ့အထ ရှိဖူးသည်တို့အား သတိပြုလိုက်နာစေရန်ရည်ရွယ်ချက်ဖြင့်လည်းကောင်း ဥပမာပေးခိုင်းနှိုင်းမှုတို့ပါဝင်ပြီး တိုတိုနှင့်ထိမိပေါ်လွင်အောင်တန်ဆာဆင်ပြောကြသည့် ပြောစမှတ်တွင်နေသောစကားအသုံးများဖြစ်သည်။

ဥပမာ(၁)။ မိမိ၏သာမာန်စွမ်းဆောင်မှုမှျကိုပင် အခြားသူတို့ဆောင်ရွက်ရာ အလွဲအမှားရှိခဲ့ပါက ဖားကိုတု၍ခရုခုန် အိုင်ပျက်ယုံသာရှိတော့မှာပေါ့ ဟု မိမိ၏စွမ်းဆောင်ရည်အားပိုမိုပေါ်လွင်ထင်ရှားစေပြီး ကျန်သူများအားလိုက်လံတုပလိုသူများအဖြစ်နှိမ့်ချကာ အောင်မြင်မှုမရပဲ ဆုံးရှုံးကြလိမ့်မည်ဟု သတိပေးပြောကြာလိုသောကိစ္စရပ်များတွင်တွင်သုံးလေ့ရှိသည်။

ဥပမာ(၂)။ ရှေးယခင်ကမိမိအားအဖက်မလုပ်ဂရုမစိုက်ကြပဲ ယခုအခါ မိမိတွင်တစ်စုံတစ်ခု တိုးတက်ဖြစ်ထွန်းမှုရှိလာကာမှ မှျဝေခံစားလိုသောသဘောဖြင့်ချဉ်းကပ်လာကြသည်ဟု စွပ်စွဲပြောကြားလိုသောအခါမျိုးတွင်ဘူးသီးသီးမှအရီးတော်မနေကြပါနှင့်ဟု ပုံခိုင်းပြောတတ်ခြင်းမျိုးဖြစ်သည်။

ဥပမာ(၃)။ ပြုမူဆောင်ရွက်ဖွယ်ကိစ္စကို အချိန်အခါသင့်မဆောင်ရွက်နိုင်သဖြင့် အကျိုးမဖြစ်ထွန်းပဲ လွဲနိုင်ကြောင်းကို မိုးလွန်မှ ထွန်ချ ဆိုတာလိုဖြစ်တတ်သည်ဟုသတိပေးပြောလိုသောအခါသုံးလေ့ရှိပုံမျိုးဖြစ်သည်။

ဥပမာ(၄)။ မှားမည်မှန်မည် ချင့်ချိန်မှန်းဆရာတွင်သော်လည်းကောင်း အရည်အချင်းမီမမီ အကဲဖြတ်ရာတွင်လည်းကောင်း တောင်ကလာမှ မိုး။ ဒေါင်ဒေါင်မည်မှ အိုး။ သုံးလွန်းတင်မှ ကြိုးတဲ့ မင်းတို့ဟာကစကထဲက ယဉ်သကိုဆိုတာလိုပဲ ပုံမလာပါဘူးကွာ စသည့်ဖြင့် ဆန်းစစ်ပြောတတ်ကြပုံမျိုးလည်းရှိသည်။

ဥပမာ(၅)။ အရာရာတွင်စိတ်တိုင်းကျခဲပြီးရွေးလွန်းသူကို လင်စံရွေး လင်ခွေးနှင့်ညားတတ်သည်ဟုလည်းကောင်း။ ဟိုဟာကောင်းနိုးနိုးသည်ဟာကောင်းနိုးနိုးမပြတ်မသားဖြစ်ကာ ပင်ပန်းရသူတို့ကို ပုဂံနှင့်ညောင်ဦးတောင်ကူးလို့မြောက်ပြေးရွာဆော်ကြီးခွေးလို ဟုလည်းကောင်း စသည ဥပမာပေးကာဆုံးမပြောဆို သောစကားပုံများလည်းရှိသည်။

ကိုးကား[ပြင်​ဆင်​ရန်​]

  1. မြန်မာအဘိဓာန် အကျဉ်းချုပ်
  2. မြန်မာ့စွယ်စုံကျမ်း
  3. မောင်ခင်မင် (ဓနုဖြူ) (မင်္ဂလာမောင်မယ် ၂၀၁၀-ပြည့် ဧပြီလ)