ငှက်သိုက်

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​

ငှက်သိုက်

ငှက်သိုက်
ငှက်သိုက် is located in မြန်မာ
ငှက်သိုက်
ငှက်သိုက် တည်နေရာ၊ မြန်မာ။
Coordinates: 16°55′31″N 95°56′23″E / 16.92524°N 95.93974°E / 16.92524; 95.93974
Country မြန်မာနိုင်ငံ၏ အလံတော် မြန်မာ
တိုင်း ရန်ကုန်
ခရိုင် Yangon (North)
မြို့နယ် Htantabin
ကျေးရွာစု Hnget Thaik[၁]

ကိုးကား[ပြင်​ဆင်​ရန်​]

  1. GAD, Feb 2011.


အခြောက်လှန်းထားသည့် ငှက်သိုက်

ငှက်သိုက်သည် ပျံလွှားငှက် တစ်မျိုးတွင် ပါဝင်သည့် ငှက်များက အံဖတ်ဖြင့်ပြုလုပ်သော အသိုက် ဖြစ်ပြီး အဖိုးကြီးမားသော ဓါတ်စာ ဖြစ်သည်။ မိုးစာငှက်ပြီးလဲငှက်ဇီဝဇိုးငှက်များမှ ငှက်သိုက်ကို ထုတ်ယူရရှိနိုင်၏။ မြန်မာ နိုင်ငံတွင် ငှက်သိုက်ကိုဇီဝဇိုးငှက်မှသာ ရရှိပါသည်။ ဇီဝဇိုးငှက်သည် လေထဲတွင် ပျံသန်းရင်း ပိုးမွှားကောင်များကို ဖမ်းစားတတ်သောကြောင့် ``လေစားငှက်´´ ဟုလည်းခေါ်သည်။ ဇီဝဇိုးငှက်မှ အမဲရောင်ငှက်သိုက်နှင့် အဖြူရောင် ငှက်သိုက် (၂)မျိုးရရှိပါသည်။ အမဲရောင်ငှက်သိုက် ကို Collocalia innominata ဆိုသည့် ဇီဝဇိုးငှက်မှ ရရှိပြီး အဖြူရောင်ငှက်သိုက်ကို Collocalia fuciphaga ဆိုသည့် ငှက်သိုက်မှ ရရှိသည်။

ငှက်သိုက်ထွက်ရှိရာဒေသ[ပြင်​ဆင်​ရန်​]

မြန်မာနိုင်ငံတွင် ငှက်သိုက်များကို ထားဝယ်ကမ်းခြေအနီးရှိ ကျွန်းများ၊ မြိတ်ကျွန်းစု၊ ပုသိမ်မြို့ အနောက်တောင်ဘက်ရှိ ကျွန်းများတွင် တွေ့ရ၏။ တနင်္သာရီတိုင်းအတွင်းရှိ ငှက်သိုက် ကျွန်းပေါင်း (၃၂)ကျွန်းမှ အဖိုးတန်းငှက်သိုက်များ ထွက်ရှိပါသည်။ မြိတ်ကျွန်းစုရှိ ငှက်သိုက်များကို ပုလောမြို့နယ်ရှိ မလိကျွန်း၊ ကျွန်းစုမြို့နယ်ရှိ ရေအေးကျွန်းစု၊ ဘုတ်ပြင်း မြို့နယ်ရှိ ပုလုတိကျွန်းစု၊ ကော့သောင်းမြို့နယ်ရှိ ကဆိုင်းလှနှင့် ကော့ငန်းကျွန်းစု များမှ ရရှိ၏။ ယင်းကျွန်းစုများ အနက် မလိကျွန်းမှ ငှက်သိုက်အများဆုံး ရရှိသည်။

ငှက်သိုက်များ ထုတ်လုပ်ပုံ[ပြင်​ဆင်​ရန်​]

ငှက်သိုက်များကို ပင်လယ် သမုဒ္ဒရာတို့အလယ်မှ လူသူမနီးသော ကျွန်းများပေါ်တွင် အလွန်မြင့်မားသော ကျောက်ဆောင် လှိုဏ်ဂူစောင်းများ၏ အထက်မျက်နှာကျက်တွင် ငှက်သိုက် ဖွဲ့လေ့ရှိကြသည်။ ထို့ကြောင့် ငှက်သိုက် စုဆောင်းချိန်တွင် ငှက်သိုက်များ ရရှိနိုင်သည့် ကျောက်ဆောင် လှိုဏ်ခေါင်းအတွင်း ဝင်ရောက်၍ အတွင်းနံရံကို ခဲယဉ်းစွာ တက်ရောက် ဆွတ်ယူကြရ၏။ ထိုကဲ့သို့ ဆွတ်ယူနိုင်ရန် ကျောက်ဆောင်များကို ငြမ်းဆင်၍ သက်စွန့်ဆံဖျား တက်ရောက်ကာ ခဲယဉ်းစွာ လိုက်လံ စုဆောင်း ကြရသည်။

မြန်မာနိုင်ငံတွင် ငှက်သိုက်ရသော ကျွန်းများကို သစ်တော ဦးစီးဌာနမှ အုပ်ချုပ်၍ နှစ်စဉ် ငှက်သိုက် သိမ်းယူခွင့် လိုင်စင် ထုတ်ပေးပြီး ဥပဒေများကို လိုအပ်သလို ထုတ်ပြန်၍ ငှက်မျိုးစိတ်မပြုန်းစေရန် စောင့်ရှောက်ပေးထား၏။ ၂၀၀၅ ခုနှစ်တွင် ငှက်သိုက် စုဆောင်းချိန် ကို မတ်လ ပထမပတ်မှ ဒုတိယပတ်၊ ဧပြီလ ပထမပတ်မှ ဒုတိယပတ်၊ ဇူလိုင်လ ပထမပတ်မှ ဒုတိယပတ်၊ နိုဝင်ဘာ (၂၁)မှ လကုန်အထိ (၄)ကြိမ် ခွဲ၍ စုဆောင်းရန် သတ်မှတ်ပေးထား သည်။ စုဆောင်းခွင့်ရရှိသော ငှက်သိုက်များကို သစ်တောဦးစီးဌာနမှ စစ်ဆေး၏။ သွေးပါသော ငှက်သိုက်များကို တွေ့ရှိပါက လိုင်စင်ရရှိထားသူကို ဒဏ်ရိုက်သည်။ လိုင်စင်ထုတ်ပေးရာတွင် ထိုကျွန်းများကို နှစ်စဉ် တစ်လှည့်စီ ပိတ်ပေးထားရ၏။ ပိတ်ထားသော ကျွန်းများပေါ်၌ ငှက်ကလေး များသည် အနှောင့်အယှက် မရှိဘဲ အသိုက် ပြုလုပ် ပေါက်ဖွား နိုင်ကြသည်။

ငှက်သိုက် အသုံးဝင်ပုံ[ပြင်​ဆင်​ရန်​]

မြန်မာနိုင်ငံတွင် ငှက်သိုက်ကို နာတာရှည် ရောဂါရှိသူများ၊ သက်ကြီးရွယ်အိုများ၊ အင်အားကုန်ခမ်းနေသူများကို ငှက်သိုက်ပေါင်း ကျွေးလေ့ရှိသည်။ ငှက်သိုက်သည် ပရိုတင်း ဓာတ်ကြွယ်ဝပြီး အာဟာရဓာတ် များစွာ ပါဝင်သည်။ သဘာဝ ငှက်သိုက်ကို ခေတ်မီနည်းဖြင့် သန့်စင်ထားသော ငှက်သိုက်ရည်ကို ဆေးဖက်ဝင် အခြား ပစ္စည်းများနှင့် ပေါင်းစပ်ဖော်ထား သဖြင့် အဆုတ်ကို အားကောင်း စေပြီး ချောင်းဆိုး၊ အအေးမိနှင့် တုပ်ကွေး ရောဂါများကို သက်သာ ပျောက်ကင်းစေနိုင်ကြောင်း သိရပါသည်။ ဆေးဖက်ဝင် ပစ္စည်း တစ်မျိုး ဖြစ်သောကြောင့် အလွန် အဖိုးအနဂ္ဃ ထိုက်သဖြင့် ရွှေနှင့် စက်၍ပင် ဝယ်ယူကြသည်။ ငှက်သိုက် များကို ပြည်တွင်းတွင် အသုံးပြုရုံသာမက ပြည်ပသို့ပါ တင်ပို့ရောင်းချသည်။

နိုင်ငံခြားဝင်ငွေရရှိသော ငှက်သိုက်သည် တနင်္သာရီတိုင်းမှ ရရှိသောကြောင့် တနင်္သာရီတိုင်းသည် ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီး၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုတွင် တစ်ဖက်တစ်လမ်းမှ ပါဝင် နေကြောင်း တင်ပြအပ်ပါသည်။ ငှက်သိုက်သည် ပျံလွှားငှက်မျိုးတွင် ပါဝင်သည့် ငှက်ကဖွဲ့ထားသည့် အသိုက်ဖြစ်သည်။ ထိုငှက်မျိုးသည် မိမိတို့၏ အသိုက်ကို အခြားငှက်များကဲ့သို့ သစ်ရွက်၊ သစ်ကိုင်းများဖြင့် မပြုလုပ်ပဲ ထူးဆန်းစွာ အာခေါင်မှာ အာစေးတစ်မျိုးကို အန်ထုတ်၍ အသိုက်ပြုလုပ်ကြသည်။ အစဦးဆုံးထွက်သော အာစေးမှာ ဖြူစင်သည်။ ထွေးထုတ်ဖန်ရ များလာသောအခါ သွေးပင် ပါလာတတ်သည်။ ငှက်သိုက်သည် ဆေးဖက်ဝင်၍ အဟာရဓာတ် ပြည့်ဝသော အစာတစ်မျိုးဖြစ်သည့်အပြင် အရာသာမှာ အထူးပင် ကောင်းမွန်သည်။ ထို့ကြောင့် ငှက်သိုက်ကို တန်ဖိုးကြီးပေး၍ ဝယ်ယူကြသည်။

ငှက်သိုက်ထုတ်ပေးနိုင်သော ငှက်မျိုး ၃ မျိုး ခန့်ရှိသည်။ ယင်းတို့ကို မိုးစာငှက်၊ ပြီလဲငှက်၊ ဇီဝဇိုးငှက်ဟူ၍ ခေါ်ကြသည်။ မြန်မာနိုင်ငံ၌ ရရှိသော ငှက်သိုက်မှာ ဇီဝဇိုးငှက်မျိုးက လုပ်သော ငှက်သိုက်ဖြစ်သည်။ ငှက်သိုက်ကို ထားဝယ်ကမ်းခြေအနီးရှိ ကျွန်းများ၊ မြိတ်ကျွန်းစု၊ ပုသိမ်မြို့အနောက် ကျွန်းဆွယ်၊ ထိုင်းနိုင်ငံ၊ ဖိလစ်ပိုင်နိုင်ငံ အနီးရှိ ကျွန်းများတွင် တွေ့ရသည်။

ထိုငှက်မျိုးသည် စာကလေးအရွယ် လောက်သာရှိသည်။ ပျံသန်းရာ၌ အလွန်လျင်မြန်သည်။ ညအိပ်သည့် အချိန်မှလွဲ၍ တစ်နေ့လုံး ပျံသန်း၍ နေနိုင်စွမ်းရှိသည်။ ထိုငှက်မျိုး၏ ခြေချောင်းလေးများသည် ကား၍ ရှေ့သို့ရှည်ထွက်လျက် ရှိသည်။ ထိုခြေတံမျိုး ရှိသဖြင့် ကျောက်ဆောင်၏ အစွန်အဖျားများပေါ်၌ နားနေနိုင်ကြသည်။ ထိုငှက်ကလေးများသည် လူသူဝေးသော ကျွန်းများပေါ်ရှိ ကျောက်လိုင်ဏ်ဂူနံရံများတွင် အသိုက်ပြုလုပ်၍နေကြသည်။

ငှက်သိုက်သည် အချင်း ၂ လက်မ ၃ လက်မခန့်ရှိ၍ စောက် ၁ လက်မခန့်ရှိသည်။ ငှက်တို့သည် တပေါင်းလ၊ တန်ခူးလများတွင် အသိုက်လုပ်တတ်ကြသည်။ တစ်မြုံလျှင် ဥ ၂ လုံးရှိသည်။ ငှက်သိုက်များကို လိုက်လံ သိမ်းယူရာ၌ ငြမ်းဆင်၍ သက်စွန့်ဆံဖျား ခဲယဉ်းစွာ လိုက်လံစုဆောင်းရသည်။ မြန်မာနိုင်ငံတွင် ငှက်သိုက်ရသော ကျွန်းများကို သစ်တောဌာနက အုပ်ချုပ်၍ နှစ်စဉ် ငှက်သိုက်သိမ်းယူခွင့် လိုင်စင်ကို ထုတ်ပေးသည်။ သစ်တောဌာနက ထိုငှက်များ မျိုးမပြုတ်သွားရေလေအောင် စောင့်ရှောက်ပေးသည်။ ဥပမာအားဖြင့် လိုင်စင်ရောင်းချရာ၌ အချို့ကျွန်းများကို နှစ်စဉ် တလှည့်စီ ပိတ်ပေးသည်။ ပိတ်ထားသော ကျွန်းများပေါ်၌ ငှက်ကလေးတို့သည် အနှောင့်အယှက်မရှိပဲ အသိုက်ပြုလုပ်၍ ပေါက်ပွားနိုင်ကြသည်။ ထိုကျွန်းများပေါ်သို့ တက်ရောက်၍ ငှက်သိုက်များကို ခိုးယူတတ်ကြသော လူဆိုးတို့၏ ရန်ကိုလည်းကောင်း၊ ငှက်ကလေးများကို ဖမ်းယူတတ်သော သိမ်း၊ စွန်၊ ငှက်ရဲတို့၏ ရန်ကိုလည်းကောင်း သစ်တောဝန်ထမ်းများက ကာကွယ်ပေးကြရသည်။ စုဆောင်းရရှိသော ငှက်သိုက်များကို သစ်တောဌာနက စစ်ဆေးသည်။ အကယ်၍ သွေးပါသော ငှက်သိုက်များကို တွေ့ရှိပါက လိုင်စင်ရသူကို ဒဏ်ရိုက်လေသည်။ ငှက်ကလေးများ သွေးပါသည်အထိ အန်ထုတ်၍ ပြုလုပ်သော အသိုက်များကို မယူကြရန် လိုင်စင်တွင် စည်းကမ်းချက်များ ပါရှိသောကြောင့် ဖြစ်သည်။


ငှက်သိုက်သည် ပျံလွှားငှက်မျိုးတွင် ပါဝင်သည့်ငှက်က လုပ်သော အသိုက်ပင် ဖြစ်သည်။ ထိုငှက်မျိုးသည် မိမိတို့၏ အသိုက်ကို အခြားငှက်များကဲ့သို့ သစ်ရွက်သစ်ကိုင်းများဖြင့် မပြုလုပ်ဘဲ အာခေါင်မှ အာစေးတစ်မျိုးကိုအန်ထုတ်၍ အသိုက် ပြုလုပ်ကြသည်။ အစဦးဆုံးထွက်သော အာစေးမှာ ဖြူစင်၏။ ထွေးထုတ်ရဖန်များလာသောအခါ၌ကား သွေးပင် ပါလာတတ် သည်။ ငှက်သိုက်သည် ဆေးဖက်ဝင်၍ အာဟာရဓာတ် ပြည့်ဝ သော အစာတစ်မျိုးဖြစ်သည့်အပြင် အရသာမှာ အထူးပင် ကောင်းမွန်ပေသည်။ ထိုကြောင့် ငှက်သိုက်ကို တန်ဖိုးကြီး ပေး၍ ဝယ်ယူကြရသည်။

ငှက်သိုက်ထုတ်ပေးနိုင်သော ငှက်မျိုး ၃ မျိုးခန့်ရှိသည်။ ယင်းတို့ကို မိုးစာငှက်၊ ပြီလဲငှက်၊ ဇီဝစိုးငှက်ဟူ၍ ခေါ်ကြ သည်။ မြန်မာနိုင်ငံ၌ရရှိသော ငှက်သိုက်မှာ ဇီဝစိုးငှက်မျိုးက လုပ်သော ငှက်သိုက်ဖြစ်သည်။ ငှက်သိုက်ကို ထားဝယ် ကမ်းခြေအနီးရှိ ကျွန်းများ၊ မြိတ်ကျွန်းစု၊ ပုသိမ်မြို့ အနောက် တောင်ဘက်ရှိ ကျွန်းများတွင် တွေ့ရသည်။ ထိုပြင် မလ္လာယု ကျွန်းဆွယ်၊ ယိုးဒယား၊ ဖိလစ်ပိုင်နိုင်ငံအနီးရှိ ကျွန်းများတွင် လည်းတွေ့ရသည်ဟု ဆိုသည်။

ထိုငှက်မျိုးသည် စာကလေးအရွယ်လောက်သာ ရှိသည်။ ပျံသန်းရာ၌ အလွန်လျင်မြန်သည်။ ညအိပ်သည့် အချိန်မှလွဲ၍ တစ်နေ့လုံး ပျံသန်း၍ နေနိုင်စွမ်းရှိသည်။ ထိုငှက်မျိုး၏ ခြေ ချောင်းကလေးများသည် ကား၍ ရှေ့သို့ ရှည်ထွက်လျက် ရှိ သည်။ ထိုခြေတံမျိုးရှိသဖြင့် ကျောက်ဆောင်၏ အစွန်အဖျား များပေါ်၌ နားနေနိုင်ကြသည်။ ထိုငှက်ကလေးများသည် လူသူ ဝေးသော ကျွန်းများပေါ်ရှိ ကျောက်လိုဏ်ဂူနံရံများတွင် အသိုက် ပြုလုပ်၍ နေကြသည်။

ငှက်သိုက်သည် အချင်း ၂ လက်မ ၃ လက်မခန့်ရှိ၍ စောက် ၁ လက်မခန့် ရှိသည်။ ငှက်တို့သည် တပေါင်းလ တန်ခူးလများတွင် အသိုက်လုပ်တတ်ကြသည်။ တစ်မြုံလျှင် ဥ ၂ လုံးရှိသည်။ ငှက်သိုက်များကိုလိုက်လံ သိမ်းယူရာ၌ ငြမ်း ဆင်၍ သက်စွန့်ဆံဖျား ခဲယဉ်းစွာ လိုက်လံစုဆောင်းကြရသည်။ မြန်မာနိုင်ငံတွင် ငှက်သိုက်ရသော ကျွန်းများကို သစ်တောဌာန က အုပ်ချုပ်၍ နှစ်စဉ် ငှက်သိုက်သိမ်းယူခွင့် လိုင်စင်ကို ထုတ် ပေးသည်။ သစ်တောဌာနက ထိုငှက်မျိုးများ မပြုတ်သွားရလေ အောင် စောင့်ရှောက်ပေးသည်။ ပမာအားဖြင့် လိုင်စင်ရောင်းချ ရာ၌ အချို့ကျွန်းများကို နှစ်စဉ် တစ်လှည့်စီ ပိတ်ပေးသည်။ ပိတ်ထားသော ကျွန်းများပေါ်၌ ငှက်ကလေးတို့သည် အနှောင့် အယှက်မရှိဘဲ အသိုက်ပြုလုပ်၍ ပေါက်ပွားနိုင်ကြလေသည်။ ထိုကျွန်းများပေါ်သို့ တက်ရောက်၍ ငှက်သိုက်များကို ခိုးယူ တတ်ကြသော လူဆိုးတို့၏ ရန်ကို၎င်း၊ ငှက်ကလေးများကို ဖမ်းယူတတ်သော သိမ်း၊ စွန်၊ ငှက်ရဲတို့၏ ရန်ကို၎င်း သစ်တောဝန်ထမ်းများက ကာကွယ်ပေးကြရသည်။ စုဆောင်း ရရှိသော ငှက်သိုက်များကို သစ်တောဌာနက စစ်ဆေးသည်။ အကယ်၍ သွေးပါသော ငှက်သိုက်များကို တွေ့ရှိပါက လိုင်စင် ရသူကို ဒဏ်ရိုက်လေသည်။အဘယ်ကြောင့်ဆိုသော် ငှက်ကလေး များ သွေးပါသည်အထိ အန်ထုတ်၍ ပြုလုပ်သော အသိုက်များ ကို မယူကြရန် လိုင်စင်တွင် စည်းကမ်းချက်များ ပါရှိသော ကြောင့် ဖြစ်သည်။[၁]


ကိုးကား[ပြင်​ဆင်​ရန်​]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၃)