ငါမွေးသည့် မျောက် ငါ့ကို ခြောက်

ဝီကီပီးဒီးယား မှ

ငါမွေးသည့် မျောက် ငါ့ကို ခြောက် ဟူသည်မှာ မြန်မာစကားပုံတစ်ခု ဖြစ်သည်။

ရှင်းလင်းချက်[ပြင်ဆင်ရန်]

မိမိ မွေးထားသော မျောက်က မိမိကို ပြန်ခြောက်လှန့်သကဲ့သို့ မိမိပြုစုစောင့်ရှောက်ထားခဲ့သောသူက မိမိအား မလေးမခန့် ပြုမူပြောဆိုသည်။

မူလရင်းမြစ်[ပြင်ဆင်ရန်]

  • "ငါမွေးသည့် မျောက်၊ ငါ့ကို ခြောက်သို့၊ မကြောက်လှည့်ငြား၊ သွပ်မူထားနှင့်၊ ငါသားဟူသည်၊ အမည်တွင်ကာ၊ လိမ္မာချို့တဲ့၊ အကျင့်မဲ့ကို၊" [၈၄၆] ဘူလင် * ၁၉၈။
  • ငါ့ကြောင့် လူရာဝင်လာရတဲ့ အကောင်တွေက အခုလို လုပ်တော့ ငါမွေးတဲ့ မျောက် ငါ့ကို ပြန်ခြောက်တာမျိုး ဖြစ်နေတာပေါ့။" [၁၃၂၂] သက။ ၆၀။

ကျမ်းကိုး[ပြင်ဆင်ရန်]

  1. မြန်မာစာအဖွဲ့၊ မြန်မာစကားပုံ၊ နှာ-၄၉