ချာနိုဘိုင်း နျူးကလီးယား ပေါက်ကွဲမှု

ဝီကီပီးဒီးယား မှ
ချာနိုဘိုင်း နျူးကလီးယား ပေါက်ကွဲမှု
မတော်တဆမှုပြီးနောက နူကလိယားဓာတ်ပေါင်းဖို၊ ဓာတ်ပေါင်းဖို ၄ (အလယ်)၊ တာဘိုင်အဆောက်အအုံ (ဘယ်ဘက်အောက်)၊ ဓာတ်ပေါင်းဖို ၃ (ညာလယ်)။
အချိန်01:23 (မော်စကိုစံတော်ချိန် UTC+3)
နေ့ရက်၂၆ ဧပြီ ၁၉၈၆ (၁၉၈၆-၀၄-၂၆) (37 years ago)
တည်နေရာပရပ်ပတ်၊ ယူကရိန်း၊ ဆိုဗီယက်ယူနီယမ်။
အကြောင်းရင်းInadvertent explosion of core during emergency shutdown of reactor whilst undergoing power failure experiment
သေဆုံးသူ၃၁

ချာနိုဘိုင်း နျူးကလီးယား ပေါက်ကွဲမှုသည် ၁၉၈၆ ဧပြီလ ၂၆ တွင် ယူကရိန်းနိုင်ငံ ပရီပရတ်ရှိ ချာနိုဘိုင်း နျူးကလီးယား စွမ်းအင်သုံး ဓာတ်အားပေး စက်ရုံတွင် ဖြစ်ပွားခဲ့သည်။ ထိုအချိန်က ယူကရိန်းသည် ဆိုဗီယက်ပြည်ထောင်စု၏ ပြည်နယ်တစ်ခု ဖြစ်သည်။ ထို အဖြစ်အပျက် သည် နျူကလီးယား စွမ်းအင် အသုံးပြုမှု သမိုင်းတွင် အဆိုးရွားဆုံးသော မတော်တဆ ဖြစ်ပျက်မှု အဖြစ် မှတ်တမ်းတင်ထားခဲ့သည်။ ရေဒီယိုသတ္တိကြွမှုကို တားဆီးပေးမည့် အကာအကွယ် အဆောက်အဦး မရှိသည့် အတွက်ကြောင့် ပေါက်ကွဲမှုမှ ထွက်လာသည့် ရေဒီယိုသတ္တိကြွနေသည့် နျူကလီးယား အကြွင်းအကျန်များသည် ဆိုဗီယက်ပြည်ထောင်စု အနောက်ပိုင်း၊ အရှေ့ဥရောပ၊ စကင်ဒီနေးဗီးယား၊ ယူကေ နှင့် အမေရိကန် အရှေ့ပိုင်း တို့သို့ လွင့်စဉ်မျောပါ သွားခဲ့သည်။ ယူကရိန်းနိုင်ငံ၊ ဘယ်လာရုစ် နိုင်ငံ နှင့် ရုရှားတို့မှာ နျူကလီးယား ပျံ့နှံ့မှုကို ဆိုးရွားစွာ ခံခဲ့ရသည်။ ၇၀ ရာခိုင်နှုန်းသော ရေဒီယိုသတ္တိကြွ လွင့်စဉ်မှုများသည် ဘယ်လာရုစ် နိုင်ငံပေါက်တွင် ကျရောက်ခဲ့သည်။ လူ ၂ သိန်းခန့်ကို နေရာမှ ဖယ်ရှားခဲ့ရပြီး မတော်တဆ ဖြစ်ပွားမှု အပြီးတွင် အခြား နေရာများတွင် နေထိုင်စေခဲ့ရသည်။

လူမနေတော့သော ပရီပရတ်ရှိ လူနေအိမ်များနှင့် ကျန်နေရစ်သေးသော သစ်ပင်

ထိုမတော်တဆ ဖြစ်မှုကြောင့် ဆိုဗီယက် နျူကလီးယား စွမ်းအင်သုံး ဓာတ်အားပေး လုပ်ငန်း အပေါ် စိုးရိမ်မှု တိုးမြင့်ခဲ့ပြီး အချိန်အတန်ကြာမျှ လုပ်ငန်း တိုးချဲ့ချင်း အရှိန်ကို လျှော့ချ ခဲ့ရသည်။ ဆိုဗီယက် အစိုးရ အပေါ်တွင်လည်း လျှို့ဝှက်သိပ်သည်းစွာ နေထိုင်မှု လျော့ကျရန် ဖိအားပေးခံခဲ့ရသည်။ ထိုအချိန် နောက်ပိုင်းတွင် ရုရှား၊ ယူကရိန်း နှင့် ဘယ်လာရုစ်တို့သည် သီးခြား တိုင်းပြည်များ ဖြစ်လာခဲ့ပြီး ထိုတိုင်းပြည်များသည် နျူကလီးယား ညစ်ညမ်းမှုကို ဖယ်ရှားရန် နှင့် မတော်တဆ ဖြစ်မှုကြောင့် ဖြစ်လာသည့် နောက်ဆက်တွဲ ပြဿနာများကို ဖြေရှင်းရန် စရိတ်များကို မြောက်မြားစွာ အကုန်အကျ ခံခဲ့ရသည်။ ရေဒီယို သတ္တိကြွမှုနှင့် ထိတွေ့ခြင်းကြောင့် ကင်ဆာဖြစ်နိုင်သည့် အလားအလာ များပြားသည်။ သို့သော်လည်း လူပေါင်းမည်မျှသည် ချာနိုဘိုင်း မတော်တဆမှုကြောင့် ကင်ဆာ ဖြစ်ခဲ့ရသည် ဆိုသည်ကိုမူ အတိအကျ ပြောရန် ခက်ခဲသည်။ မတော်တဆ ဖြစ်မှုတွင် ပါဝင်ပတ်သက်နေသော သူများ ကင်ဆာ သို့မဟုတ် အလားတူ ရောဂါများဖြင့် သေဆုံးသည့် အခါတွင် ထို မတော်မဆမှုကြောင့် ဖြစ်ရသည်ဟု ပြောဆိုရန်မှု ခက်ခဲသည်။ နိုင်ငံတကာ အနုမြူစွမ်းအင် အေဂျင်စီ ၏ အဆိုအရ ၅၆ ယောက် သေဆုံးခဲ့ရသည်ဟု ဆိုသည်။ ၄၇ ယောက်မှာ ထိုမတော်တဆမှုတွင် ပါဝင်သော အလုပ်သမားများ ဖြစ်ပြီး ၉ ယောက်မှာ သိုင်းရွိုက်ကင်ဆာဖြင့် သေဆုံးသော ကလေးငယ်များ ဖြစ်သည်။ အစီရင်ခံစာအရ လူပေါင်း ၄,၀၀၀ ခန့်ပင် ထိုမတော်တဆမှုနှင့် ပတ်သက်သော နာတာရှည် ရောဂါများဖြင့် သေဆုံးနိုင်သည်ဟု ခန့်မှန်းသည်။ ဂရင်းပိစ်နှင့် အခြား အဖွဲ့အစည်းများကမူ ထို ခန့်မှန်းချက်သည် မှားသည်ဟု ဆိုကြသည်။

ကိုးကား[ပြင်ဆင်ရန်]