ခင်ပုပ်ငှက်
| ခင်ပုပ်ငှက် Brown Hawk Owl | ||||||||||||||
|---|---|---|---|---|---|---|---|---|---|---|---|---|---|---|
| သဘာဝထိမ်းသိမ်းခြင်းအခြေအနေ | ||||||||||||||
Least Concern (IUCN Red List Ver.3.1 (2001)) |
||||||||||||||
| သိပ္ပံနည်းကျမျိုးခွဲခြင်း | ||||||||||||||
|
||||||||||||||
| ဒွိနာမ | ||||||||||||||
| ''Ninox scutulata'' | ||||||||||||||
ခင်ပုပ်ငှက်[ပြင်ဆင်ရန်]
ခင်ပုပ်ငှက်ကို မြင်ဘူးသူ နည်းပါးသော်လည်း ကျီးကန်း ၏ ကမ္ဘာ့ရန်သူအဖြစ် သိသူများသည်။ ခင်ပုပ်ကို အရှေ့တိုင်းဒေသများတွင် အများအပြား တွေ့ရ သည်။ မြန်မာနိုင်ငံ၌ ကွင်းပြင်၌ တောင်ခြေများတွင် ကျက်စား လေ့ရှိသည်။ မြင့်မားသော တောင်ပေါ်များ၌မူ တွေ့ရခဲသည်။ ခင်ပုပ်သည် ဇီးကွက်မျိုးတွင် ပါဝင်သည်။ အလျား ၁၂ လက်မခွဲခန့် ရှိသည်။ အခြားဇီးကွက်များ ကဲ့သို့ နားရွက်တွင် အမွှေးမရှိချေ။ ကိုယ်အောက်ပိုင်းတွင် ဖြူ၍ လည်ပင်းတွင် မည်းနက်သောအမှတ်အသား ရှိသည်။ တောင်ပံရှည်၍ ချွန်သည်။ ခင်ပုပ်သည် ညဉ့်ငှက်မျိုးဖြစ်၍ မှောင်သောအခါတွင်သာ အစာရှာထွက်သည်။ နေရောင်ကို ကြောက်သောကြောင့် နေ့ အချိန်တွင် သစ်ပင်၊ ဝါးရုံ၊ ချုံဖုတ်များတွင် ပုန်းလျှိုးနေတတ် သည်။ ပိုးမွှားများနှင့် အခြား တိရစ္ဆာန်ငယ် ငှက်ငယ်များကို ဖမ်းဆီးစားသောက်တတ်သည်။ ညဉ့် အချိန်၌သာ အော်တတ်၍၊ ယင်း၏အော်သံမှာ ဇီးကွက်သံနှင့် တူသည်။ သားပေါက်ချိန်မှာ ဧပြီလမှ မေလအထိ ဖြစ်၍ တစ်ခါ တစ်ရံတွင် မတ်လမှ ဇွန်လအထိ ဖြစ်သည်။ ဥများကို မြေမှ ပေ ၂ဝ ခန့်မြင့်သော သစ်ခေါင်းထဲတွင် အုလေ့ရှိသည်။ တစ်မြုံ လျှင် ဥ ၃၊ ၄ လုံးရှိ၍၊ ဥ၏ အရွယ်မှာ ပျမ်းမျှ အလျား ၁.၃၈ လက်မနှင့် ပြက် ၁.၁၆ လက်မရှိသည်။ [၁]
ပုံများ[ပြင်ဆင်ရန်]
-
at Samsing in Darjeeling district of West Bengal, India.
ကိုးကား[ပြင်ဆင်ရန်]
- ↑ မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၂)