ကျွဲကူး ရေပါ

ဝီကီပီးဒီးယား မှ

ကျွဲကူး ရေပါ ဟူသည်မှာ မြန်မာစကားပုံတစ်ခု ဖြစ်သည်။

ရှင်းလင်းချက်[ပြင်ဆင်ရန်]

ကျွဲ ရေကူးလျှင် ကျွဲနောက်မှ ရေအလျဉ် လိုက်ပါသကဲ့သို့ ကိစ္စတစ်ခု ဆောင်ရွက်ရာ၌ ထိုကိစ္စနှင့် အကျုံးဝင်ရာ ကိစ္စများပါ တစ်ပါတည်း ပြီးစီးသွားသည်။

မူလရင်းမြစ်[ပြင်ဆင်ရန်]

  • "ဥပမာဆိုသော်ကား ရေပေါ်မုန့်လုံးကို စားသုံးဖို့ဝယ်လျှင်ပင် အလယ်က ထန်းလျက်ဖိုးဟု ငွေတိုး၍ မပေးကြ၊ ထန်းလျက်ပါရသကဲ့သို့ အဝုတ္တသိဒ္ဓိပါဝင်လျက်ရှိသောကြောင့် ဤလေညကီ့ကျေးဇူးမှာ ကျွဲကူး ရေပါဖြစ်တော့သည်။" [၁၂၂၅ ခန့်] ပုညဝတ်။ ၃၃။

ကျမ်းကိုး[ပြင်ဆင်ရန်]

  1. မြန်မာစာအဖွဲ့၊ မြန်မာစကားပုံ၊ နှာ-၂၉