ကာဠကာရာမသုတ်

ဝီကီပီးဒီးယား မှ

[၁] တမဟံ ဇာနာမိ၊ တမဟံ အဗ္ဘညာသိံ၊ တံ တထာဂတဿ ဝိဒိတံ-တိုင်အောင် စကားရပ်တို့ဖြင့် “သဗ္ဗညုတဘူမိ”ကိုလည်းကောင်း၊ တံ တထာဂတော န ဥပဌာသိဟူသော စကားရပ်ဖြင့် “ခီဏာသဝဘူမိ”ကိုလည်းကောင်း၊ တံ မမဿ မုသာ၊ တံ ပဿ တာဒိသမေဝ၊ တံ မမဿ ကလိ-ဟူသော စကားရပ်တို့ဖြင့် “သစ္စဘူမိ”ကို လည်းကောင်း၊ ဣတိ ခေါ ဘိက္ခဝေ ... ဝိညာတာရံ န မညတိ-ဟူသော စကားရပ်ဖြင့် “သုညတာဘူမိ”ကိုလည်းကောင်း၊ ဣတိ ခေါ ... ဝဒါမီတိဟူသော စကားရပ်ဖြင့် “တာဒိဘူမိ”ကိုလည်းကောင်း သာကေတမြို့သား ရဟန်းသစ် ငါးရာတို့အား သာကေတမြို့ ကာဠကာရာမကျောင်းတော်၌ ဘုရားရှင် ဟောတော်မူပါသည်။ ။ ဤကာဠကာရာမသုတ်ဒေသနာတော် ဘူမိငါးရပ်ပြီးဆုံးတိုင်း မြေငလျင်လှုပ်လေသည်။ ဒေသနာတော်အဆုံး၌ ရဟန်းသစ်ငါးရာ အာသဝေါကင်းကွာ ရဟန္တာဖြစ်ကြပြီး ပရိသတ် ၈၄၀၀၀-တို့ အမြိုက်ရေစင် သုံးဆောင်ခွင့်ရကြပါသည်။

အဋ္ဌကထာ၌-ဤကာဠကာရာမသုတ်တော်သည် အနာထပိဏ်သူဌေး၏ သမီး စူဠသုဘဒ္ဒါကို အကြောင်းပြု၍ ဖြစ်ပေါ်လာပုံမှ စ၍ မှတ်သားဖွယ်တို့ကို ဖွင့်ပြ ထားပါသည်။ [၂]

ကိုးကား[ပြင်ဆင်ရန်]

  1. -အံ၊၁၊၃၃၃-၄။ အံ၊မြန်၊၁၊၃၄၈-၉။ အံ၊ဋ္ဌ၊၂၊၂၇၀-၄။ အံ၊ဋီ၊၂၊၂၅၃-၅။ -အင်္ဂုတ္တရနိကာယ၊ စတုက္ကနိပါက၊ ပဌမပဏ္ဏာသက၊ ၃-ဥရုဝေဠဝဂ္ဂ၊ စတုတ္ထသုတ်။
  2. ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်၊ သာသနဓဇ သိရီပဝရ ဓမ္မာစရိယ၊ B.A (ဝိဇ္ဇာဂုဏ်ထူး-သီရိလင်္ကာ)၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကေလာသမဟာထေရ် တိပိဋကသူစိကျမ်း နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) ဒုတိယပါမောက္ခချုပ်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရထေရ် တိပိဋက သုတ္တသူစိ ဝိဘာဝိနီ