ကာဂျီရို ယာမာမိုတို

ဝီကီပီးဒီးယား မှ
ကာဂျီရို ယာမာမိုတို
မွေးဖွား(1902-03-15)၁၅ မတ်၊ ၁၉၀၂
ကျိုဘာရှီ၊ တိုကျို
ကွယ်လွန်၂၁ စက်တင်ဘာ၊ ၁၉၇၄(1974-09-21) (အသက် ၇၂)
နိုင်ငံလူမျိုးဂျပန်လူမျိုး
အလုပ်အကိုင်ရုပ်ရှင်ဒါရိုက်တာ၊ ဇာတ်ညွှန်းဆရာ၊ သရုပ်ဆောင်

ကာဂျီရို ယာမာမိုတို (山本 嘉次郎 ယာမာမိုတို ကာဂျီရို?, ၁၉၀၂ မတ် ၁၅ – ၁၉၇၄ စက်တင်ဘာ ၂၁) သည် ဂျပန်လူမျိုး ရုပ်ရှင် ဒါရိုက်တာတစ်ဦးဖြစ်ပြီး ဇာတ်ညွှန်းဆရာ၊ သရုပ်ဆောင်မင်းသားလည်း ဖြစ်သူဖြစ်သည်။ သူ၏ စစ်ကားများ၊ ဟာသရုပ်ရှင်များဖြင့် လူသိများသည်။ အကီရာ ကူရိုဆာဝါ၏ ရှေ့ဆောင်လမ်းပြ ပုဂ္ဂိုလ်ဖြစ်သည်။

ငယ်ဘဝ[ပြင်ဆင်ရန်]

တိုကျိုမြို့တွင် မွေးဖွားသော ယာမာမိုတိုသည် ကေအို တက္ကသိုလ်တွင် တက်ရောက်ပညာသင်ယူစဉ်ကပင် ရုပ်ရှင် ရသခံစားမှုအဖွဲလေးတစ်ခု တည်ထောင်ရာတွင် ပါဝင်ခဲ့သည်။[၁] ၁၉၂၁ တွင် ရုပ်ရှင်သရုပ်ဆောင်စဖြစ်ခဲ့သည်။ သူ၏ အိမ်က သဘောမတူ အမျက်ထွက်၍ သားအဖြစ်မှ စွန့်လွှတ်ခဲ့သည်[၁]

အသက်မွေးဝမ်းကြောင်းဘဝ[ပြင်ဆင်ရန်]

စင်တင်သရုပ်ဆောင်လုပ်ကိုင်ရာမှ နစ်ကတ်ဆုထံတွင် လက်ထောက်ဒါရိုက်တာအဖြစ် ဝင်လုပ်သည်။ ၁၉၂၄ တွင် ဒါရိုက်တာစဖြစ်သည်။[၁] နစ်ကတ်ဆုတွင် လုပ်နေစဉ်ပင် P.C.Lက ဆွဲဆောင်၍ ၁၉၃၄ တွင် ပြောင်းလာခဲ့သည်။ P.C.Lတွင် ဟာသကားများရိုက်ကူးပြီး နာမည်တစ်လုံးတည်ထောင်နိုင်ခဲ့သည်[၂] P. C. Lသည် တိုဟိုကုမ္ပဏီဖြစ်လာပြီးနောက် ယာမာမိုတိုသည် ပဲ့ကိုင်ဖြစ်လာသည်။[၂]

ဒုတိယ ကမ္ဘာစစ်အပြီးတွင် သူသည် ရုပ်ရှင်များဆက်လက်ရိုက်ကူးခဲ့သော်လည်း ရုပ်မြင်သံကြားနှင့် ရေဒီယို ဘက်တွင် အလုပ်ပိုလုပ်ခဲ့သည်။[၂]

အမွေခံသူများ[ပြင်ဆင်ရန်]

သူ့အား အကီရာ ကူရိုဆာဝါ၏ ရှေ့ဆောင်လမ်းပြအဖြစ် လူသိများသည်။ သူ၏ ရုပ်ရှင် ၁၇ကားတွင် ကူရိုဆာဝါက လက်ထောက်အဖြစ် ကူညီခဲ့ဖူးသည်။[၃] သူသည် တိုရှီရို မီဖူနီ၏ အသက်မွေးဝမ်းကြောင်းဘဝအပေါ်တွင်လည်း များစွာ ကျေးဇူးပြုခဲ့၏။

ဖန်တီးသမျှမှ အချို့လက်ရာများ[ပြင်ဆင်ရန်]

အီနိုကင် နို ကွန်ဒို အီဆာမီ"အတွက် ကြော်ငြာ

ဒါရိုက်တာအဖြစ်[ပြင်ဆင်ရန်]

  • အီနိုကင် နို ကွန်ဒို အီဆာမီ" (エノケンの近藤勇) (၁၉၃၅)
  • အီနိုကင် နို ချာက္ကီရိ ကင်တာ" (エノケンのちゃっきり金太) (၁၉၃၇)
  • ဆုဇူရီကာတာ ကျိုရှစ်ဆု (綴方教室) (၁၉၃၈)
  • အူမာ (馬) (၁၉၄၁)
  • ဟာဝေ မာရီ အိုကီ ကိုင်စံ (ハワイ・マレー沖海戦) (၁၉၄၂)
  • ကေတို ဟူရာဘူဆာ ဆန်တို-တိုင် (加藤隼戦闘隊) (၁၉၄၄)
  • တိုကျိုမှာ အားလပ်ရက်တစ်ရက် (東京の休日 Tōkyō no kyūjitsu) (၁၉၅၈)

ဇာတ်ညွှန်း[ပြင်ဆင်ရန်]

  • မနက်ဖြန်များကို ဖန်တီးသူများ (明日を作る人々, Asu o tsukuru hitobito) (၁၉၄၆)

အကိုးအကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ ၁.၂ Yamane Sadao (1997)။ "Yamamoto Kajirō"။ Nihon eiga jinmei jiten: Kantoku hen (Japaneseဘာသာစကားဖြင့်)။ Tokyo: Kinema Junpō။ pp. 867–870။CS1 maint: အသိအမှတ်မပြုသော ဘာသာစကား (link)
  2. ၂.၀ ၂.၁ ၂.၂ Yamamoto Kajirō (in Japanese)။ Nihon jinmei daijiten + Plus။ Kōdansha။ 15 January 2011 တွင် ပြန်စစ်ပြီး။
  3. Prince၊ Stephen (1999)။ The Warrior's Camera: The Cinema of Akira Kurosawa။ Princeton, NJ: Princeton University Press။ p. 33။ ISBN 978-0-691-01046-5

[၁]