မာတိကာသို့ ခုန်သွားရန်

ကာဂျီရို ယာမာမိုတို

ဝီကီပီးဒီးယား မှ
ကာဂျီရို ယာမာမိုတို
မွေးဖွား(1902-03-15)၁၅ မတ်၊ ၁၉၀၂
ကျိုဘာရှီ၊ တိုကျို
ကွယ်လွန်၂၁ စက်တင်ဘာ၊ ၁၉၇၄(1974-09-21) (အသက် ၇၂)
နိုင်ငံလူမျိုးဂျပန်လူမျိုး
အလုပ်အကိုင်ရုပ်ရှင်ဒါရိုက်တာ၊ ဇာတ်ညွှန်းဆရာ၊ သရုပ်ဆောင်

ကာဂျီရို ယာမာမိုတို (山本 嘉次郎 ယာမာမိုတို ကာဂျီရို?, ၁၉၀၂ မတ် ၁၅  ၁၉၇၄ စက်တင်ဘာ ၂၁) သည် ဂျပန်လူမျိုး ရုပ်ရှင် ဒါရိုက်တာတစ်ဦးဖြစ်ပြီး ဇာတ်ညွှန်းဆရာ၊ သရုပ်ဆောင်မင်းသားလည်း ဖြစ်သူဖြစ်သည်။ သူ၏ စစ်ကားများ၊ ဟာသရုပ်ရှင်များဖြင့် လူသိများသည်။ အကီရာ ကူရိုဆာဝါ၏ ရှေ့ဆောင်လမ်းပြ ပုဂ္ဂိုလ်ဖြစ်သည်။

တိုကျိုမြို့တွင် မွေးဖွားသော ယာမာမိုတိုသည် ကေအို တက္ကသိုလ်တွင် တက်ရောက်ပညာသင်ယူစဉ်ကပင် ရုပ်ရှင် ရသခံစားမှုအဖွဲလေးတစ်ခု တည်ထောင်ရာတွင် ပါဝင်ခဲ့သည်။[] ၁၉၂၁ တွင် ရုပ်ရှင်သရုပ်ဆောင်စဖြစ်ခဲ့သည်။ သူ၏ အိမ်က သဘောမတူ အမျက်ထွက်၍ သားအဖြစ်မှ စွန့်လွှတ်ခဲ့သည်[]

အသက်မွေးဝမ်းကြောင်းဘဝ

[ပြင်ဆင်ရန်]

စင်တင်သရုပ်ဆောင်လုပ်ကိုင်ရာမှ နစ်ကတ်ဆုထံတွင် လက်ထောက်ဒါရိုက်တာအဖြစ် ဝင်လုပ်သည်။ ၁၉၂၄ တွင် ဒါရိုက်တာစဖြစ်သည်။[] နစ်ကတ်ဆုတွင် လုပ်နေစဉ်ပင် P.C.Lက ဆွဲဆောင်၍ ၁၉၃၄ တွင် ပြောင်းလာခဲ့သည်။ P.C.Lတွင် ဟာသကားများရိုက်ကူးပြီး နာမည်တစ်လုံးတည်ထောင်နိုင်ခဲ့သည်[] P. C. Lသည် တိုဟိုကုမ္ပဏီဖြစ်လာပြီးနောက် ယာမာမိုတိုသည် ပဲ့ကိုင်ဖြစ်လာသည်။[]

ဒုတိယ ကမ္ဘာစစ်အပြီးတွင် သူသည် ရုပ်ရှင်များဆက်လက်ရိုက်ကူးခဲ့သော်လည်း ရုပ်မြင်သံကြားနှင့် ရေဒီယို ဘက်တွင် အလုပ်ပိုလုပ်ခဲ့သည်။[]

အမွေခံသူများ

[ပြင်ဆင်ရန်]

သူ့အား အကီရာ ကူရိုဆာဝါ၏ ရှေ့ဆောင်လမ်းပြအဖြစ် လူသိများသည်။ သူ၏ ရုပ်ရှင် ၁၇ကားတွင် ကူရိုဆာဝါက လက်ထောက်အဖြစ် ကူညီခဲ့ဖူးသည်။[] သူသည် တိုရှီရို မီဖူနီ၏ အသက်မွေးဝမ်းကြောင်းဘဝအပေါ်တွင်လည်း များစွာ ကျေးဇူးပြုခဲ့၏။

ဖန်တီးသမျှမှ အချို့လက်ရာများ

[ပြင်ဆင်ရန်]
အီနိုကင် နို ကွန်ဒို အီဆာမီ"အတွက် ကြော်ငြာ

ဒါရိုက်တာအဖြစ်

[ပြင်ဆင်ရန်]
  • အီနိုကင် နို ကွန်ဒို အီဆာမီ" (エノケンの近藤勇) (၁၉၃၅)
  • အီနိုကင် နို ချာက္ကီရိ ကင်တာ" (エノケンのちゃっきり金太) (၁၉၃၇)
  • ဆုဇူရီကာတာ ကျိုရှစ်ဆု (綴方教室) (၁၉၃၈)
  • အူမာ (馬) (၁၉၄၁)
  • ဟာဝေ မာရီ အိုကီ ကိုင်စံ (ハワイ・マレー沖海戦) (၁၉၄၂)
  • ကေတို ဟူရာဘူဆာ ဆန်တို-တိုင် (加藤隼戦闘隊) (၁၉၄၄)
  • တိုကျိုမှာ အားလပ်ရက်တစ်ရက် (東京の休日 Tōkyō no kyūjitsu) (၁၉၅၈)

ဇာတ်ညွှန်း

[ပြင်ဆင်ရန်]
  • မနက်ဖြန်များကို ဖန်တီးသူများ (明日を作る人々, Asu o tsukuru hitobito) (၁၉၄၆)

အကိုးအကား

[ပြင်ဆင်ရန်]
  1. 1 2 3 Yamane Sadao (1997)။ "Yamamoto Kajirō"။ Nihon eiga jinmei jiten: Kantoku hen (Japaneseဘာသာစကားဖြင့်)။ Tokyo: Kinema Junpō။ pp. 867–870။CS1 maint: အသိအမှတ်မပြုသော ဘာသာစကား (link)
  2. 1 2 3 Yamamoto Kajirō (in Japanese)။ Nihon jinmei daijiten + Plus Kōdansha။ 15 January 2011 တွင် ပြန်စစ်ပြီး။
  3. Prince၊ Stephen (1999)။ The Warrior's Camera: The Cinema of Akira Kurosawa။ Princeton, NJ: Princeton University Press။ p. 33။ ISBN 978-0-691-01046-5