ကက္ကာရုပုပ္ဖပူဇက

ဝီကီပီးဒီးယား မှ

အရှင်ကက္ကာရုပုပ္ဖပူဇကထေရ် သည် မြတ်စွာဘုရား၏ သာသနာတော်ရှိ ရဟန်းတစ်ပါး ဖြစ်သည်။[၁]

ဘဝဇာတ်ကြောင်း[ပြင်ဆင်ရန်]

သိခီမြတ်စွာဘုရားလက်ထက်[ပြင်ဆင်ရန်]

သိခီမြတ်စွာဘုရားလက်ထက်တော်အခါက ဖြစ်၏။ ထိုအချိန်တွင် ကက္ကာရုပုပ္ဖပူဇကထေရ်သည် နတ်သား ဖြစ်နေ၏။ ထိုနတ်သားသည် မြတ်စွာဘုရားအား ကက္ကာရုနတ်ပန်းဖြင့် လှူဒါန်းပူဇော်ခဲ့၏။[၁]

အကျိုးခံစားရခြင်း[ပြင်ဆင်ရန်]

ထို့သို့ သုံးဆယ့်တစ်ကမ္ဘာထက်တွင် ကက္ကာပန်းကို လှူခဲ့သည့် အချိန်မှစကာ အပါယ်လေးဘုံသို့ မရောက်ခဲ့ရပေ။ ထို့ပြင် ကိုးခုမြောက်ကမ္ဘာထက်တွင် “သတ္တုတ္တမ” အမည်ဖြင့် စကြဝတေးမင်း ဖြစ်ခဲ့၏။[၁]

ဂေါတမမြတ်စွာဘုရားထက်ထက်[ပြင်ဆင်ရန်]

နောက်ဆုံးဘဝတွင် ဂေါတမမြတ်စွာဘုရား၏ သာသနာတော်တွင် အရှင်ကက္ကာရုပုပ္ဖပူဇကထေရ် အဖြစ်ဖြင့် အာသဝေါကုန်ခမ်း ရဟန္တာ ဖြစ်တော်မူ၏။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ ၁.၂ ၁.၃ ထေရာပဒါန်ပါဠိတော်၊ ဗန္ဓုဇီဝကဝဂ်