ကျူးဘားဒုံးပျံအရေးအခင်း

ဝီကီပီးဒီးယား မှ
အ​ညွှန်း​သို့ ခုန်ကူးရန် ရှာဖွေရန် ခုန်ကူးမည်
Cuban Missile Crisis
စစ်အေးတိုက်ပွဲ၏ တစ်စိတ်တစ်ပိုင်း
Soviet-R-12-nuclear-ballistic missile.jpg
CIA reference photograph of a Soviet medium-range ballistic missile in Red Square, Moscow
ရက်စွဲ၁၆–၂၉ အောက်တိုဘာ ၁၉၆၂
(Naval quarantine[၂] of Cuba ended on 20 November)
နေရာကျူးဘားနိုင်ငံ
ရလဒ်
  • Publicized removal of the Soviet Union's nuclear missiles from Cuba
  • Non-publicized removal of American nuclear missiles from Turkey and Italy
  • Agreement with the Soviet Union that the United States would never invade Cuba without direct provocation
  • Creation of a nuclear hotline between the United States and the Soviet Union
စစ်ရင်ဆိုင်သည့် နိုင်ငံများ
 ဆိုဗီယက်ယူနီယံ
 ကျူးဘား
Supported by:
en:Warsaw Pact (except Romania[၁])
 အမေရိကန်
 အီတလီ
 တူရကီ
Supported by:
 NATO
တပ်မှူးများနှင့် ခေါင်းဆောင်များ
အသေအပျောက်
မရှိ U-2 သူလျိူလေယာဉ် ၁ စီး ပျောက်ဆုံး
၁ ဦးသေ

ကျူးဘားနိုင်ငံတွင် အောက်တိုဘာအရေးအခင်းဟု အမည်တွင်ပြီး ဆိုဗီယက်ပြည်ထောင်စုတွင် ကာရေဘီယံအရေးအခင်း(Caribbean crisis) (ရုရှား: Карибский кризис) ဟု အမည်တွင်သည့် ကျူးဘားဒုံးပျံအရေးအခင်းသည် ၁၉၆၂၊ အောက်တိုဘာတွင် ဆိုဗီယက်ပြည်ထောင်စုနှင့် ကျူးဘားနိုင်ငံကတစ်ဖက်၊ အမေရိကန်ပြည်ထောင်စုကတစ်ဖက် ၁၃ရက်ကြာ ရန်စောင်ကြသော အရေးအခင်းဖြစ်သည်။ ၎င်းသည်စစ်အေးတိုက်ပွဲ၏ အဓိကထိပ်တိုက်ရင်ဆိုင်မှုများအနက် တစ်ခုဖြစ်ပြီး ယေဘုယျအားဖြင့် စစ်အေးတိုက်ပွဲသည် နျူကလီးယားပဋိပက္ခ​ခသို့ အသွင်ပြောင်းရန် နီးကပ်လာသည့်အချိန်ဟု မှတ်ယူကြသည်။[၃][၄][၅] အကျင့်ပျက်ခြားစားသော နိုင်ငံရေးလှုပ်ရှားမှုများနှင့် ကျရှုံးနေသော ကျူဘားအစိုးရအား အမေရိကန်ပြည်ထောင်စုသည် ဖြိုဖျက်ရန် ကြိုးပမ်းခဲ့ပြီးနောက် ၁၉၆၂ ခုနှစ် မေလတွင် နီကီတာ ခရုရှော့သည်အမေရိကန်၏ အနာဂတ်ကျူးကျော်မှုများမှ ကာကွယ်ရန် ဆိုဗီယက်နျူဒုံးကျည်များကို ကျူးဘားတွင်ထားရှိရန်အဆိုပြုခဲ့သည်။ ဇူလိုင်လတွင် နီကီတာ ခရုရှော့နှင့် ကျူးဘားဝန်ကြီးချုပ် ဖီဒယ်လ် ကက်စထရိုတို့ ဆွေးနွေးစဉ်အတွင်း လျှို့ဝှက်သဘောတူညီချက် ရရှိခဲ့သည်။ ယင်းနောက် နွေရာသီတွင် ဒုံးပျံပစ်လွှတ်ရေးအဆောက်အအုံများ စတင်ဆောက်လုပ်ခဲ့သည်။ ထိုကာလအတွင် အမေရိကန်တွင် ၁၉၆၂ ရွေးကောက်ပွဲကျင်းပနေစဉ်ဖြစ်နေပြီး ဖလိုရီဒါမှ မိုင် ၉၀ အကွာက ဆိုဗီယက်ဒုံးပျံများ၏ အန္တရာယ်အား လျစ်လျူပြုသည်ဟုပြောဆိုချက်အပေါ် အိမ်ဖြူတော်မှ ငြင်းဆိုခဲ့သည်။ ဒုံးပျံပြင်ဆင်မှုများကို အမေရိကန်လေတပ် သူလျိူလေယာဉ်မှ ထင်ရှားသောဓာတ်ပုံများရိုက်ယူပြီး အတည်ပြုနိုင်ခဲ့သည်။ သမ္မတ ဂျွန် အက်ဖ် ကနေဒီသို့ အစီရင်ခံစာရောက်လာသောအခါ ကျူးဗားမြေပေါ်တွင် လေကြောင်းတိုက်ခိုက်မှုပြုလုပ်ပြီး ဆိုဗီယက်ဒုံးပျံများကို ဖျက်ဆီးရန် မူလကအကြံပေးခဲ့သည်။ သို့သော် သေချာစဉ်းစားဆုံးဖြတ်ပြီးနောက် စစ်ကြေညာမှုကို ရှောင်လွှဲရန် လေသံပြောင်းသွားခဲ့သည်။ ကနေဒီက ကျူးဘားသို့ နောက်ထပ်ဆိုဗီယက်ဒုံးပျံများ မရောက်လာစေရန် ရေတပ်ဖြင့်ပိတ်ဆို့ထားရန် အမိန့်ပေးခဲ့သည်။[၆] အမေရိကန်က ကျူးဘားသို့ ရန်ပြုလိုသောလက်နက်များပို့ဆောင်ခြင်းကို ခွင့်ပြုမည်မဟုတ်၊ ရောက်ရှိနေပြီးသား လက်နက်များကိုလည်း ဆိုဗီယက်ယူနီယံသို့ ပြန်သယ်သွားရန် တောင်းဆိုကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့သည်။

တင်းမာသော ညှိနှိုင်းချက်များစွာ လုပ်ဆောင်ခဲ့ပြီးနောက် ခရုရှော့နှင့် ကနေဒီတို့ကြား သဘောတူညီမှုတစ်ခုရရှိခဲ့သည်။ ဆိုဗီယက်တို့က ကျူးဘားရှိ ရန်လိုသောလက်နက်များကို ဖြုတ်သိမ်းပြီး ဆိုဗီယက်ယူနီယံသို့ ပြန်လည်သယ်ဆောင်သွားမည်။ အပြန်အလှန်အားဖြင့် အမေရိကန်တို့က ကျူးဘားနိုင်ငံကို မကျူးကျော်ရန် လူသိရှင်ကြားကြေညာရန် သဘောတူညီခဲ့ကြသည်။ ဆိုဗီယက်အတွက် ရည်ရွယ်ကာ တူရကီနိုင်ငံတွင် တပ်ဆင်ထားသော အမေရိကန်တို့၏ ဂျူပီတာဒုံးပျံများအားလုံးကိုလည်း ဖြုတ်သိမ်းရန် လျှို့ဝှက်စွာဖြင့် သဘောတူခဲ့ကြသည်။ ယင်းသဘောတူညီချက်တွင် အီတလီနိုင်ငံ ပါ/မပါ ငြင်းခုံကြသည်များရှိသည်။ ဆိုဗီယက်တို့သည် ဒုံးပျံများကို ရုပ်သိမ်းခဲ့သော်လည်း ဗုံးကြဲလေယာဉ်များမှာ ကျူးဘားတွင် ဆက်လက်ရှိနေခဲ့သည်။ ပိတ်ဆို့ထားသော အမေရိကန်ရေတပ်အား နိုဝင်ဘာလ ၂၀ ရက်နေ့အထိ မူလနေရာမှ ရွေ့မသွားရန် ဖိအားပေးခြင်းဖြစ်သည်။[၆] ရန်လိုသော လက်နက်များနှင့် ဗုံးကြဲလေယာဉ်များအားလုံး ကျူးဘားနိုင်ငံမှ ရုပ်သိမ်းသွားပြီးနောက် ပိတ်ဆို့မှုသည် ၁၉၆၂ နိုဝင်ဘာလ ၂၀ ရက်တွင် ပြီးဆုံးသွားခဲ့သည်။ အမေရိကန်ပြည်ထောင်စုနှင့် ဆိုဗီယက်ယူနီယံတို့၏ ညှိနှိုင်းမှုက အင်အားကြီးနိုင်ငံ ၂ ခုကြားတွင် ရှင်းလင်းမြန်ဆန်သည့် တိုက်ရိုက်ဆက်သွယ်ရေးလိုင်းတစ်ခုထားရန် သဘောတူညီချက်ရရှိစေခဲ့သည်။ ရလဒ်အနေဖြင့် မော်စကို-ဝါရှင်တန်ဆက်သွယ်ရေးလိုင်းကို တည်ဆောက်ခဲ့ကြသည်။ နယူကလိယားလက်နက်များ ပြန်လည်စတင်မတပ်ဆင်မီအထိ ဆိုဗီယက်ယူနီယံနှင့် အမေရိကန်ပြည်ထောင်စုတို့ကြား တင်းမာမှုသည် သဘောတူညီမှုများအရ လျော့နည်းသွားခဲ့သည်။


အမေရိကန်ပြည်ထောင်စု၏ရှေးဦးပိုင်းဆောင်ရွက်ချက်များ[ပြင်ဆင်ရန်]

ဩဇာချိန်ညှိခြင်း[ပြင်ဆင်ရန်]

၁၉၆၀တွင် ဆိုဗီယက်တို့ဦးဆောင်နေသော ဒုံးပျံကွာခြားချက်ကိုအမီလိုက်ပြီးကျော်တက်မည်ဟူသောကတိဖြင့် ကနေဒီသမ္မတဖြစ်လာခဲ့သည်။ အမှန်အားဖြင့်အမေရိကန်တို့သည် ဆိုဗီယက်တို့ထက်ရှေ့ရောက်နေသည်။ ၁၉၆၁တွင် ဆိုဗီယက်၌တိုက်ချင်းပစ်ဒုံးပျံ၄စင်းသာရှိသည်။ ၁၉၆၂ တွင် ဒါဇင်အနည်းသာရှိသည်။ ထောက်လှမ်းချက်အရ အများဆုံး ၇၅ စင်းသာ ရှိမည်ဟု ခန့်မှန်းရသည်။

အမေရိကန်ပြည်ထောင်စုတွင် တိုက်ချင်းပစ်ဒုံး ၁၇၀ရှိပြီး နောက်ထပ်လည်းလျင်မြန်စွာထုတ်လုပ်လျက်ရှိသည်။ ထို့ပြင် မိုင်၁,၄၀၀(၂,၃၀၀ကီလိုမီတာ)အထိရောက်ရှိနိုင်သည့် ပိုလာရစ်ဒုံးပျံ (Polaris) ၁၆ စင်းအထိ တင်ဆောင်နိုင်သော ဂျော့ဝါရှင်တန်အမျိုးအစား (George Washington)၊ အီတင်အလင်အမျိုးအစား (Ethan Allen) ဒုံးတင်ရေငုပ်သင်္ဘောများ လည်းပိုင်ဆိုင်ထားသည်။

ဆိုဗီယက်ပြည်ထောင်စုတွင် တာလတ်ပစ်ဒုံးပျံအများအပြားပိုင်ဆိုင်သည်။ သို့ရာတွင် ယင်းအနက် ၇၀၀ကျော်မှာ အားမကိုးရ၊ မတိကျပေ။ အမေရိကန်ပြည်ထောင်စုတွင် ပိုများသောနယူကလီးယားထိပ်ဖူး (၂၇,၀၀၀အချိုး၃,၆၀၀) ထိ ပိုင်ဆိုင်သည်။ တိကျမှုရှိရန်အတွက် နည်းပညာလိုအပ်သည်။ အမေရိကန်ပြည်ထောင်စုကလည်း ဒုံးပျံကာကွယ်ရေးအစီအစဉ်များ၊ ရေတပ်၊ လေတပ်တို့တွင် ရှေ့ပြေးနေသည်။

ကျူးဘားတွင်ဆိုဗီယက်ဒုံးပျံဖြန့်ကျက်ခြင်း[ပြင်ဆင်ရန်]

၁၉၆၂၊ မေလတွင် ဆိုဗီယက်ဝန်ကြီးချုပ် နီကီတာ ခရုရှော့သည် အမေရိကန်ပြည်ထောင်စု၏ ဒုံးပျံဆိုင်ရာရှေ့ပြေးနေမှုကို မဲတင်းရန်နှင့်ဆိုဗီယက်တာလတ်ပစ်ဒုံးပျံများကို ကျူးဘားတွင်ဖြန့်ကျက်ထားရန်အကြံရသည်။ ၁၉၆၂တွင် ဆိုဗီယက်တို့၌ ဆိုဗီယက်မြေပေါ်မှ အမေရိကန်ပြည်ထောင်စုသို့ နယူကလီယားထိပ်ဖူးတပ်ပစ်လွှတ်နိုင်သော တိုက်ချင်းပစ်ဒုံးပျံ ၂၀ စင်းသာပိုင်ဆိုင်သည်။[၇]

ဆိုဗီယက်ဒုံးပျံများကို ကျူးဘား၌ဖြန်ကျက်ရသည့် ဒုတိယအကြောင်းမှာ ကရူးရှက်ဗ် အမေရိကန်၊ ဗြိတိန်၊ ပြင်သစ်တို့ထိန်းချုပ်ထားသည့် ဒီမိုကရေစီ အနောက်ဘာလင်အား ကွန်မြူနစ် အရှေ့ဂျာမနီလက်အောက်၊ ဆိုဗီယက်ဩဇာအောက်သို့ သွတ်သွင်းလိုသည်။

၁၉၆၂နှစ်ဦးပိုင်းတွင် ဆိုဗီယက်စစ်ဖက်ဆိုင်ရာနှင့်ဒုံးပျံကျွမ်းကျင်များသည် စိုက်ပျိုးရေးကိုယ်စားလှယ်များအဖြစ် ဟာဗာနားသို့ရောက်လာကြသည်။ ၎င်းတို့သည် ကျူးဘားခေါင်းဆောင် ဖီဒယ်လ် ကက်စထရို နှင့်တွေ့ဆုံခွင့်ရသည်။ ကျူးဘားခေါင်းဆောင်များသည် အမေရိကန်ကကျူးဘားကိုကျူးကျော်တိုက်ခိုက်လိမ့်မည်ဟု ယုံကြည်နေကြရာ ဒုံးပျံဖြန့်ကျက်မည့်အစီအစဉ်ကိုအားတက်သရောထောက်ခံသည်။

ဒုံးပျံကျွမ်းကျင်များသည် ဇူလိုင်လတွင် စက်ပြင်ဆရာများဆည်မြောင်းကျွမ်းကျင်များစိုက်ပျိုးရေးကျွမ်းကျင်များအဖြစ်ရုပ်ဖျက်ပြီး ရောက်ရှိလာကြသည်။ ဆိုဗီယက်ဒုံးပျံတပ်ဖွဲ့အကြီးအကဲ မာရှယ်ဆာဂေဘာယူဇောဗ့်သည် တိုင်းတာရေးအဖွဲ့ဖြင့် ကျူးဘားသို့သွားရောက်လည်ပတ်သည်။ သူက ကရူးရှက်ဗ်အား ဒုံးပျံများအားကွယ်ဝှက်ထားပြီး အုန်းပင်များကြားကိုယ်ယောင်ဖျောက်ထားပြီးဖြစ်ကြောင်းတင်ပြသည်။


ကရူးရှက်ဗ်နှင့် ကက်စထရိုတို့သည် ကျူးဘားတွင် နယူကလီးယားဒုံးပျံများလျှို့ဝှက်စွာဖြန့်ကျက်ထားရေးကိုသဘောတူကြသည်။ ကက်စထရိုကဲ့သို့ပင် ကရူးရှက်ဗ်ကလည်း အမေရိကန်၏ကျူးဘားသို့ကျူးကျော်မှုသည် ကျူးဘားနိုင်ငံကိုကျဆုံးစေပြီး ကွန်မြူနစ်ထွန်းကားရေး အထူးသဖြင့် လက်တင်အမေရိကနိုင်ငံများ ကွန်မြူနစ်ထွန်းကားရေးကို ထိခိုက်စေလိမ့်မည်ဟု ခံစားရသည်။ သူက အမေရိကန်တို့အား စကားဖြင့်ရင်ဆိုင်နေမည့်အစား ...... ယုတ္တိရှိသောအဖြေမှာဒုံးပျံများဖြစ်သည်။[၈]

ကျူးဘားနိုင်ငံအခြေအနေ[ပြင်ဆင်ရန်]

အောက်တိုဘာ ၇ တွင် ကျူးဘားသမ္မတ အော့စ်ဗေလ်ဒို ဒေါ်တီကော့စ် (Osvaldo Dorticós) က ကုလသမ္မဂ္ဂအထွေထွေညီလာခံတွင် ကျွန်တော်တို့နိုင်ငံတိုက်ခိုက်ခံရရင် ကိုယ့်ကိုယ်ကိုကာကွယ်သွားမယ်၊ ကျွန်တော်ထပ်ပြောပါမယ်၊ ကျွန်တော်တို့မှာကိုယ့်ကိုယ်ကိုကာကွယ်ဖို့ နည်းလမ်းအများကြီးရှိပါတယ်။ ဟု ပြောဆိုခဲ့သည်။

ကိုးကား[ပြင်ဆင်ရန်]

  1. Sven G. Holtsmark, Iver B. Neumann, Odd Arne Westad, Springer, 27 iul. 2016, The Soviet Union in Eastern Europe, 1945–89, p. 99
  2. Milestones: 1961–1968 – The Cuban Missile Crisis, October 1962
  3. Scott၊ Len; Hughes၊ R. Gerald (2015)။ The Cuban Missile Crisis: A Critical Reappraisal။ Taylor & Francis။ p. 17။ ISBN 9781317555414။ July 29, 2016 တွင် မူရင်းမှ မော်ကွန်းတင်ပြီး December 31, 2015 တွင် ပြန်စစ်ပြီး
  4. Briefing RoomFourteen Days in October: The Cuban Missile Crisis။ ThinkQuest (1997)။ 27 April 2013 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ December 30, 2010 တွင် ပြန်စစ်ပြီး။
  5. Letters between Khrushchev and Kennedy (2010)။ 12 May 2013 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ December 30, 2010 တွင် ပြန်စစ်ပြီး။ Archive of correspondence between Kennedy and Khrushchev during Cuban missile crisis.
  6. ၆.၀ ၆.၁ "The U.S. Legal Case for the Blockade of Cuba during the Missile Crisis, October-November 1962" (April 1, 2019). Journal of Cold War Studies. 
  7. Allison၊ Graham and Philip Zelikow (1999)။ Essence of Decision: Explaining the Cuban Missile Crisis။ New York: Addison Wesley Longman။ p. 92ISBN 0321013492
  8. Weldes၊ Jutta (1999)။ Constructing National Interests: The United States and the Cuban Missile Crisis။ University of Minnesota Press။ ISBN 978-0-8166-3111-7