မာတိကာသို့ ခုန်သွားရန်

ရောဘတ် ဖရန့်စစ် ကနေဒီ

ဝီကီပီးဒီးယား မှ
    Robert F. Kennedy
    Kennedy appearing before the Platform Committee, 1964
    အမေရိကန် ဆီနိတ်တာ
    တာဝန်သက်တမ်း
    January 3, 1965  June 6, 1968
    ယခင်လူKenneth Keating
    ဆက်ခံသူCharles Goodell
    64th United States Attorney General
    တာဝန်သက်တမ်း
    January 20, 1961  September 3, 1964
    သမ္မတJohn F. Kennedy (1961–63)
    Lyndon B. Johnson (1963–64)
    ယခင်လူWilliam P. Rogers
    ဆက်ခံသူNicholas Katzenbach
    ကိုယ်ရေး အချက်အလက်များ
    မွေးဖွားRobert Francis Kennedy
    (1925-11-20)နိုဝင်ဘာ ၂၀၊ ၁၉၂၅
    Brookline, Massachusetts, U.S.
    ကွယ်လွန်ဇွန် ၆၊ ၁၉၆၈(1968-06-06) (အသက် ၄၂)
    Los Angeles, California, U.S.
    သင်္ဂြိုဟ်ရာနေရာArlington National Cemetery
    Arlington County, Virginia, U.S.
    38°52′52″N 77°04′17″W / 38.88118°N 77.07150°W / 38.88118; -77.07150
    နိုင်ငံရေးပါတီDemocratic Party
    ကြင်ဖော်Ethel Kennedy (လက်ထပ် 1950–68)
    (his death)
    သွေးသားတော်စပ်သူSee: Kennedy family
    သားသမီးKathleen Kennedy Townsend, Joseph, Robert Jr., David, Courtney, Michael, Kerry, Christopher, Max, Douglas, Rory
    မိခင်ကျောင်းHarvard University(A.B.)
    University of Virginia(LL.B.)
    ကျွမ်းကျင်မှုLawyer
    Politician
    ကိုးကွယ်သည့်ဘာသာRoman Catholic
    လက်မှတ်
    စစ်မှုထမ်းခြင်း
    သစ္စာခံနိုင်ငံ အမေရိကန်
    တပ်/တပ်ဖွဲ့ခွဲ United States Navy Reserve
    အမှုထမ်းကာလ1944–46
    ရာထူး Seaman Apprentice
    တပ်USS Joseph P. Kennedy, Jr.
    တိုက်ပွဲ/စစ်ပွဲများဒုတိယကမ္ဘာစစ်

    ထင်ရှားသော အမေရိကန်နိုင်ငံရေး သမား ရောဘတ် ဖရန့်စစ် (ဘော်ဘီ) ကနေဒီ အား ဘရွတ်ကလင်းမြို့တွင် ၁၉၂၅ခုနှစ်၊ နိုင်ဝင်ဘာလ၊ ၂၀ ရက်နေ့က ဖွားမြင်သည်။ အစ်ကိုဖြစ်သူ ဂျွန် ဖဇ်ဂါရက် ကနေဒီမှာ နောင်တွင် အမေရိကန် သမ္မတအဖြစ် ထင်ရှားလာသည့် သူဖြစ်သည်။ ဇနီးဖြစ်သူ အီသဲလ်နှင့် ဖူးစာစုံခဲ့ပြီး ၁၉၅၁ခုနှစ်တွင် ဥပဒေဘွဲ့ရရှိခဲ့သည်။ ထိုနောက်တွင် တရားရေးဝန်ကြီးဌာနတွင် ရှေ့နေအဖြစ် တာဝန်ထမ်းဆောင်ခဲ့သော်လည်း ၁၉၅၂ခုနှစ်တွင် အစ်ကိုဖြစ်သူ ဂျွန် အထက်လွှတ်တော်အမတ် ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးရာတွင် ပါဝင်ရန်အတွက် ရာထူးမှ နုတ်ထွက်ခဲ့သည် ။ ကနေဒီ သမ္မတဖြစ်သောအခါ ၁၉၆၀ခုနှစ် တွင် အမေရိကန်ပြည်ထောင်စု ရှေ့နေချုပ် အဖြစ်တာဝန်ထမ်းဆောင်ခဲ့သည်။ ပြည်သူ့အခွင့်အရေးလှုပ်ရှားမှုများတွင် အလေးပေးဆောင်ရွက်ခဲ့သည်။ သို့သော် နိုင်ငံရေးလောကသို့ ဝင်ရောက်ရန် ရည်ရွယ်၍ ၁၉၆၄ခုနှစ်တွင် ရှေ့နေချုပ်ရာထူးမှ နုတ်ထွက်သည်။ နယူးယောက်ပြည်နယ်အထက်လွှတ်တော်အမတ်အဖြစ် ရွေးကောက်ခံရပြီးနောက်တွင်တွင် ဒီမိုကရက်တစ်ပါတီ သမ္မတလောင်းအဖြစ် ပါတီတွင်းရွေးကောက်ပွဲ ပါဝင်ယှဉ်ပြိုင်နေစဉ်အတွင်းတွင် ဆာဟန်ဆာဟန် ဆိုသူ၏ လုပ်ကြံသတ်ဖြတ်ခြင်း ခံပြီး ၁၉၆၈ခုနှစ်၊ ဇွန်လ၊ ၄ ရက်နေ့တွင် ကွယ်လွန်သွားခဲ့သည်။ ထိုလုပ်ကြံမှုအား စုံစမ်းစစ်ဆေးမှုများပြုလုပ်ရာတွင် တွေ့ရှိချက်များမှာ အမျိုးမျိုးကွဲပြားနေသဖြင့် ယနေ့တိုင် အမှုပိတ်သိမ်းနိုင်ခြင်း မရှိသေးပေ။

    ရေးသားခဲ့သည့် စာအုပ်များ

    [ပြင်ဆင်ရန်]
    • အတွင်းရန်သူ (The Enemy Withing)
    • မိတ်ဆွေနှင့် ရဲရင့်သောရန်သူများသာ(Just Friends and Brave Enemies)
    • ပိုမိုသစ်လွင်သော ကမ္ဘာတစ်ခု ကြိုးပမ်းတည်ဆောက်ရေး (To Seeks a Newer World)