၂၀၁၀
၂၀၁၀ : ဇန်နဝါရီ • ဖေဖော်ဝါရီ • မတ် • ဧပြီ • မေ • ဇွန် • ဇူလိုင် • ဩဂုတ် • စက်တင်ဘာ • အောက်တိုဘာ • နိုဝင်ဘာ • ဒီဇင်ဘာ |
ထောင်စုနှစ်: | ၃ ထောင်စုနှစ် |
---|---|
ရာစုနှစ်များ: | |
ဆယ်စုနှစ်များ: | |
ခုနှစ်များ: |
၂၀၁၀ (MMX) သည် ဂရီဂေါရီးယန်း ပြက္ခဒိန်တွင် သောကြာနေ့မှ စတင်သော ပုံမှန်ခုနှစ်ဖြစ်ပြီး၊ ယနေ့ခေတ် (Common Era) နှင့် အေဒီ (Anno Domini) ၏ ၂၀၁၀ ကြိမ်မြောက် ခုနှစ်ဖြစ်ကာ၊ ၃ ထောင်စုနှစ်၏ ၁၀ ကြိမ်မြောက် ခုနှစ်၊ ၂၁ ရာစုနှစ်၏ ၁၀ ကြိမ်မြောက် ခုနှစ်ဖြစ်ပြီး ၂၀၁၀ ဆယ်စုနှစ်၏ ၁ ကြိမ်မြောက် ခုနှစ် ဖြစ်သည်။
ဇန်နဝါရီလ
[ပြင်ဆင်ရန်](၁) ရက်။
- ကာကွယ်ရေးဝန်ကြီးဌာနမှ ဒုတိယဗိုလ်ချုပ်ကြီးမြင့်ဆွေသည် ရန်ကုန်မြို့ သန့်ရှင်းသာယာလှပရေးနှင့် အဆင့်မြှင့်တင်ရေးဦးစီးကော်မတီ
အစည်းအဝေး(၁/၂၀၁၀)သို့ တက်ရောက်အမှာစကားပြောကြားသည်။
(၂) ရက်။
- မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်ရုံး၌ ကျင်းပသော ယင်း၏နှစ်ပတ်လည်အစည်းအဝေးနှင့် မြန်မာ့ရေထွက်ပစ္စည်းဈေးပွဲတော်
(၂၀၀၉-၂၀၁၀) ဖွင့်ပွဲအခမ်းအနားသို့ ကာကွယ်ရေးဝန်ကြီးဌာနမှ ဒုတိယဗိုလ်ချုပ်ကြီးမြင့်ဆွေ တက်ရောက်အမှာစကား ပြောကြားသည်။
(၃) ရက်။
- အယ်လ်ခိုင်ဒါလက်ခွဲ အကြမ်းဖက်အဖွဲ့၏ ခြိမ်းခြောက်မှုခံရပြီးနောက် ယီမင်နိုင်ငံရှိ ပြင်သစ်သံရုံးကို ပိတ်လိုက်ကြောင်း ပါရီရှိ
ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ကြေညာချက်ကို ဆင်ဟွာသတင်းဌာနက ဖော်ပြသည်။
(၄) ရက်။
- ပြည်ထောင်စု မြန်မာနိုင်ငံတော် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ၂၀၁၀ ပြည့်နှစ် (၆၂) နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားသို့ သဝဏ်လွှာပေးပို့ရာတွင် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံ ဥပဒေသစ်ကို ပြည်သူတို့၏တစ်ခဲနက်ထောက်ခံမှုဖြင့် အတည်ပြု
ပေးခဲ့ပြီး ယခုနှစ်တွင် ရွေးကောက်ပွဲများကို စနစ်တကျကျင်းပရေးအတွက် စီမံဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံတော်ရှေ့ဆက်သွားမည့် မူဝါဒလမ်းစဉ်အောင်မြင်ရေးအတွက် တိုင်းရင်းသားအားလုံး ပြည်ထောင်စုစိတ်ဓာတ်၊ မျိုးချစ်စိတ်ဓာတ်အပြည့်အဝဖြင့် ပူးပေါင်းပါဝင် ဆောင်ရွက်ကြရန်ဖြစ်ကြောင်းထည့်သွင်းဖော်ပြထားသည်။
(၅) ရက်။
- သတ္တုတွင်းဝန်ကြီးဌာန အမှတ် (၂) သတ္တုတွင်းလုပ်ငန်းနှင့် DELCOကုမ္ပဏီလီမိ တက်တို့က ကံပေါက်သတ္တုတွင်း၏ ထုတ်လုပ်မှုအပေါ်ခွေဲဝ
ခံစားသည့်စနစ်ဖြင့်သဘောတူစာချုပ် ချုပ်ဆိုသည့် အခမ်းအနားကို နေပြည်တော်ရှိ သတ္တုတွင်းဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ကျင်းပသည်။
(၇) ရက်။
- စစ်အစိုးရ၏ လျှို့ဝှက်သတင်းများ ပေါက်ကြားမှုကြောင့် စစ်တပ်အရာရှိဟောင်း ဗိုလ်မှူးဝင်းနိုင်ကျော်ကို အင်းစိန်ထောင်တွင် သေဒဏ်နှင့် ထောင်ဒဏ် အနှစ်၂၀ ချမှတ်ခဲ့သည်။
- ရန်ကုန်မြို့ တပ်မတော် ဆေးတက္ကသိုလ် စစ်ရေးပြကွင်း၌ကျင်းပသော တပ်မတော်သူနာပြုနှင့် ဆေးဘက်ပညာတက္ကသိုလ်၊ သင်တန်း
အမှတ်စဉ်(၇) သင်တန်းဆင်းဂုဏ်ပြု စစ်ရေးပြအခမ်းအနားသို့ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးမောင်အေး တက်ရောက်မိန့်ခွန်းပြောကြားသည်။
(၁၂) ရက်။
- ဟေတီနိုင်ငံ၌ ရစ်ချ်တာ စကေး ၇.၀ ရှိ အင်အားပြင်း ငလျင်လှုပ်ရာအသေအပျောက်နှင့် အပျက်အစီးများစွာရှိကြောင်း နိုင်ငံတကာသတင်းဌာနများက ထုတ်လွှင့်သည်။
ဖေဖော်ဝါရီလ
[ပြင်ဆင်ရန်](၁) ရက်။
မတ်လ
[ပြင်ဆင်ရန်](၈) ရက်။
- ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥပဒေ၊ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ၊ ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲဥပဒေ၊ အမျိုးသားလွှတ်တော်ရွေးကောက်ပွဲဥပဒေ၊ တိုင်းဒေသကြီးလွှတ်တော်/ပြည်နယ်လွှတ်တော်ဥပဒေများ ပြဋ္ဌာန်းခဲ့သည်။
(၁၁) ရက်။
- အဖွဲ့ဝင် (၁၈) ဦးပါဝင်သည့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို
ဖွဲ့စည်းသည်။
ဧပြီလ
[ပြင်ဆင်ရန်](၂၄) ရက်။
- စာရေးဆရာ သာဂဒိုး ကွယ်လွန်။
မေလ
[ပြင်ဆင်ရန်](၁၆) ရက်။
- စာရေးဆရာ၊ အဆိုတော်၊ ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီ သုမောင် ကွယ်လွန်။
(၂၄) ရက်။
- ရန်ကုန်မြို့၊ မင်္ဂလာဈေး မီးလောင်သည်။
ဇွန်လ
[ပြင်ဆင်ရန်](၁၁) ရက်။
- ပုဂ္ဂလိကပိုင် လောင်စာဆီဆိုင်များ ရန်ကုန်တွင် ယနေ့ စတင်ရောင်းချသည်။
ဇူလိုင်လ
[ပြင်ဆင်ရန်](၁) ရက်။
ဩဂုတ်လ
[ပြင်ဆင်ရန်](၁၁) ရက်။
- လွှတ်တော်အသီးသီးအတွက် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ
ကျင်းပမည့်ရက်ကို ထုတ်ပြန်ကြေညာခဲ့သည်။ (၁၇) ရက်။
- သတင်းစာဆရာ သခင်အုန်းမြင့် ကွယ်လွန်။
စက်တင်ဘာလ
[ပြင်ဆင်ရန်](၂၃) ရက်။
- စာရေးဆရာ မိုးဟိန်း(သားဂျာနယ်ကျော်) ကွယ်လွန်။
အောက်တိုဘာလ
[ပြင်ဆင်ရန်](၂) ရက်။
- ရုပ်ရှင်သရုပ်ဆောင် ဒေါ်တင်တင်လှ ကွယ်လွန်။
(၂၁) ရက်။ ညနေ ၃-နာရီ
- မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးနောက် ၂၀၀၈-ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ တတိယမြောက် အလံအား စတင် ပြောင်းလဲ။
နိုဝင်ဘာလ
[ပြင်ဆင်ရန်](၄) ရက်။
- နိုင်ငံတော်အေးချမ်းသာယာရေး နှင့် ဖွံ့ဖြိုးရေး ကောင်စီ ဥက္ကဋ္ဌသန်းရွှေ လက်မှတ်ရေးထိုးထုတ်ပြန်ခဲ့သော ဥပဒေအမိန့်များမှာ
- ၁၉၄၈ ခုနှစ် လက်နက်ကိုင်တပ်ပေါင်းစုံ (ပြောင်းရွှေ့ရေး) အက်ဥပဒေ၊ ပြင်ဆင်သည့်ဥပဒေ
- တပ်မတော်အက်ဥပဒေ (၁၉၅၉ ခုနှစ်) ပြင်ဆင်သည့်ဥပဒေ
- တပ်မတော်ဆိုင်ရာ သယ်ယူပို့ဆောင်ရေး အသုံးပြုခြင်းဥပဒေ၊
- တပ်မြို့စည်ပင်သာယာရေးဥပဒေ၊
- နိုင်ငံတော်ကာကွယ်ရေး အဆောက်အအုံနှင့် လုပ်ငန်းများဥပဒေ၊
- ပြည်သူ့စစ်မှုထမ်းဥပဒေ၊
- ရေယာဉ်များ လက်နက်တပ် ဆင်မှုတားမြစ်ရေးဥပဒေ
- အရန်တပ်ဖွဲ့ဥပဒေ
(၅) ရက်။
- စာရေးဆရာ၊ ဒါရိုက်တာ တင်သန်းဦး ကွယ်လွန်။
(၇) ရက်။
- ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကျင်းပသည်။
(၁၃) ရက်။
- ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်မှ ပြန်လည် လွတ်မြောက်။
ဒီဇင်ဘာလ
[ပြင်ဆင်ရန်](၁) ရက်။