၁၉၄၆ ခုနစ် အထွေထွေ သပိတ်

ဝီကီပီးဒီးယား မှ

၁၉၄၆ ခုနစ် အထွေထွေ သပိတ်[ပြင်ဆင်ရန်]

၁၉၄၆ ခုနစ် ၊ စက်တင်ဘာလ အထွေထွေ သပိတ်ကြီးသည် မြန်မာနိုင်ငံသို့ ဆာဟူးဘတ်ရန့်စ် ရောက်ရှိပြီးနောက် ပေါ်ပေါက်လာခဲ့ခြင်းဖြစ်သည်။ ဦးအေး၊ ဦးစိုးရှိန်၊ ဦးဝမ်းမောင်၊ မြို့မ-ဦးသန်းကြွယ်၊ စာတိုက်ဦးထွန်းတို့ ခေါင်းဆောင်သည့် ပုလိပ်သပိတ်၊ ကျောင်းသားသပိတ်၊ စာတိုက်အလုပ်သမားများ သပိတ်၊ သမဂ္ဂပေါင်းစုံ သပိတ်များဖြင့် သပိတ်တိုက်ပွဲများ ဆက်တိုက်ဖြစ်ပေါ်ခဲ့ပြီး ဗြိတိသျှအစိုးရ၏ အုပ်ချုပ်ရေး ယန္တရားကြီးတစ်ခုလုံး ရပ်ဆိုင်းလုနီးပါးဖြစ်ခဲ့သည်။ ဆာပေါ်ထွန်းခေါင်းဆောင်သော ရုပ်သေးအစိုးရ ပြုတ်ကျခဲ့သည်။ ဘုရင်ခံဆာဟူးဘတ်ရန့်စ်က ဗိုလ်ချုပ်အောင်ဆန်း ခေါင်းဆောင်သော ဖဆပလအဖွဲ့ချုပ်မှ ကိုယ်စားလှယ်များကို ဖိတ်ခေါ်ပြီး ဘုရင်ခံအလုပ်အမှုဆောင်(ဝန်ကြီး)အဖွဲ့ကို ဖွဲ့စည်းရန် မေတ္တာရပ်ခံခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်သော မျိုးချစ် ပုဂ္ဂိုလ်များ ဘုရင်ခံ အလုပ်အမှုဆောင်အဖွဲ့တွင် ပါဝင်နိုင်ခဲ့သည်။

အဆိုပါ ၁၉၄၆ ခုနစ် အထွေထွေ သပိတ်တွင် ဗမာ နိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ သပိတ်မှောက် ကောင်စီ ဒုတိယ ဥက္ကဋ္ဌ မြို့မ-ဦးသန်းကြွယ်သည် အတွင်းဝန်ရုံးအပြင်ဘက်တွင်သာမက အတွင်းဝန်ရုံးအတွင်း ဝင်၍ အရေးဆိုခဲ့ရာတွင် မြန်မာနိုင်ငံကျောင်းသားထု တစ်ရပ်လုံးအား ဦးဆောင်ခဲ့သည်။လင်းယုန်မောင်မောင် ဦးသာထွန်း (ရှေ့နေချုပ်)၊ ဦးသန်းဆွေ (သံအမတ်ကြီး ဦးသန်းဆွေ)၊ ဦးမျိုးမြင့် (မြို့မ-ဦးသန်းကြွယ်၏ညီ၊ O.T.S အပတ်စဉ် ၈၊ လူထု ပညာရေးမှူး)၊ ဦးမျိုးသန့် (မြို့မ-ဦးသန်းကြွယ်၏ညီ၊ ပါလီမန်ဒီမိုကရေစီ ဝန်ကြီးချုပ် ဦးနု အစိုးရ၏ သတင်း ပြန်ကြားရေးမှူး၊ မန်းနေးဂျင်း ဒါရိုက်တာ ဘီအိုစီ)၊ ဦးရဲမြင့် (ဗိုလ်ကြီးရဲမြင့်အောင်)၊ ဒေါက်တာ သန်းထွန်း (သမိုင်းပါမောက္ခ)၊ ဦးညွန့်လွင် (ဗိုလ်မှူးညွန့်လွင်)၊ သံမဏိ ဦးကျင်လှိုင် (ဆောက်လုပ်ရေး ဒုတိယ ဝန်ကြီး)၊ ဦးရန်ဝေး၊ ဒေါက်တာ မောင်မောင်ကျော်၊ ဦးစိန်လှ၊ ဦးရွှေတင် (ရေကြောင်းသိပ္ပံကျောင်းအုပ်ကြီး Captain ရွှေတင်) စသော ကျောင်းသားခေါင်းဆောင် များသည်လည်း တက်ကြွစွာ ပါဝင်ခဲ့ကြသည်။


ကိုးကား[ပြင်ဆင်ရန်]