အူရီဒူး မြန်မာ
ပုံပန်းသွင်ပြင်
အမျိုးအစား | ပုဂ္ဂလိက |
---|---|
လုပ်ငန်း | ဆက်သွယ်ရေး |
တည်ထောင်သည့်နှစ် | ဩဂုတ် ၂၀၁၄ |
ဌာနချုပ် | ရန်ကုန်၊ မြန်မာ |
အရေးပါ ပုဂ္ဂိုလ်များ | Vikram Sinha (CEO) |
အလုပ်သမားဦးရေ | ၁၀၀၀ |
ဝက်ဘ်ဆိုက် | ooredoo.com.mm |
အူရီဒူးမြန်မာ (အင်္ဂလိပ်: Ooredoo Myanmar) သည် မြန်မာနိုင်ငံတွင် မိုဘိုင်းဆက်သွယ်ရေး ဝန်ဆောင်မှုပေးနေသော ကာတာနိုင်ငံ အခြေစိုက် ဆက်သွယ်ရေးကုမ္ပဏီ တစ်ခုဖြစ်သည်။[၁] မြန်မာနိုင်ငံတွင် ၂၀၁၄ ခုနှစ် ဩဂုတ်လ မှစတင်၍ ဝန်ဆောင်မှု ပေးနိုင်ခဲ့သည်။
မြန်မာနိုင်ငံအတွက် ပထမဦးဆုံး 4G LTE Network ဝန်ဆောင်မှုကို ၂၀၁၆ ခုနှစ် မေလ ၂၀ ရက်နေ့တွင် စတင်မိတ်ဆက်ခဲ့သည်။