မာတိကာသို့ ခုန်သွားရန်

အူရီဒူး မြန်မာ

ဝီကီပီးဒီးယား မှ
အူရီဒူး မြန်မာ
Ooredoo Myanmar
အမျိုးအစားပုဂ္ဂလိက
လုပ်ငန်းဆက်သွယ်ရေး
Fateရောင်းချပြီး ယူနိုင်း အဖြစ် ပြန်လည်အမည်ပြောင်းထားသည်
တည်ထောင်သည့်နှစ်ဩဂုတ် ၂၀၁၄
ဌာနချုပ်ရန်ကုန် မြန်မာ
အရေးပါ ပုဂ္ဂိုလ်များVikram Sinha (CEO)
အလုပ်သမားဦးရေ၁၀၀၀
ဝက်ဘ်ဆိုက်ooredoo.com.mm

အူရီဒူးမြန်မာ (အင်္ဂလိပ်: Ooredoo Myanmar) သည် မြန်မာနိုင်ငံတွင် မိုဘိုင်းဆက်သွယ်ရေး ဝန်ဆောင်မှုပေးနေသော ကာတာနိုင်ငံ အခြေစိုက် ဆက်သွယ်ရေးကုမ္ပဏီ တစ်ခုဖြစ်သည်။[] မြန်မာနိုင်ငံတွင် ၂၀၁၄ ခုနှစ် ဩဂုတ်လ မှစတင်၍ ဝန်ဆောင်မှု ပေးနိုင်ခဲ့သည်။

အူရီဒူး မြန်မာ အမှတ်တံဆိပ်ဟောင်း (၂၀၁၄-၂၀၂၂)

မြန်မာနိုင်ငံအတွက် ပထမဦးဆုံး 4G LTE Network ဝန်ဆောင်မှုကို ၂၀၁၆ ခုနှစ် မေလ ၂၀ ရက်နေ့တွင် စတင်မိတ်ဆက်ခဲ့သည်။

၂၀၂၀ ပြည့်နှစ်တွင် သုံးစွဲသူ ၁၅ သန်းရှိ ဆက်သွယ်ရေးကုမ္ပဏီတစ်ခု ဖြစ်လာခဲ့သည်။၂၀၂၁ နောက်ပိုင်းတွင်မူ သုံးစွဲသူသည် ၉ သန်းအောက်အထိ လျော့ကျသွားခဲ့သည်။

၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၈ ရက် တွင် ကာတာနိုင်ငံ၊  ဒိုဟာအခြေစိုက် Ooredoo ကုမ္ပဏီသည် မြန်မာနိုင်ငံရှိ ၎င်းတို့၏ဆက်သွယ်ရေးလုပ်ငန်းများအား စင်ကာပူတွင် မှတ်ပုံတင်ထားသည့် Nine Communications ကုမ္ပဏီထံ အမေရိကန်ဒေါ်လာ ၅၇၆ သန်းဖြင့် ရောင်းချ၍ ထွက်ခွာတော့မည့်အကြောင်းအား အသိပေး ကြေညာခဲ့သည်။[]

ယင်းနောက် ၂၀၂၅ ခုနှစ်၊စက်တင်ဘာ ၁၁ ရက် တွင် အူရီဒူးမြန်မာအား “ယူနိုင်း” အမည်သို့ တရားဝင် ပြောင်းလဲတော့မည့်အကြောင်း Nine Communications ကုမ္ပဏီမှ သတင်း ထုတ်ပြန်လာခဲ့ပြီး၊ စက်တင်ဘာ ၂၀ ရက်နေ့မှ စတင်ကာ ယူနိုင်း အမည်သစ်သို့ ပြောင်းလဲခဲ့ကာ၊အူရီဒူးမြန်မာ သည် မြန်မာနိုင်ငံ မှ အပြီးတိုင် ထွက်ခွာသွားခဲ့သည်။[]

ဆက်စပ်ဖတ်ရှုရန်

[ပြင်ဆင်ရန်]

ကိုးကား

[ပြင်ဆင်ရန်]
  1. Myanmar Ooredoo။ 2016-05-03 တွင် ပြန်စစ်ပြီး။
  2. Ooredoo Group Announces the Sale of its Telecom Business in Myanmar to Nine Communications Pte. Ltd at an Enterprise Value of USD 576 million ooredoo (8 Sep 2022)။ 25 Oct 2025 တွင် ပြန်စစ်ပြီး။
  3. အော်ရီဒူးကို U9 လို့ နာမည်ပြောင်းမယ် BBC (၁၂ စက်တင်ဘာ ၂၀၂၅)။ ၂၅ အောက်တိုဘာ ၂၀၂၅ တွင် ပြန်စစ်ပြီး။

ပြင်ပလင့်ခ်များ

[ပြင်ဆင်ရန်]