အီဖီးဆပ်ရှိ အာတဲမိ ဘုရားကျောင်း

ဝီကီပီးဒီးယား မှ
color view of reconstructed model of Temple of Artemis, at Miniatürk Park, Istanbul, Turkey
အာတဲမိ ဘုရားကျောင်း၏ ပုံစံ အဆောက်အဦးသည် တူရကီနိုင်ငံ အစ်စတန်ဘူလ်မြို့ရှိ မီနီအာတပ်ပန်းခြံ အတွင်းတွင် ရှိပြီး ပထမ ဘုရားကျောင်း၏ ပုံပန်းသဏ္ဌန်ဟု ယူဆရသော ပုံနှင့် တူညီအောင် ကြိုးစားတည်ဆောက်ထားသည်။

အာတဲမိ ဘုရားကျောင်း သို့မဟုတ် အာတဲမိဆိယံအား ဒိုင်ယာနာ ဘုရားကျောင်းဟုလည်း ခေါ်ကြပြီး ဂရိဘုရားကျောင်းတစ်ခု ဖြစ်ခဲ့ကာ အာတဲမိနတ်သမီး အတွက် ရည်စူး ဆောက်လုပ်ထားခြင်း ဖြစ်သည်။ ထိုဘုရားကျောင်းမှာ အီဖီးဆပ် (ယနေ့ခေတ် တူရကီနိုင်ငံရှိ ဆယ်လ်စုမြို့ အနီး)တွင် တည်ရှိသည်။ ရှေးခေတ် ရှေးခေတ်ကမ္ဘာ့အံဖွယ်ခုနစ်ပါးတွင် တစ်ခု အပါအဝင် ဖြစ်ပြီး သုံးကြိမ် တိတိ ပြန်လည်တည်ဆောက်ခဲ့ကာ အေဒီ ၄၀၁ ခုနှစ်တွင် လုံးဝပျက်စီး သွားခဲ့သည်။[၁] နောက်ဆုံး ဘုရားကျောင်း၏ အုတ်မြစ်နှင့် ရုပ်တု အပိုင်းအစများသာ ကြွင်းကျန်ရစ်ခဲ့သည်။

ကိုးကား[ပြင်ဆင်ရန်]

  1. John Freely, The Western Shores of Turkey: Discovering the Aegean and Mediterranean Coasts 2004, p. 148; Clive Foss, Ephesus after antiquity: a late antique, Byzantine, and Turkish city, Cambridge University Press, 1979, pp. 86 - 89 & footnote 83.