မာတိကာသို့ ခုန်သွားရန်

အိုင်ယာလန်နိုင်ငံ

ဝီကီပီးဒီးယား မှ
(အိုင်ယာလန် မှ ပြန်ညွှန်းထားသည်)
အိုင်ယာလန် သမ္မတနိုင်ငံ
Éire
အိုင်ယာလန်နိုင်ငံ၏ အလံတော်
အလံတော်
အိုင်ယာလန်နိုင်ငံ၏ နိုင်ငံတော်အထိမ်းအမှတ်တံဆိပ်
အမှတ်တံဆိပ်
နိုင်ငံတော် သီချင်း: The Soldier's Song
အိုင်ယာလန်နိုင်ငံ ၏ တည်နေရာ
မြို့တော်ဒပ်ဗလင်မြို့
ရုံးသုံး ဘာသာစကားများအိုင်းရစ်ခ်ျအင်္ဂလိပ်
အစိုးရ
• သမ္မတ
မေရီ မက်အယ်လိစ်
ဧရိယာ
• စုစုပေါင်း
၇၀,၂၇၃ (အဆင့်: ၁၁၉)
• ရေထု (%)
လူဦးရေ
• ခန့်မှန်း
၄,၄၇၀,၇၀၀ (အဆင့် - ၁၂၀)
• သိပ်သည်းမှု
၆၃.၄ (အဆင့် - ၁၃၉)
GDP (PPP)ခန့်မှန်း
• စုစုပေါင်း
၁၆၅.၈၉၃ ဘီလီယံ
• Per capita
အမေရိကန်ဒေါ်လာ ၃၈,၈၁၆
ငွေကြေးယူရို (€)
အချိန်ဇုန်ဂရင်းနစ် +၀
ဂရင်းနစ် +၁
တယ်လီဖုန်းကုဒ်+၃၅၃
Internet TLD.ie


အိုင်ယာလန် သမ္မတနိုင်ငံဟု တရားဝင်ခေါ်ဆိုသော အိုင်ယာလန်နိုင်ငံသည် အနောက်ဥရောပတွင် ရှိသော နိုင်ငံတစ်နိုင်ငံ ဖြစ်သည်။ ၁၉၂၁ ခုနှစ်တွင် အုပ်ချုပ်ရေး ဒေသနှစ်ခု အဖြစ် ခွဲခြားခဲ့သော အိုင်ယာလန်ကျွန်း၏ ခြောက်ပုံငါးပုံမျှကို နေရာယူထားသည်။ ယူနိုက်တက် ကင်းဒမ်း၏ တစိတ်တဒေသ ဖြစ်သော မြောက်အိုင်ယာလန်နှင့် ကုန်းမြေနယ်နိမိတ်ချင်း ထိစပ်လျက် ရှိသည်။ အခြားနေရာများတွင်မူ အရှေ့ဘက်တွင် အတ္တလန္တိတ် သမုဒ္ဒရာနှင့် အိုင်းရစ်ရှ် ပင်လယ်၊ အရှေ့တောင်ဘက်တွင် စိန့်ဂျော့ခ်ရှ် ရေလက်ကြား၊ တောင်ဘက်တွင် ဆဲလ်တစ်ပင်လယ်တို့နှင့် ထိစပ်လျက် ရှိသည်။

အိုင်းရစ်ရှ် လွတ်လပ်ရေး စစ်ပွဲအပြီးတွင် အင်ဂလို-အိုင်းရှစ်ရှ် စာချုပ်ကို ချုပ်ဆိုခဲ့ပြီး ထိုစာချုပ်ကြောင့် ဗြိတိသျှ ဓနသယာယနိုင်ငံ အတွင်းတွင် လွတ်လပ်သော အိုင်းရစ်ရှ်နိုင်ငံကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအဖြစ် ၁၉၂၂ ဒီဇင်ဘာလ ၆ ရက်တွင် တည်ထောင်ခဲ့သည်။ ဝက်စ်မင်စတာ ဥပဒေ နှင့် ၁၉၃၆ခုနှစ် နန်းစွန့်ခြင်း အရေးအခင်းကြောင့် အိုင်းရစ်ရှ်နိုင်ငံ၏ အချုပ်အခြာအာဏာ ပိုင်ဆိုင်မှုမှာ ပိုမိုတိုးပွားလာခဲ့သည်။ ၁၉၃၇ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့သော ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အသစ်တွင် အိုင်ယာလန်ကိုလုံးဝ အချုပ်အခြာအာဏာ ပိုင်ဆိုင်သော နိုင်ငံတစ်နိုင်ငံ အဖြစ် ကြေညာခဲ့သည်။ ၁၉၄၉ ခုနှစ်တွင် အမျိုးသားလွှတ်တော်မှ အိုင်ယာလန်သမ္မတနိုင်ငံ ဥပဒေကို ပြဋ္ဌာန်းအပြီးတွင် အိုင်ယာလန် ထီးနန်း၏ လက်ကျန် တာဝန်တို့ကို လုံးဝ ပယ်ဖျက်ခဲ့ပြီး ယူနိုက်တက်ကင်းဒမ်းနှင့် နောက်ဆုံးကျန်နေသေးသော ဆက်စပ်မှု ကို ဖြတ်တောက်ပစ်ခဲ့သည်။ အိုင်ယာလန်သည် ဗြိတိသျှ ဓနသဟာယ နိုင်ငံတွင် အစည်းအဝေးတက်ခြင်းကို ၁၉၃၇ ခုနှစ် ကတည်းက ရပ်တန့်ခဲ့ပြီး ဗြိတိန်မှ ၁၉၄၉ အိုင်ယာလန် သမ္မတနိုင်ငံ ဥပဒေဖြင့် အသိအမှတ် ပြုခဲ့သည်။

အိုင်ယာလန်သည် ဗြိတိသျှတို့ အုပ်ချုပ်စဉ်အချိန်ကနှင့် လွတ်လပ်ရေး ရခါစအချိန်က ဥရောပတွင် အဆင်းရဲဆုံး နိုင်ငံများတွင် တစ်နိုင်ငံ အပါအဝင်ဖြစ်ခဲ့ပြီး နိုင်ငံသားအဖြစ်မှ စွန့်ပစ်သူ အများအပြား ရှိခဲ့သည်။ သို့သော်လည်း ထိုအချိန်က အခြားနိုင်ငံ အများစုနှင့် နှိုင်းယှဉ်လျှင် ပိုမို၍ ဒီမိုကရေစီ ပြည့်ဝပြီး ကြွေးမှီကင်းရှင်းသော နိုင်ငံ ဖြစ်သည်။ ၁၉၅၀ နှောင်းပိုင်းကာလများတွင် နိုင်ငံ၏ အကျိုးအမြတ် ကာကွယ်ခြင်းကို ရှေးရှုသော စီးပွားရေး စနစ်ကို စတင်ခဲ့ပြီ: ၁၉၇၃ တွင် ဥရောပ သမဂ္ဂ သို့ ဝင်ရောက်ခဲ့သည်။ ၁၉၈၀ ပြည့်နှစ်များ နှောင်းပိုင်းတွင် စီးပွားပျက်ကပ် အပြီးနောက် စီးပွားရေး ပြုပြင်ပြောင်းလဲမှုများကို အကြီးအကျယ် ပြုလုပ်ခဲ့ပြီး အခွန်ကောက်ခံခြင်းနှင့် ဥပဒေ စဉ်းမျဉ်းများကို သိသာစွာ လျော့ချပစ်ခဲ့သည်။ ၁၉၉၅ မှ ၂၀၀၇ ခုနှစ်အထိ ဆဲလ်တစ် တိုင်းဂါးကာလ ဟု ခေါ်သည့် လျင်မြန်သော စီးပွားရေး တိုးတက်သည့်ခေတ်ကာလ အဖြစ် တည်ရှိခဲ့သည်မှာ ၂၀၀၇-၂၀၁၀ စီးပွားပျက်ကပ်ဆိုက်သည် အထိပင် ဖြစ်သည်။

အိုင်ယာလန်နိုင်ငံသည် ပါလီမန်ဒီမိုကရေစီစနစ် ကျင့်သုံးပြီး ဖွဲ့စည်းပုံအခြေခံ ဥပဒေ အရ သမ္မတနိုင်ငံ ဖြစ်သည်။ ကမ္ဘာပေါ်တွင် အတိုးတက်ဆုံးသော နိုင်ငံများတွင် အပါအဝင် ဖြစ်ပြီး လူထုဖွဲ့ဖြိုးရေး ညွှန်းကိန်းတွင် ပဉ္စမနေရာ ရှိသည်။ အီကော်နောမစ် အင်တဲလ်လီးဂျင့် ယူနစ်၏ နေထိုင်မှု အရည်အသွေး ညွှန်းကိန်းတွင် ပထမရှိပြီး ကမ္ဘာ့ငြိမ်းချမ်းရေး ညွှန်းကိန်းတွင် ဆဋ္ဌမ နေရာ ရှိသည်။ သတင်းစာ လွတ်လပ်ခွင့်၊စီးပွားရေး လွတ်လပ်ခွင့်၊ ဒီမိုကရေစီနှင့် နိုင်ငံရေး လွတ်လပ်မှု တို့တွင်လည်း အဆင့်မြင့်မားစွာ သတ်မှတ်ခြင်း ခံရသည်။ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့နှင့် ကုလသမဂ္ဂတို့၏ အဖွဲ့ဝင်နိုင်ငံလည်း ဖြစ်သည်။

သမိုင်းကြောင်း

[ပြင်ဆင်ရန်]

နိုင်ငံရေး

[ပြင်ဆင်ရန်]

စီးပွားရေး

[ပြင်ဆင်ရန်]

လူနေမှုစရိုက်လက္ခဏာ

[ပြင်ဆင်ရန်]

ယဉ်ကျေးမှု

[ပြင်ဆင်ရန်]

ကိုးကား

[ပြင်ဆင်ရန်]