မာတိကာသို့ ခုန်သွားရန်

အလန် ကျူးရင်း

ဝီကီပီးဒီးယား မှ
အလန် ကျူးရင်း
OBE FRS
Turing in 1936
ဇာတိအမည်Alan Turing  (အင်္ဂလိပ်)
မွေးဖွားAlan Mathison Turing
(1912-06-23)၂၃ ဇွန်၊ ၁၉၁၂
မေဒါဗေးလ်၊ လန်ဒန်၊ အင်္ဂလန်
ဆုံးပါး၇ ဇွန်၊ ၁၉၅၄(1954-06-07) (အသက် ၄၁)
Wilmslow, Cheshire, England
အငြင်းပွါးဖွယ် (ဆိုက်ယာနိုက်အဆိပ်သင့်ခြင်း သို့မဟုတ် သေကြောင်းကြံစည်ခြင်း)[note ၁]
နယ်ပယ်
အဖွဲ့အစည်းဌာန
မိခင်ကျောင်း
ဘွဲ့ယူစာတမ်းSystems of Logic Based on Ordinals (1938)
ပါရဂူဘွဲ့ ကြီးကြပ်သူAlonzo Church[]
ပါရဂူဘွဲ့ယူ တပည့်များ
ကျော်ကြားမှုအရင်းခံ
ထင်ပေါ်ကျော်ကြား ဆုတံဆိပ်များSmith's Prize (1936)
လက်တွဲဖော်Joan Clarke[note ၂]
လက်မှတ်

အလန် မတ်သီဆွန် ကျူရင်း (အင်္ဂလိပ်: Alan Mathison Turing/ˈtjʊərɪŋ/၊ ၂၃ ရက် ဇွန်လ ၁၉၁၂ ခုနှစ် - ၇ ရက် ဇွန်လ ၁၉၅၄ ခုနှစ်) သည် ဗြိတိန်လူမျိုး ကွန်ပြုတာသိပ္ပံ စွန့်ဦးတီထွင်သူ၊ သင်္ချာပညာရှင်၊ ယုတ္တိဗေဒပညာရှင်၊ ဝှက်စာပညာရှင်နှင့် ဇီဝဗေဒပညာတွင် အသုံးချသင်္ချာပညာရှင် ဖြစ်သည်။ သူသည် ယနေ့ခေတ် ကွန်ပြုတာသိပ္ပံပညာရပ်တွင် များစွာ လွှမ်းမိုးမှုရှိသော ပုဂ္ဂိုလ်ဖြစ်ပြီး သူတီထွင်ခဲ့သော ကျူးရင်းမက်ရှင်း၏ အယ်ဂိုရစ်သမ်နှင့် တွက်ချက်မှု သဘောတရား အနှစ်သာရသည် ယနေ့ခေတ် ကွန်ပြုတာလောကကို များစွာအထောက်အပံ့ဖြစ်စေခဲ့သည်။ ထိုကျူးရင်းမက်ရှင်းသည် ယနေ့ခေတ်ကွန်ပြုတာများ၏ ကနဦးပုံစံဖြစ်ခဲ့သည်။ ထိုကြောင့် ကျူးရင်းကို အသွင်ယောင် အသိဉာဏ် နှင့် ကွန်ပြုတာသိပ္ပံ၏ ဖခင်အဖြစ် မှတ်ယူနိုင်ပေသည်။[] []

ဒုတိယကမ္ဘာစစ်အတွင်း ကျူးရင်းသည် ဗြိတိသျှဝှတ်စာဖော်ထုတ်ရေးစင်တာဖြစ်သော ဘလက်ချလေပန်းခြံရှိ အစိုးရဆိုင်ရာ ဝှက်စာနှင့်သင်္ကေတကျောင်း Government Code and Cypher School (GS&CS) တွင် အလုပ်လုပ်ခဲ့ပြီး Hut 8 ကို ဦးဆောင်ခဲ့သည်။ ထိုအဖွဲ့သည် ဂျာမန်ရေတပ်၏ဝှက်စာကို ချိုးဖျက်ရန်အတွက် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။ ဂျာမန်ဝှက်စာတို့ကို ချိုးဖျက်ရန်အတွက် သူသည် နည်းပညာတော်တော်များများ စဉ်းစားတီထွင်ခဲ့သည်။ ထိုအထဲတွင် စစ်ကြိုခေတ်က ပိုလန်လူမျိုးတို့၏ Bomba ကို အဆင့်မြှင့်ထားသည့်နည်းလမ်း၊ အဲနစ်ဂမာမက်ရှင်း၏ Setting ကို ရှာနိုင်သော electromechanical machine တို့ပါဝင်သည်။ ကျူးရင်းသည် ကြားဖြတ်နားထောင်ခဲ့သော ဝှက်စာကြေးနန်းတို့ကို ဖော်ထုတ်ရာတွင် အဓိကကျသော နေရာတွင် ပါဝင်ခဲ့သည်။ ထိုကြိုးပမ်းမှုများကြောင့် အတ္တလန်တိတ်တိုက်ပွဲကဲ့သို့သော အရေးပါသည့်တိုက်ပွဲများတွင် မဟာမိတ်တို့အား အရေးသာစေခဲ့ပြီး နာဇီဂျာမန်တို့အား ရှုံးနိမ့်စေခဲ့သည်။[]

စစ်ပြီးသည်နောက်မှာတော့ သူသည် အမျိုးသားရူပဗေဒဆိုင်ရာစမ်းသပ်ရေးဌာနတွင် အလုပ်လုပ်ခဲ့ပြီး အလိုအလျောက်တွက်ချက်နိုင်သည့်စက်ကို ဒီဇိုင်းဆွဲခဲ့သည်။ ၎င်းသည် ပရိုဂရမ်သိမ်းဆည်းနိုင်သော ကွန်ပြုတာတို့၏ ပထမဆုံးဒီဇိုင်းဖြစ်လာခဲ့သည်။ ၁၉၄၈ ခုနှစ်တွင် သူသည် မန်ချက်စတာတက္ကသိုလ်ရှိ မက်ခ်နယူးမန်း၏ တွက်ချက်မှုဆိုင်ရာစမ်းသပ်ရေးဌာနနှင့်ဆက်သွယ်ခဲ့ပြီး မန်ချက်စတာကွန်ပြူတာများ တီထွင်လေ့လာမှုကို တိုးတက်အောင် ကူညီခဲ့လေသည်။[]နောက်ပိုင်းတွင် သူသည် သင်္ချာဇီဝဗေဒကို စိတ်ပါဝင်စားလာခဲ့ပြီး Morphogenesis ၏ ဓာတုအခြေခံစာတမ်းငယ်ကို ရေးသားခဲ့သည်။

ကျူးရင်းသည် လိင်တူချင်းကြိုက်နှစ်သက်မှုအက်ဥပဒေအရ ၁၉၅၂ ခုနှစ်တွင် တရားစွဲခြင်းခံခဲ့ရသည်။ ထိုအချိန်က ထိုကဲ့သို့သော အပြုအမူသည် ယူနိုက်တက်ကင်းဒမ်းတွင် ရာဇဝတ်မှု မြောက်ဆဲဖြစ်သည်။ သူသည် ထောင်ဒဏ်အစား ဓာတုနည်းဖြင့် ကုသခြင်းကို ရွေးချယ်ခဲ့သည်။ ၁၉၅၄ ခုနှစ်တွင် ကျူးရင်းကွယ်လွန်ခဲ့သည်။ ထိုနေ့သည် ၄၂ နှစ်မြောက်မွေးနေ့မတိုက်မီ ၁၆ ရက်နေ့အလိုဖြစ်ပြီး ဆိုင်ယမ်နိုက်အဆိပ်သင့်၍ သေဆုံးခဲ့ခြင်း ဖြစ်သည်။ သေမှုသေခင်းစစ်ဆေးသူ၏ ဆုံးဖြတ်ချက်အရ သူသည် ကိုယ့်ကိုယ်ကို သတ်သေခြင်းဖြစ်သည်ဟု ဆိုသည်။ သို့သော် တွေ့ရှိရသော သက်သေ များအရ ၎င်းအဖြစ်အပျက်သည် မတော်မဆ အဆိပ်သင့်ခြင်းနှင့်လည်း တူညီနေသည်။[] ၂၀၀၉ ခုနှစ်တွင် အင်တာနက်ကန်ပိန်းအရ ဗြိတိသျှဝန်ကြီးချုပ် ဂေါ်ဒွန်ဘရောင်းသည် “သူကိုဆိုးရွားသောနည်းလမ်းဖြင့် ကုသခဲ့မှု” အပေါ် ဗြိတိသျှအစိုးရအစား တရားဝင်လူထုတောင်းပန်မှုတစ်ခု ပြုလုပ်ခဲ့သည်။ ဒုတိယအဲလီဇဘတ်ဘုရင်မကြီးကလည်း ၂၀၁၃ ခုနှစ်တွင် သူ့အား ကွယ်လွန်ပြီးနောက် လွတ်ငြိမ်းချမ်းသာခွင့်ကို ပေးသနားခဲ့သည်။[၁၀][၁၁]

ကိုးကား

[ပြင်ဆင်ရန်]

မှတ်စုများ

[ပြင်ဆင်ရန်]
  1. Turing's death was officially determined as a suicide by an inquest, but this has been disputed.
  2. Alan and Joan were engaged in 1941 but did not marry.

ကိုးကားချက်များ

[ပြင်ဆင်ရန်]
  1. တမ်းပလိတ်:Google scholar id
  2. ၂.၀ ၂.၁ အလန် ကျူးရင်း at the Mathematics Genealogy Project
  3. Gandy၊ Robin Oliver (1953)။ On axiomatic systems in mathematics and theories in physics (ဘွဲ့လွန်စာတမ်း)။ University of Cambridge။ doi:10.17863/CAM.16125တမ်းပလိတ်:EThOS။ 9 December 2017 တွင် မူရင်းမှ မော်ကွန်းတင်ပြီး 9 December 2017 တွင် ပြန်စစ်ပြီး တမ်းပလိတ်:Free access
  4. Bowen၊ Jonathan P. (2019)။ "The Impact of Alan Turing: Formal Methods and Beyond"။ in Bowen၊ Jonathan P.; Liu၊ Zhiming; Zhang၊ Zili (eds.)။ Engineering Trustworthy Software Systems (PDF)Lecture Notes in Computer Science11430။ Cham: Springer။ pp. 202–235။ doi:10.1007/978-3-030-17601-3_5ISBN 978-3-030-17600-6S2CID 121295850။ 9 October 2022 တွင် မူရင်းမှ မော်ကွန်းတင်ပြီး (PDF)
  5. "Alan Mathison Turing. 1912–1954" (1955). Biographical Memoirs of Fellows of the Royal Society 1: 253–226. doi:10.1098/rsbm.1955.0019. 
  6. Beavers 2013, p. 481
  7. See Copeland၊ Jack။ "Alan Turing: The codebreaker who saved 'millions of lives'"၊ BBC News Technology၊ 18 June 2012။ 26 October 2014 တွင် ပြန်စစ်ပြီး A number of sources state that Winston Churchill said that Turing made the single biggest contribution to Allied victory in the war against Nazi Germany. However both The Churchill Centre and Turing's biographer Andrew Hodges have said they know of no documentary evidence to support this claim nor of the date or context in which Churchill supposedly said it, and the Churchill Centre lists it among their Churchill 'Myths'. See Schilling၊ Jonathan။ Churchill Said Turing Made the Single Biggest Contribution to Allied Victory။ The Churchill Centre: Myths။ 17 February 2015 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 9 January 2015 တွင် ပြန်စစ်ပြီး။ and Hodges၊ Andrew။ Part 4: The Relay Race။ Update to Alan Turing: the Enigma။ 9 January 2015 တွင် ပြန်စစ်ပြီး။ A BBC News profile piece that repeated the Churchill claim has subsequently been amended to say there is no evidence for it. See Spencer၊ Clare။ "Profile: Alan Turing"၊ BBC News၊ 11 September 2009။ "Update 13 February 2015" 
  8. Leavitt 2007, pp. 231–233
  9. Pease၊ Roland။ "Alan Turing: Inquest's suicide verdict 'not supportable'"၊ BBC News၊ 26 June 2012။ 25 December 2013 တွင် ပြန်စစ်ပြီး 
  10. (Archived copy of) Royal Pardon for Alan Turing
  11. Wright, Oliver။ "Alan Turing gets his royal pardon for 'gross indecency' – 61 years after he poisoned himself"၊ The Independent၊ 23 December 2013။ 

ကိုးကားထားသော ကောက်နှုတ်ချက်များ

[ပြင်ဆင်ရန်]

ပိုမိုလေ့လာနိုင်ရန် အကြောင်းအရာများ

[ပြင်ဆင်ရန်]

ဆောင်းပါးများ

[ပြင်ဆင်ရန်]

စာအုပ်များ

[ပြင်ဆင်ရန်]

အခြားလင့်များ

[ပြင်ဆင်ရန်]