အလန် ကျူးရင်း

ဝီကီပီးဒီးယား မှ
အလန်ကျူးရင်း
၁၆ နှစ်သားအလန်ကျူးရင်း
မွေးဖွားအလန် မက်သီဆွန် ကျူးရင်း
(1912-06-23)၂၃ ဇွန်၊ ၁၉၁၂
Maida Vale, လန်ဒန်မြို့အင်္ဂလန်နိုင်ငံ
ဆုံးပါး၇ ဇွန်၊ ၁၉၅၄(1954-06-07) (အသက် ၄၁)
Wilmslow, Cheshire, England
နေထိုင်ရာWilmslow, Cheshire, England
နိုင်ငံလူမျိုးဗြိတိသျှလူမျိုး
နယ်ပယ်သင်္ချာပညာရှင်, cryptanalysis, logic, ကွန်ပျူတာသိပ္ပံ, mathematical and theoretical biology
အဖွဲ့အစည်းဌာနမန်ချက်စတာတက္ကသိုလ်
Government Code and Cypher School
National Physical Laboratory, UK Laboratory
University of Cambridge
မိခင်ကျောင်း
  • Sherborne School
  • University of Cambridge
  • Princeton University
ဘွဲ့ယူစာတမ်းSystems of Logic based on Ordinals (1938)
ပါရဂူဘွဲ့ ကြီးကြပ်သူAlonzo Church
ပါရဂူဘွဲ့ယူ တပည့်များRobin Gandy
ကျော်ကြားမှုအရင်းခံ
  • Cryptanalysis of the Enigma
  • Turing machine
  • Turing test
ထင်ပေါ်ကျော်ကြား ဆုတံဆိပ်များ
  • Smith's Prize(1936)
  • Officer of the Order of the British Empire
  • Fellow of the Royal Society (1951)[၁]
လက်မှတ်

အလန် မတ်သီဆွန် ကျူရင်း (အင်္ဂလိပ်: Alan Mathison Turing/ˈtjʊərɪŋ/၊ ၂၃ ရက် ဇွန်လ ၁၉၁၂ ခုနှစ် - ၇ ရက် ဇွန်လ ၁၉၅၄ ခုနှစ်) သည် ဗြိတိန်လူမျိုး ကွန်ပြုတာသိပ္ပံ စွန့်ဦးတီထွင်သူ၊ သင်္ချာပညာရှင်၊ ယုတ္တိဗေဒပညာရှင်၊ ဝှက်စာပညာရှင်နှင့် ဇီဝဗေဒပညာတွင် အသုံးချသင်္ချာပညာရှင် ဖြစ်သည်။ သူသည် ယနေ့ခေတ် ကွန်ပြုတာသိပ္ပံပညာရပ်တွင် များစွာ လွှမ်းမိုးမှုရှိသော ပုဂ္ဂိုလ်ဖြစ်ပြီး သူ တီထွင်ခဲ့သော ကျူးရင်းမက်ရှင်း၏ အယ်ဂိုရစ်သမ်နှင့် တွက်ချမှု သဘောတရား အနှစ်သာရသည် ယနေ့ကွန်ပြုတာလောကကို များစွာ အထောက်အပံ့ဖြစ်စေခဲ့သည်။ ထိုကျူးရင်းမက်ရှင်းသည် ယနေ့ခေတ်ကွန်ပြုတာများ၏ ကနဦးပုံစံဖြစ်ခဲ့သည်။ ထိုကြောင့် ကျူးရင်းကို Artificial Intelligenceနှင့် ကွန်ပြုတာသိပ္ပံ၏ ဖခင်အဖြစ် မှတ်ယူနိုင်ပေသည်။ [၁] [၂]

ဒုတိယကမ္ဘာစစ်အတွင်း ကျူးရင်းသည် ဗြိတိသျှဝှတ်စာဖော်ထုတ်ရေးစင်တာဖြစ်သော ဘလက်ချ လေပန်းခြံရှိ Government Code and Cypher School (GS&CS) တွင် အလုပ်လုပ်ခဲ့ပြီး Hut 8 ကို ဦးဆောင်ခဲ့သည်။ ထိုအဖွဲ့သည် ဂျာမန်ရေတပ်၏ဝှက်စာကို ချိုးဖျက်ရန်အတွက် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။ ဂျာမန်ဝှက်စာတို့ကို ချိုးဖျက်ရန်အတွက် သူ နည်းပညာတော်တော်များများ စဉ်းစားတီထွင်ခဲ့သည်။ ထိုအထဲတွင် စစ်ကြိုခေတ်က ပိုလန်လူမျိုးတို့၏ Bomba ကို အဆင့်မြှင့်ထားသည့်နည်းလမ်း၊ အဲနစ်ဂမာမက်ရှင်း၏ Setting ကို ရှာနိုင်သော electromechanical machine တို့ပါဝင်သည်။ ကျူးရင်းသည် ကြားဖြတ်နားထောင်ခဲ့သော ဝှက်စာကြေးနန်းတို့ကို ဖော်ထုတ်ရာတွင် အဓိကကျသော နေရာတွင် ပါဝင်ခဲ့သည်။ ဒါတွေဟာ မဟာမိတ်တွေကို အတ္တလန်တိတ်တိုက်ပွဲကဲ့သို့ အရေးပါတဲ့တိုက်ပွဲတွေမှာ နာဇီတွေကို ရှုံးနိမ့်စေခဲ့သည်။[၃]

စစ်ပြီးသည်နောက်မှာတော့ သူဟာ National Physical Laboratory တွင်အလုပ်လုပ်ခဲ့ပြီး အလိုအလျောက်တွက်ချက်သည့်စက်ကို ဒီဇိုင်းဆွဲခဲ့သည်။ ဒါဟာ ပရိုဂရမ်သိမ်းဆည်းနိုင်သော ကွန်ပြုတာတို့၏ ပထမဆုံးဒီဇိုင်းဖြစ်လာခဲ့သည်။ ၁၉၄၈ ခုနှစ်တွင် သူသည် မန်ချက်စတာတက္ကသိုလ်ရှိ မက်ခ်နယူးမန်း၏ Computing Laboratory နှင့်ဆက်သွယ်ခဲ့ပြီး မန်ချက်စတာကွန်ပြူတာများ တီထွင်လေ့လာမှုကို တိုးတက်အောင် ကူညီခဲ့သည်။ [၄]နောက်ပိုင်းတွင် သူသည် Mathematical biology ကို စိတ်ပါဝင်စားလာခဲ့ပြီး Morphogenesis ၏ ဓာတုအခြေခံ စာတမ်းငယ်ကို ရေးသားခဲ့သည်။

ကျူးရင်းကို လိင်တူချင်းကြိုက်နှစ်သက်မှုအက်ဥပဒေအရ ၁၉၅၂ ခုနှစ်တွင် တရားစွဲခဲ့သည်။ ထိုအချိန်က ထိုကဲ့သို့သော အပြုအမူသည် ယူကေတွင် ရာဇဝတ်မှု မြောက်ဆဲဖြစ်သည်။ သူသည် ထောင်ဒဏ်အစား ဓာတုနည်းဖြင့် ကုသခြင်းကို ရွေးချယ်ခဲ့သည်။ ၁၉၅၄ ခုနှစ်တွင် ကျူးရင်းကွယ်လွန်ခဲ့သည်။ ထိုနေ့သည် ၄၂ နှစ်မြောက်မွေးနေ့မတိုက်မီ ၁၆ ရက်နေ့အလိုဖြစ်ပြီး ဆိုင်ယမ်နိုက်အဆိပ်သင့်၍ သေဆုံးခဲ့ခြင်း ဖြစ်သည်။ သေမှုသေခင်းစစ်ဆေးသူ၏ ဆုံးဖြတ်ချက်အရ သူသည် ကိုယ့်ကိုယ်ကို သတ်သေခြင်းဖြစ်သည်ဟု ဆိုသည်။ သို့သော် သတ်သေတွေအရ ဒါအဖြစ်အပျက်ဟာ မတော်မဆ အဆိပ်သင့်ခြင်းနှင့်လည်း တူညီနေသည်။ [၅] ၂၀၀၉ ခုနှစ်တွင် အင်တာနက်ကန်ပိန်းအရ ဗြိတိသျှဝန်ကြီးချုပ် ဂေါ်ဒွန်ဘရောင်းသည် “သူကိုဆိုးရွားသောနည်းလမ်းဖြင့် ကုသခဲ့မှု” အပေါ် ဗြိတိသျှအစိုးရအစား တရားဝင်လူထုတောင်းပန်မှုတစ်ခု ပြုလုပ်ခဲ့သည်။ ဒုတိယအဲလီဇဘတ်ဘုရင်မကြီးကလည်း ၂၀၁၃ ခုနှစ်တွင် သူ့အား ကွယ်လွန်ပြီးနောက် လွတ်ငြိမ်းချမ်းသာခွင့်ကို ပေးသနားခဲ့သည်။ [၆][၇]

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ "Alan Mathison Turing. 1912–1954" (1955). Biographical Memoirs of Fellows of the Royal Society 1: 253–226. doi:10.1098/rsbm.1955.0019. 
  2. Beavers 2013, p. 481
  3. See Copeland၊ Jack။ "Alan Turing: The codebreaker who saved 'millions of lives'"၊ BBC News Technology၊ 18 June 2012။ 26 October 2014 တွင် ပြန်စစ်ပြီး A number of sources state that Winston Churchill said that Turing made the single biggest contribution to Allied victory in the war against Nazi Germany. However both The Churchill Centre and Turing's biographer Andrew Hodges have said they know of no documentary evidence to support this claim nor of the date or context in which Churchill supposedly said it, and the Churchill Centre lists it among their Churchill 'Myths'. See Schilling၊ Jonathan။ Churchill Said Turing Made the Single Biggest Contribution to Allied Victory။ The Churchill Centre: Myths။ 17 February 2015 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 9 January 2015 တွင် ပြန်စစ်ပြီး။ and Hodges၊ Andrew။ Part 4: The Relay Race။ Update to Alan Turing: the Enigma။ 9 January 2015 တွင် ပြန်စစ်ပြီး။ A BBC News profile piece that repeated the Churchill claim has subsequently been amended to say there is no evidence for it. See Spencer၊ Clare။ "Profile: Alan Turing"၊ BBC News၊ 11 September 2009။ "Update 13 February 2015" 
  4. Leavitt 2007, pp. 231–233
  5. Pease၊ Roland။ "Alan Turing: Inquest's suicide verdict 'not supportable'"၊ BBC News၊ 26 June 2012။ 25 December 2013 တွင် ပြန်စစ်ပြီး 
  6. (Archived copy of) Royal Pardon for Alan Turing
  7. Wright, Oliver။ "Alan Turing gets his royal pardon for 'gross indecency' – 61 years after he poisoned himself"၊ The Independent၊ 23 December 2013။ 


အခြားလင့်များ[ပြင်ဆင်ရန်]