ကားလ် ဗိုင်ရာစရပ်: တည်းဖြတ်မှု မူကွဲများ

ဝီကီပီးဒီးယား မှ
အရေးမကြီး မိတ်ဆက်
အရေးမကြီး lifetime
စာကြောင်း ၆ - စာကြောင်း ၆ -




{{lifetime|၁၈၁၅|၁၈၉၇}}
{{သင်္ချာပညာရှင်-stub}}
{{သင်္ချာပညာရှင်-stub}}

၁၈:၅၀၊ ၁ မတ် ၂၀၁၇ ရက်နေ့က မူ

ကားလ် သီအိုဒေါ ဝီဟမ် ဗိုင်ရာစရပ် (အင်္ဂလိပ်: Karl Theodor Wilhelm Weierstrass; ဂျာမန်: Weierstraß; ၃၁ အောက်တိုဘာ ၁၈၁၅ - ၁၉ ဖေဖော်ဝါရိ ၁၈၉၇) သည် ဂျာမန်လူမျိုး သင်္ချာပညာရှင်တစ်ဦးဖြစ်ပြီး ခေတ်သစ် ခွဲခြမ်းစိတ်ဖြာ သင်္ချာ၏ ဖခင်ဟု ရည်ညွှန်းခံရလေ့ ရှိသူဖြစ်သည်။ ဗိုင်ရာစရပ်ဖန်ရှင်၊ လစ်မစ်အတွက် တိကျခိုင်မာသည့် အဓိပ္ပာယ်သတ်မှတ်ချက်၊ ဘော်လ်ဇာနို-ဗိုင်ရာစရပ် သီအိုရမ် အစရှိသည့် ခွဲခြမ်းစိတ်ဖြာ သင်္ချာဆိုင်ရာ သဘောတရားတို့ကြောင့် ကျော်ကြားသူဖြစ်သည်။ ဘွဲ့မရမီ တက္ကသိုလ်မှ ထွက်ခဲ့သော်လည်း သင်္ချာပညာကို စူးစိုက်လေ့လာ၍ ဆရာတစ်ယောက်ဖြစ်အောင် လေ့ကျင့်သင်ကြားခဲ့ရာ နောင်အခါတွင် သင်္ချာဆရာ ဖြစ်လာခဲ့သည်။ ဆရာတစ်ဦးအနေဖြင့် သင်ကြားရန် ကျောင်းက စေခိုင်းသည့် ရူပဗေဒရုက္ခဗေဒပထဝီသမိုင်းဂျာမန်ဘာသာ၊ လက်ရေးလှပညာ (calligraphy) နှင့် ကိုယ်လက်ကျန်းမာ အားကစား (gymnastics) အထိ ဘာသာစုံသင်ကြားခဲ့ဖူးသူ ဖြစ်သည်။