ယေရှု ခရစ်တော်: တည်းဖြတ်မှု မူကွဲများ

ဝီကီပီးဒီးယား မှ
အရေးမကြီးNo edit summary
အရေးမကြီး Bot: Migrating 211 interwiki links, now provided by Wikidata on d:q302 (translate me)
စာကြောင်း ၁၃၄ - စာကြောင်း ၁၃၄ -
[[Category:ခရစ်ယာန်]]
[[Category:ခရစ်ယာန်]]


[[ab:Иесуа Қьырста]]
[[af:Jesus van Nasaret]]
[[als:Jesus Christus]]
[[am:ኢየሱስ]]
[[an:Chesús de Nazaret]]
[[ang:Iesus]]
[[ar:يسوع]]
[[arc:ܝܫܘܥ]]
[[arz:يسوع]]
[[ast:Xesús]]
[[az:İsa]]
[[ba:Ғайса (пәйғәмбәр)]]
[[bar:Jesus vo Nazaret]]
[[bat-smg:Jiezos Krėstos]]
[[bcl:Hesukristo]]
[[be:Ісус Хрыстос]]
[[be-x-old:Ісус Хрыстос]]
[[bg:Исус Христос]]
[[bi:Jisas Kraes]]
[[bm:Yesu Krista]]
[[bn:যিশু]]
[[bo:ཡེ་ཤུ།]]
[[br:Jezuz Nazaret]]
[[bs:Isus]]
[[bxr:Иисус Христос]]
[[ca:Jesús de Natzaret]]
[[cbk-zam:Jesus]]
[[cdo:Ià-sŭ]]
[[ceb:Jesus]]
[[ckb:یەسووع]]
[[co:Gesù Cristu]]
[[crh:İsa]]
[[cs:Ježíš Kristus]]
[[cu:Їисъ Хрїстъ]]
[[cv:Иисус Христос]]
[[cy:Iesu]]
[[da:Jesus]]
[[de:Jesus Christus]]
[[de:Jesus Christus]]
[[diq:İsa]]
[[dsb:Jezus Kristus]]
[[dv:އީސާގެފާނު]]
[[ee:Yesu]]
[[el:Ιησούς Χριστός]]
[[eml:Gesü]]
[[en:Jesus]]
[[eo:Jesuo Kristo]]
[[es:Jesús de Nazaret]]
[[et:Jeesus]]
[[eu:Jesus Nazaretekoa]]
[[ext:Jesucristu]]
[[fa:عیسی]]
[[fi:Jeesus]]
[[fiu-vro:Jeesus]]
[[fj:Jisu Karisito]]
[[fo:Jesus]]
[[fr:Jésus-Christ]]
[[fr:Jésus-Christ]]
[[fur:Jesus]]
[[fy:Jezus Kristus]]
[[ga:Íosa Críost]]
[[gan:耶穌]]
[[gd:Iosa Crìosd]]
[[gl:Xesús de Nazareth]]
[[gn:Hesu Nasaregua]]
[[got:𐌹𐌴𐍃𐌿𐍃 𐍇𐍂𐌹𐍃𐍄𐌿𐍃/Iesus Xristus]]
[[gu:ઇસુ]]
[[ha:Isa Almasihu]]
[[hak:Yâ-sû]]
[[he:ישו]]
[[hi:ईसा मसीह]]
[[hif:Jesus]]
[[hr:Isus]]
[[hsb:Jězus]]
[[ht:Jezi]]
[[hu:Jézus]]
[[hy:Հիսուս]]
[[ia:Jesus Christo]]
[[id:Yesus]]
[[ie:Iesu]]
[[ig:Jisọs Kraịst]]
[[ilo:Hesús]]
[[io:Iesu di Nazaret]]
[[is:Jesús]]
[[it:Gesù]]
[[iu:ᐱᐅᓕᑦᓯᔨ]]
[[ja:イエス・キリスト]]
[[jbo:iesus]]
[[jv:Yésus Kristus]]
[[ka:იესო ქრისტე]]
[[kab:Ɛisa]]
[[kg:Yesu]]
[[kk:Иса Мәсих]]
[[kl:Jiisusi-Kristus]]
[[kn:ಯೇಸು ಕ್ರಿಸ್ತ]]
[[ko:예수]]
[[koi:Иисус Христос]]
[[ksh:Jesus Christus]]
[[ku:Îsa]]
[[kv:Исус Кристос]]
[[kw:Yesu Krist]]
[[la:Iesus]]
[[lad:Yeshu]]
[[lb:Jesus vun Nazaret]]
[[lbe:Эса идавс]]
[[lez:Иса (пайгъамбар)]]
[[lg:Jesu Kristo]]
[[li:Zjezus Christus]]
[[lij:Gesû Cristo]]
[[lmo:Gesü de Nazaret]]
[[ln:Yésu]]
[[lo:ພຣະເຢຊູ]]
[[lt:Jėzus Kristus]]
[[ltg:Jezus Krystus]]
[[lv:Jēzus Kristus]]
[[mg:Jesoa]]
[[mhr:Исус Христос]]
[[mi:Ihu Karaiti]]
[[mk:Исус Христос]]
[[ml:യേശു]]
[[mn:Есүс Христ]]
[[mr:येशू ख्रिस्त]]
[[ms:Jesus Christ]]
[[mt:Ġesù]]
[[mwl:Jasus]]
[[mzn:عیسی]]
[[na:Jesu Kristo]]
[[nah:Yeshua Christós]]
[[nap:Gèsù]]
[[nds:Jesus Christus]]
[[nds-nl:Jezus Christus]]
[[ne:जिसस क्राइस्ट]]
[[nl:Jezus (traditioneel-christelijk)]]
[[nn:Jesus]]
[[no:Jesus Kristus]]
[[nov:Jesu Kristo]]
[[nrm:Jésus-Chrît]]
[[nso:Jesu]]
[[nv:Doodaatsaahii (Jíísas)]]
[[ny:Yesu Kristu]]
[[oc:Jèsus]]
[[om:Yesuus]]
[[or:ଯୀଶୁ]]
[[os:Йесо Чырысти]]
[[pa:ਈਸਾ ਮਸੀਹ]]
[[pam:Jesus]]
[[pap:Hesus]]
[[pdc:Yeesus Grischdus]]
[[pfl:Jesus von Nazaret]]
[[pih:Jesus]]
[[pl:Jezus Chrystus]]
[[pms:Gesù ëd Nàsaret]]
[[pnb:یسوع]]
[[ps:عيسی]]
[[pt:Jesus]]
[[qu:Jesus]]
[[rm:Jesus da Nazaret]]
[[rn:Yezu Kirisitu]]
[[ro:Isus din Nazaret]]
[[roa-rup:Isa Hristo]]
[[ru:Иисус Христос]]
[[rue:Ісус Хрістос]]
[[rw:Yezu Kirisitu]]
[[sah:Иисус Христос]]
[[sc:Gesùs]]
[[scn:Gesù Cristu]]
[[sco:Jesus Christ]]
[[se:Jesus]]
[[sh:Isus]]
[[si:ජේසුස් තුමා]]
[[simple:Jesus]]
[[sk:Ježiš Kristus]]
[[sl:Jezus Kristus]]
[[sm:Iesu Keriso]]
[[so:Ciise]]
[[sq:Jezusi]]
[[sr:Исус]]
[[srn:Jesus Christus]]
[[ss:Bukhristu]]
[[sv:Jesus]]
[[sw:Yesu]]
[[szl:Jezus Kristus]]
[[ta:இயேசு கிறித்து]]
[[te:యేసు]]
[[tg:Исо]]
[[th:พระเยซู]]
[[tk:Isa Pygamber]]
[[tl:Hesus]]
[[to:Sīsū Kalaisi]]
[[tpi:Jisas]]
[[tr:İsa]]
[[tt:Ğaysa]]
[[tum:Yesu Khristu]]
[[tw:Yesu Kristo]]
[[ty:Iesu Mesia]]
[[ug:ئەيسا مەسىھ]]
[[uk:Ісус Христос]]
[[ur:عیسیٰ علیہ السلام]]
[[uz:Iso Masih]]
[[vec:Jesu]]
[[vep:Iisus Hristos]]
[[vi:Giê-su]]
[[vls:Jezus van Nazareth]]
[[wa:Djezus-Cri]]
[[war:Hesus]]
[[wo:Yéesu-kristaa]]
[[wuu:耶稣]]
[[xh:UYesu Kristu]]
[[xmf:იოსე ქირსე]]
[[yi:יעזוס]]
[[yo:Jésù]]
[[za:Yesu]]
[[zh:耶稣]]
[[zh-min-nan:Iâ-so͘]]
[[zh-yue:耶穌]]

၁၅:၃၈၊ ၈ မတ် ၂၀၁၃ ရက်နေ့က မူ

နာဇရက်မြို့သားယေရှု (c. 5 BC/BCE – c. 30 AD/CE )

ယေရှုခရစ်တော် သို့မဟုတ် ယေရှု ဟုလည်း လူသိများသူသည် ခရစ်ယာန်သာသနာ၏ ပင်မအသွင်သဏ္ဌာန် ဖြစ်ပြီး ဓမ္မဟောင်းကျမ်းတွင် ဟောပြောထားသော မေရှိဟု ရှုမြင်ကြသည်။ ခရစ်ယာန်ဘာသာရေး ဂိုဏ်းဂဏ အများစုက သူ့ကို ထာဝရဘုရားသခင်၏သားတော် နှင့် သေခြင်းမှ ထမြောက်သော ဘုရားသခင် ဝင်စားသူဟု ယုံကြည်ကြသည်။ အခြားသော ဘာသာအယူဝါဒများက သူ့ကို တနည်းမဟုတ်တနည်းဖြင့် ကြည်ညို လေးစားကြသည်။ သူသည် လူ့သမိုင်းတွင် ဩဇာအကြီးမားဆုံးသော သူများထဲတွင် တစ်ဦးအပါအဝင်ဖြစ်သည်။ ယေရှု၏ ဘဝ၊ဒေသနာ နှင့်ပတ်သက်၍ အခြေခံ အချက်အလက်များမှာ ခရစ်ယာန် အသင်းတော်များ စည်းမျဉ်းဆိုင်ရာ သွန်သင်ချက်များဖြစ်သော ခရစ်ဝင်ကျမ်း လေးကျမ်း ဖြစ်သည်။ အချို့ပညာရှင်များက (သောမကျမ်း) နှင့် ဟေဗြဲကျမ်း တို့လည်း စပ်ဆိုင်သည်ဟု ကျိုးကြောင်းပြဆိုသော်လည်းအထူးသဖြင့် ရာဇဝင်အကျဉ်းချုပ်ကျမ်းများ တွင် ပါရှိသည်။ သမ္မာကျမ်းစာ ဝေဖန်ရေးပညာရှင် အများစုက ယေရှုသည် ဂျူးဖြစ်ပြီး ဓမ္မဒေသနာဆရာနှင့် အနာရောဂါတို့ကို ကင်းငြိမ်းစေသူ၊ ဗတ္တိဇံဆရာယောဟန် အားဖြင့် ခံယူခဲ့သူဖြစ်ကြောင်းနှင့်၊ ဓမ္မသစ်ကျမ်းစာ၏ အချို့အပိုင်းများသည် ယေရှု၏ဘဝကို ပြန်လည် ဆက်စပ်ဖော်ထုတ်ရန် အသုံးဝင်သည်ဟု ယုံကြည်ကြရာတွင် ရောမအင်ပါယာကို ပုန်ကန်သည်ဟု စွဲဆိုချက်ကြောင့် ယုဒပြည်၊ ရောမဘုရင်ခံ ပုန္တိပိလတ်၏ အမိန့်ဖြင့် ယေရုရှလင်မြို့၌ လက်ဝါးကပ်တိုင်တွင် တင်၍အသတ်ခံခဲ့ရသည်ကို လက်ခံကြသည်။ ဤကောက်ချက်အချို့မှအပ၊ ယေရှု၏ ဟောပြောချက်၊ သူ၏ လူနေမှု အဆင့်အတန်း၊ ယဉ်ကျေးမှုပတ်ဝန်းကျင်နှင့် ဘာသာရေးဆိုင်ရာ မိတ်ဆက်ခြင်း တို့နှင့်ပတ်သက်၍ ပညာရပ်ဆိုင်ရာ အချေအတင် ဆွေးနွေးခြင်းသည် ဆက်လက် ဖြစ်ပေါ်လျက်ရှိသည်။ သမ္မာကျမ်းစာ ဝေဖန်ရေးပညာရှင်များက ယေရှုကို မိမိကိုယ်မိမိ မေရှိဟု ဖော်ပြပြောဆိုသူ၊ ကမ္ဘာပျက်စီးမည့်ဘေးကို ကြိုတင်ဟောကိန်းထုတ်ခြင်းနှင့်ဆိုင်သော လှုပ်ရှားမှု၏ ခေါင်းဆောင်၊ လှည့်လည်သွားလာနေသော ပညာရှိ၊ တန်ခိုးထက်သော အနာရောဂါငြိမ်းစေသူနှင့် လွတ်လပ်သော ဘာသာရေး လှုပ်ရှားမှုကို တည်ထောင်သူအဖြစ် ဖော်ပြကြသည်။

ခရစ်ယာန်တို့၏ ကယ်တင်ရှင် ရှေးနှစ်ပေါင်း ၂ဝဝဝ ခန့်က နွားတင်းကုပ်တွင် မထင်မရှား ဖွားမြင်သော ခရစ်တော်ယေရှုသည် မိမိ ဟောပြောသော အယူဝါဒကြောင့် လက်ဝါးကပ်တိုင်၌ အသတ်ခံရ၏။ သို့ရာတွင် ယခုအခါ ထိုအယူဝါဒကို ယုံကြည်သူ ခရစ်ယာန်များအား ကမ္ဘာအရပ်ရပ်၌ တွေ့နိုင်ပေသည်။

ခရစ်တော်၊ ယေရှု။ ။ ခရစ်တော်ယေရှု မပေါ်ထွန်းမီ နှစ်ပေါင်းများစွာကပင် ပညာရှိကြီးများသည် ထာဝရ ဘုရားသခင်က လူသတ္တဝါ တို့အား ကယ်တင်ရန် သာမန်လူတို့ထက် မြင့်မြတ်သော ပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်မြတ်ကို လူ့လောကသို့ စေလွှတ်လိမ့်မည်ဟု ကောလာဟလစကား ပြောကြားခဲ့ကြသည်။ အထူးသဖြင့် ယဟူဒီ(ယုဒ) လူမျိုးတို့သည် ထိုပုဂ္ဂိုလ် ပေါ်လာမည့်အချိန်ကို စောင့်မြှော်လျက်ရှိခဲ့ကြသည်။ သာမန်လူတို့ထက် ထူးကဲ မြင့်မြတ် သူဟု ဆိုသောကြောင့် ထူးထူးခြားခြား ခမ်းနား တင့်တယ်စွာ ပေါ်ပေါက်လာမည်ဟု အထင်ရှိကြ၏။ သို့ဖြစ်၍ နွားတင်းကုတ်တွင် ယေရှုကို မွေးဖွားသောအခါ သူတို့မြှော်လင့် နေသော ပုဂ္ဂိုလ်မြတ်ဟူ၍ မထင်မှတ်ကြပေ။ ခရစ်တော်ကို မဖွားမြင်မီ ကောင်းကင်တမန် ဂေးဗရီယယ် (ဂါဗြေလ)သည် မေရီ (မာရိ)ထံသို့ ရောက်လာ၍ သားယောက်ျားကို ဖွားမြင်ပေ လိမ့်မည်။ ထိုသားသည် လူတို့အား အပြစ်မှ ကယ်တင်မည့်သူ ဖြစ်သောကြောင့် ယေရှုဟူသောအမည်ဖြင့် မှည့်ရမည်ဟု ပြောခဲ့ဘူး၏။ ယေရှု၏ မယ်တော်မေရီသည် ခင်ပွန်းသည် နက်ဇရက်(နာဇရက်)မြို့သား ဂျိုးဇက်(ယောသပ်)နှင့်အတူ သန်းကောင်စာရင်းဝင်ခြင်းငှာ ဂျူဒါ ပြည် (ယုဒပြည်) ဗက်သလီဟမ် (ဗက်လင်)မြို့သို့ သွားလေ၏။ ဗက်သလီဟမ်မြို့သို့ ရောက်သောအခါ တည်းခိုစရာ နေရာမရှိသောကြောင့် နွားတင်းကုပ်တစ်ခု၌ ဝင်ရောက်တည်းခိုကြရသည်။ ထိုနေ့ည၌ ပင် ခရစ်တော်ကို ဖွားမြင်သဖြင့် သူငယ်တော်ကို နွားစားခွက် တွင် သိပ်ထားရလေသည်။ ခရစ်တော်ယေရှုကို မည်သည့်နေ့ ရက်တွင် ဖွားမြင်သည်ဟု မပြောနိုင်သော်လည်း အေဒီ ၃ဝဝ ပြည့်နှစ်လောက်ကစ၍ ဒီဇင်ဘာလ ၂၅ ရက်နေ့ကို ခရစ်တော် ဖွားမြင်သည့်နေ့အဖြစ် အထိမ်းအမှတ်ပွဲများ ပြုလုပ်လာခဲ့ကြ သည်။


ခရစ်တော်ဖွားမြင်သည့်ညတွင် သိုးထိန်း များထံသို့ ကောင်းကင်တမန်တစ်ပါး ရောက်လာ၍ ခရစ်တော် ဖွားမြင်သည့် သတင်းကို ပြောကြားသဖြင့် နွားစားခွက်၌ သိပ်ထားသော သူငယ်တော်ကို သွား၍ ဖူးမျှော်ကြသည်။ ကောင်းကင်၌လည်း ထူးဆန်းသော ကြယ်သစ်တစ်လုံး ထွက်ပေါ်လာသည်။ နက္ခတ်တရာရာတို့ကို အမြဲစောင့်ကြည့် နေသော အရှေ့ဖက်ပြည်မှ နက္ခတ်ဆရာ ပညာရှိကြီးများသည် ထိုကြယ်ကို မြင်လေလျှင် ထာဝရဘုရားသခင် စေလွှတ်သော ရဟူဒီလူမျိုးတို့၏ ဘုရင်ပေါ်ထွန်းသည့်နိမိတ်ဟု ဆိုကာ ကြယ်ကြီးညွှန်ရာသို့ ပညာရှိကြီး ၃ ဦးတို့ လိုက်လာကြလေ သည်။ ထိုပညာရှိကြီးများကို မေဂျိုင်(မာဂုပညာရှိ)ဟု ခေါ် သည်။ မေဂျိုင်တို့သည် လက်ဆောင်ပဏ္ဏာများကို ယူဆောင်၍ ဂျေရုဆလင်မြို့သို့ ရောက်လာကြောင်းကြား သဖြင့် ဆင့်ခေါ်၍ စုံစမ်းမေးမြန်းလေသည်။ ပညာရှိတို့က ရဟူဒီတို့၏ ရှင်ဘုရင် ဖွားမြင်ခြင်းကြောင့် ဖူးတွေ့ရန်လာကြ ကြောင်း လျှောက်တင်ကြ၏။ ဟဲရဒ်မင်းလည်း ဖွားမြင်လတ် သော သူငယ်သည် ထီးနန်းကို လုပ်ကြံမည့်သူ ဖြစ်မည်ဟု ယူဆသဖြင့် စိုးရိမ်ပူပန်ခြင်း ဖြစ်လေသည်။ သို့ရာတွင် ပညာ ရှိတို့အား ဗက်သလီဟမ်မြို့၌ ပညာရှိတို့လည်း ဗက်သလီဟမ် မြို့သို့ရောက်လျှင် သူ့ထံပြန်လာ၍ လျှောက်တင်ရန် မှာကြား လိုက်၏။ ပညာရှိတို့လည်း ဗက်သလီဟမ်မြို့သို့ရောက်လျှင် ခရစ်တော်ကို မယ်တော်မေရီ ခမည်း တော် ဂျိုးဇက်တို့နှင့်အတူ နွားတင်းကုပ်၌ တွေ့ရှိသဖြင့် အပြန်တွင် ဟဲရဒ်မင်း မှာကြား သည်ကို ဆန့်ကျင်၍ ဂျေရုဆလင်မြို့သို့ မဝင်တော့ဘဲ အခြား လမ်းမှ တိတ်တဆိတ် ပြန်ကြလေသည်။

ဟဲရဒ်မင်းသည် မေဂျိုင်တို့၏ လှည့်ဖြားခြင်းကို ခံရ သောကြောင့် အလွန်အမျက်ထွက်၍ ဗက်သလီဟမ် မြို့ရှိ အသက် ၂ နှစ်အောက် ကလေးများကို သုတ်သင်ပစ်ရမည်ဟု အမိန့်ထုတ်ပြန်လေသည်။ ထိုကဲ့သို့ လူမမယ်ကလေးများအား သတ်ပစ်ခြင်းကို 'အပြစ်ကင်းသူများကို သတ်ပွဲ'ဟု ခေါ်စမှတ် ပြုကြလေသည်။ ခမည်းတော် ဂျိုးဇက်သည် အသက်ဘေးမှ လွတ်မြောက်ခဲ့လေသည်။ ဘေးရန်ကင်းချိန်ရောက်မှ နက်ဇရက် မြို့သို့ ပြန်လာကြသည်။

ခရစ်တော် အသက် ၃ဝ မတိုင်ရောက်မီက အဖြစ်အပျက် အကြောင်းကို အနည်းငယ်မျှသာ သိရှိရသည်။ အသက် ၁၂ နှစ် အရွယ်တွင် မိဖနှစ်ပါးနှင့်အတူ ဂျရူးဆလမ်းမြို့သို့ ဘုရား ဖူးသွားကြ၏။ အပြန်တွင် ယေရှုကို မတွေ့သဖြင့် မိဖများ လိုက်လံရှာဖွေကြရာ ဘုရားကျောင်းအတွင်း၌ ကျမ်းတတ် ပုဂ္ဂိုလ်များ၏အလယ်တွင် ခက်ခဲနက်နဲသော တရားစကား များကို ဆွေးနွေးလျက်ရှိကြောင်း အံ့ဩစွာ တွေ့ကြလေသည်။ ယေရှုသည် အသက် ၃ဝ အရွယ်မှစ၍ တရားဒေသနာများကို စတင်ဟောပြောသည်။ ဝမ်းကွဲနောင်တော် ဂျွန် (ယောဟန်)က ယေရှုကို ဂျော်ဒန်(ယော်ဒန်)မြစ်၌ ဗျတ္တိဇံမင်္ဂလာပေးသည်။ ဤသို့ပေးရာ၌ ယေရှုသည် လူအများ မြှော်လင့်နေသော ကယ်တင်ရှင် မဆိုင်ယာ(မေရှိယ)ပင် ဖြစ်သည်ဟု ဂျွန်က ကြေညာလေသည်။ ထို့နောက် ယေရှုသည် တောသို့ဝင်၍ တရားကျင့် လေ၏။

ထိုအခါ မာရ်နတ်သည် ယေရှုအား ဤ လောက၌ရှိသမျှသော တိုင်းနိုင်ငံများကိုလည်းကောင်း၊ ထိုတိုင်း နိုင်ငံများ၏ ဘုန်းစည်းစိမ်ကိုလည်းကောင်း ပြ၍ စုံစမ်း သွေး ဆောင်လေ၏။ သို့ရာတွင် ယေရှုသည် မာရ်နတ်၏ အလိုသို့ မလိုက်ဘဲ အရပ်ရပ်သို့ လှည့်လည်ကာ မေတ္တာတရားကို ဟောပြောသည်။ မကျန်းမာသူများ၏ အနာရောဂါများကို လည်း ပျောက်ကင်းစေသည်။ ထို့ပြင် နတ်ဆိုးတို့ကိုလည်း နှင်ထုတ်သည်။ ယေရှုသည် မိမိအား ကူညီရန် တမန်တော် ၁၂ ပါးကို ရွေးကောက်ထားသည်။ ဓမ္မဟောင်းကျမ်းလာ အယူဝါဒအတိုင်းမဟုတ်ဘဲ တရား မှန်ကို ဟောနေသော ယေရှုအား ယဟူဒီ သာသနာ့ခေါင်း ဆောင် ဖဲရဆီး (ဖါရိရဲ)နှင့် ဟဲရဒ်မင်း၏ နောက်လိုက်များက ရန်ငြိုးဖွဲ့လေသည်။ ယေရှုသည် ရန်များလာသောကြောင့် တိုင်ယာ (တူရူမြို့)နှင့် ဆိုင်ဒွန်(ဇိဟုန်)မြို့များသို့ ရှောင်တိမ်း ကာ နောက်လိုက်များ မေတ္တာတရား ဖြစ်၏။ အကျဉ်းအားဖြင့် ယေရှုဟောသောတရားမှာ ထာဝရဘုရားကို အကြွင်းမဲ့လက်ခံကြ သော်လည်း ယဟူဒီလူမျိုး သာသနာ့ခေါင်းဆောင်များကမူ ယေရှုကို သတ်ပစ်ရန် အချက်ကောင်းရှာကြံလျက် ရှိကြသည်။ ထို့နောက် ယေရှုသည် ရန်သူများလက်သို့ အပ်လိုက်လေ၏။ သာသနာရေးရုံးတွင် ယေရှုကို ဦးစွာ စစ်ဆေးပြီးနောက် ရောမ ဘုရင်ခံ ပွမ်းရှပ်ပိုင်းလတ် (ပုန္တိပိလတ်)မင်းထံသို့ ပို့လေသည်။ ပိုင်းလတ်မင်း သည် ယေရှုအား လွှတ်ပစ်ချင်သော်လည်း ယဟူဒီလူမျိုး အကြီးအကဲများနှင့် နောက်လိုက်များက ယေရှုကို ကားစင်တင်၍ သတ်ရန် တောင်းဆိုကြလေသည်။ ဤသို့ဖြင့် ယေရှုကို ကားစင်သို့ ယူဆောင်သွားရန် အမိန့်ပေးလိုက်လေ သည်။ ထို့နောက် ယေရှုအား လူဆိုးသူဆိုးများကဲ့သို့ပင် လက်ဝါးကပ်တိုင်၌ ရိုက်၍ သတ်ပစ်ကြသည်။ လက်ဝါးကပ် တိုင်၌ ဝေဒနာခံစားနေစဉ် 'အိုအဘ၊ သူတို့၏အပြစ်ကို လွှတ် တော်မူပါ။ သူတို့သည် ကိုယ်ပြုသောအမှုကို မသိကြပါ'ဟု ရန်သူတို့အတွက် ဆုတောင်း၍ အသက်ကို ချုပ်လေ၏။ အသေ ခံပြီးနောက် ၃ ရက်မြောက်သောနေ့တွင် သေခြင်းမှ ပြန်၍ အသက်ရှင်သည်ဟူ၍လည်းကောင်း၊ ကောင်းကင်ဘုံသို့ မတက်မီ သူ၏တပည့်များထံ လာရောက်သေးသည်ဟူ၍ လည်း ကောင်း ခရစ်ယန်တို့က ယုံကြည်ကြသည်။ ထို့ပြင် ခရစ်တော် ထာဝရဘုရား၏ အကြောင်းကို ထင်ရှားစွာဖွင့်ပြသော ပုဂ္ဂိုလ် လည်း ဖြစ်သည်ဟူ၍လည်း ကောင်း၊ လူသတ္တဝါများကို မကောင်းမှုမှလည်းကောင်း၊ ထာဝရပျက်စီး ဆုံးရှုံးခြင်းမှ လည်းကောင်း၊ ကယ်တင် ၍ ထာဝရအသက်ကို ရစေတော် မူသောအရှင်ဟူ၍လည်းကောင်း တပည့်တော်များက ယုံကြည် ကြလေသည်။ [၁]

ထာဝရဘုရားသခင်၏ သားတော်

သမိုင်းဝင် ယေရှုကို လေ့လာသော ခေတ်သစ် ပညာရှင်အများစုက ယေရှုကို လွတ်လပ်သောသူ၊ ဂျူးပြန်လည်တည်ထောင်ရေး လှုပ်ရှားမှု၏ တန်ခိုးထက်သော တည်ထောင်သူ၊ ကျရောက်အံ့ဆဲဆဲဖြစ်သော ကမ္ဘာပျက်စီးမည့်ဘေးကို ကြိုတင်ဟောကိန်းထုတ်သူအဖြစ် ယူဆကြသည်။သို့သော် အခြားထင်ရှားကျော်ကြားသော ပညာရှင်များက ယေရှု၏ “ဘုရားသခင်၏နိုင်ငံတော်” ဆိုသည်မှာ အနာဂါတ် ကမ္ဘာပျက်စီးမည့်ဘေးအစား အစွန်းရောက်သော ကိုယ်ရေးကိုယ်တာနှင့် လူမှုရေးဆိုင်ရာ ပြောင်းလဲမှုဟု ငြင်းချက်ထုတ်ကြသည်။ ခရစ်ယာန်များက ၎င်းတို့၏ အပြစ်များအတွက် ယေရှုသည် သူ၏ သေခြင်းဖြင့် လူတို့အတွက် ကယ်တင်ခြင်းနှင့် ဘုရားသခင်နှင့် မိဿဟာယဖွဲ့ရာကျေးဇူးကို ပေးရန် လာသော "ထာဝရဘုရားသခင်၏ သားတော်" (ယေဘုယျအားဖြင့် ယေရှုသည် ဘုရားသခင်၏သားတော်၊ သုံးပါးတစ်ဆူတွင် ဒုတိယအပါး ဟုဆိုလိုသည်။) ဖြစ်သည်ဟု အဓိကထား ယုံကြည်ကြသည်။:568-603 ခရစ်ယာန် များသည် ယေရှုကို အပျိုစင် မယ်တော်မှ မွေးဖွားသည်၊:529-532 အံ့ဩဘွယ်သော အမှုတို့ကို ပြုတော်မူသည်၊,[30]:358-359 အသင်းတော်ကိုတည်ထောင်သည်၊ သေခြင်းမှ ရှင်ပြန်ထမြောက်ပြီး ကောင်းကင်ဘုံသို့ တက်ကြွသွားခဲ့ကာ:616-620 တဖန်ပြန်လည်ကြွ လာဦးမည်ဟု အစဉ်တစိုက် ယုံကြည်ကြသည်။:1091-1109 သုံးပါးတစ်ဆူအယူအဆကို ခရစ်ယာန် အများစုက လက်ခံထားစဉ်တွင် အချို့အုပ်စုအနည်းငယ်တို့က ကျမ်းစာလာခြင်းမဟုတ်ဟုဆိုကာ လုံးဝသော်လည်းကောင်း၊ တစိတ်တဒေသသော်လည်းကောင်း သုံးပါးတစ်ဆူအယူအဆကို ငြင်းပယ်ကြသည်။ ခရစ်ယာန်ပညာရှင်အများစုသည် ယေရှုကို စောင့်စားနေသော မေရှိ အဖြစ်နှင့် ဘုရားသခင်အဖြစ် ဖော်ပြသည်။ အစ္စလမ်ဘာသာတွင် ယေရှု (အာရေဗျ - عيسى ၊ အများအားဖြင့် အီဆာဟု အက္ခရာပြန်ရေးသားသည်)ကို ဘုရားသခင်၏ အရေးပါသော ပရောဖက်များထဲမှ တစ်ဦး၊ကျမ်းစာကို သယ်ဆောင်လာသူနှင့် ထူးဆန်းသောတန်ခိုးကို ပြသူဟူ၍ ယူဆသည်။ ယေရှုကို "မေရှိ"ဟူ၍လည်း ခေါ်သည်။ သို့သော် သူသည် ဘုရားသခင်ဖြစ်သည်ဟု အစ္စလမ်ဘာသာက မသွန်သင်ပါ။ ရှေးရိုးခရစ်ယာန်တို့ ယုံကြည်မှုဖြစ်သော ယေရှုသည် သေလွန်ပြီးမှ ရှင်ပြန်ထမြောက်သည်ဟု ဆိုခြင်းထက်၊ ယေရှုကို လက်ဝါးကပ်တိုင်တင်၍ အသတ်ခံရခြင်းနှင့် သေခြင်းမှ ရှင်ပြန်ထမြောက်ခြင်း မတွေ့ကြုံရပဲ ကောင်းကင်သို့ ကိုယ်ခန္ဓာနှင့်တကွ တက်ကြွသွားခဲ့သည်ဟု အစ္စလမ်ဘာသာအရ သွန်သင်သည်။

ယေရှု၏မော်ကွန်း

မေရီနှင့် ကလေးငယ်ယေရှု၊ ပြဲမဂ္ဂနာ့ဒ် ၏ La vierge aux raisins (လာဗီးအော့ရေးစင်းစ်) 1640

'ခရစ်တော် ဖွားမြင်တော်မူခြင်း၊ 1 BC နှင့် သုညနှစ်' ပညာရှင်များက ယေရှုသည် 7-2 BC/BCE တွင် ဖွားမြင်ပြီး 26-36 AD/CE တွင်သေဆုံးသည်ဟု တွက်ဆကြသည်။ ယေရှု့ဖွားမြင်သည့်နေ့ အတိအကျကို ဖော်ပြသော ခေတ်ပြိုင် သက်သေအထောက်အထား မရှိပါ။ လက်ရှိခုနှစ်မှာ 2010 ဟူ၍ နှစ်များကို ရေတွက်သော ဂရီဂေါ်ရီးယန်းပြက္ခဒိန် သည် ယေရှုဖွားမြင်ခြင်း (လူ့ဇာတိအဖြစ်ခံယူခြင်း)မှစတင်၍ ရေတွက်ရန် ကြိုးစားသော အလယ်ခေတ်ဦးကို အခြေခံသည်။ရှင်မဿဲခရစ်ဝင်ကျမ်းတွင် 4 BC/BCE ၌ သေဆုံးသော မဟာဟေရုဒ်၏ နန်းစံကာလ၌ ယေရှု ဖွားမြင်ခြင်းကို ထည့်သွင်းခဲ့သည်။ရှင်လုကာခရစ်ဝင်ကျမ်းရှိ ဖော်ပြချက်များတွင် ရှင်လုကာသည် ရှုရိပြည်နှင့် လူဒေးယတို့၏ ရောမပိုင်နယ်၌ ပထမဆုံးအကြိမ် သန်းခေါင်စာရင်းကောက်သည့်ကာလ ယေဘုယျအားဖြင့် 6 AD/CE တွင် ယေရှုကို မွေးဖွားခဲ့သည်ဟု ဖော်ပြသော်လည်း တူညီသောကာလကိုပင် ရည်ညွှန်းသည်။ပညာရှင်အများစုသည် မွေးဖွားရာနေ့သည် 6 မှ 4 BC/BCE ကြားတွင် ဖြစ်မည်ဟု ယေဘုယျအားဖြင့် ယူဆကြသည်။

ယေရှု၏ မွေးနေ့ကို ဒီဇင်ဘာလ 25 ရက်တွင် ကျင်းပသည့် အစောဆုံးသော အထောက်အထားမှာ 354 ခုနှစ်၊ ရောမတွင် ကျင်းပခြင်း ဖြစ်သည်။ ထို့နောက် သူ၏ မွေးနေ့ကို ဇန္နဝါရီလ 6 ရက်နေ့တွင် ကျင်းပသော အာမေးနီးယားမှလွဲ၍ အရှေ့ဘက်တိုင်းပြည်များတွင် ဒီဇင်ဘာလ 25 ရက်တွင်ကျင်းပလာသည်။အကယ်ပင် အာဏာပိုင်များက သူ၏မွေးနေ့ကို နှစ်တစ်နှစ်တွင် မည်သည့်လတွင်မျှ သတ်မှတ်ထားခြင်းမရှိချေ။

ယေရှု၏ ဓမ္မအမှုတော်ဆောင်ခြင်းသည် ရှင်လုကာခရစ်ဝင်ကျမ်းအရ အသက် 30 အရွယ်တွင် စတင်ခဲ့သည်။28 သို့မဟုတ် 29 AD/CE ခန့်ဖြစ်သော “ကဲသာဘုရင်တိဗေရိ(Tiberius Caesar) နန်းစံသက်တစ်ဆယ့်ငါးနှစ်တွင်” [လုကာ. 3:1–2] စတင်၍ ဓမ္မအမှုတော်ဆောင်သည်ဟု ဆိုသော ဗတ္တိဇံဆရာယောဟန်၏နောက်တွင်ဖြစ်သည်။ရာဇဝင်အကျဉ်းချုပ် ကျမ်းစာများအရ ယေရှု၏ ဓမ္မအမှုတော်ဆောင်ခြင်းသည် တစ်နှစ် သို့မဟုတ် ရှင်ယောဟန်ခရစ်ဝင်ကျမ်းအရ သုံးနှစ် ကြာခဲ့သည်။ ထို့ကြောင့် လက်ဝါးကပ်တိုင်ပေါ်တွင် အသေခံခြင်းကို အစောဆုံး ယေဘုယျ လက်ခံသော အချိန်မှာ 29 AD/CE ဖြစ်ပြီး၊ နောက်အကျဆုံး 36 AD/CE ဖြစ်သည်။

သမ္မာကျမ်းချက်များအရ ယေရှု၏ သေဆုံးခြင်းသည် ပုန္တိပိလတ် ယုဒပြည်၏ ရောမအုပ်ချုပ်ရေး ကိုယ်စားလှယ် ဖြစ်စဉ်ကာလတွင် ဖြစ်ပွားခဲ့သည်။ ယိုဆေဖော့(Josephus)နှင့် တက်စီတု(Tacitus) တို့ကလည်း ပုန္တိပိလတ်သည် ယေရှုကို ကွပ်မျက်ခဲ့သည်ဟု ဆိုသည်။ အုပ်ချုပ်ရေးကိုယ်စားလှယ်သည် 41-54 CE အတွင်း ကလောဒိနန်းစံစဉ်က မိတ်ဆက်ခဲ့သော အရပ်သားရာထူးဖြစ်သည်။ သမိုင်းဝင် ပုန္တိပိလတ်သည် 26 နှင့် 36 CE အတွင်း၌ စစ်ဘက်ဆိုင်ရာ ဘုရင်ခံ[54]ရာထူးရှိခဲ့သည်။ ခရစ်ယာန်အများစုက ယေရှု၏ လက်ဝါးကပ်တိုင်ပေါ်တွင် အသေခံခြင်းကို မင်္ဂလာ သောကြာတွင် အထိမ်းအမှတ်ပြုလုပ်၍ သူ၏ ရှင်ပြန်ထမြောက်ခြင်းကို အီစတာ တနင်္ဂနွေတွင် ကျင်းပကြသည်။ သမ္မာကျမ်းစာလာ အသက်တာနှင့် သွန်သင်မှုများ

ယေရှုအသက်တာကို ရှုမြင်သုံးသပ်သော ဓမ္မသစ်ကျမ်း

'သမ္မာကျမ်းစာသဟဇာတ' ခရစ်ဝင်ကျမ်း လေးကျမ်းဖြစ်သော ရှင်မဿဲ၊ ရှင်မာကု၊ ရှင်လုကာနှင့် ရှင်ယောဟန် ကျမ်းတို့မှာ ယေရှု၏ အတ္ထုပတ္တိအတွက် အဓိက အရင်းအမြစ်များဖြစ်သည်။ သို့သော် ဤကျမ်းများသည် ယေရှု၏ ဂုဏ်သရေ ထွန်းလင်းရေးဦးတည်ချက်ဖြင့် ရေးသားထားသည်ဖြစ်၍ တိကျသော အတ္ထုပတ္တိ ပုံစံမျိုးမဟုတ်ပါ။ ဥပမာ၊ ခရစ်ဝင်ကျမ်းများသည် ယေရှုကို မေရှိအဖြစ် အဓိကဖော်ပြသည်- သူသည် အံ့ဖွယ်သော အမှုတို့ကို ပြုပြီး ဂျူးဘုရာ:သခင်နှင့် အလွန်ရင်းနှီးကျွမ်းဝင်သော ဆက်ဆံရေးရှိကြောင်းကို မကြာခဏ ဖော်ပြခြင်းခံရသည်- “ဘုရားသခင်၏ သားတော်” ဟူသော စကားစုကို ကျမ်းတစ်ခုစီတွင် အနည်းဆုံး တစ်ကြိမ် ဂုဏ်ပုဒ် ထုတ်ဖော်သည်။ [လုကာ 1:35][မဿဲ 16:16][မာကု 1:1][ယောဟန် 3:18] ခရစ်ဝင် ကျမ်း များ(အထူးသဖြင့် ရှင်မဿဲ) သည် ယေရှုဖွားမြင်ခြင်း ဘဝအသက်တာ၊ သေဆုံးခြင်းနှင့် ဟီဘရူးသမ္မာကျမ်း တွင် တွေ့ရသော နိမိတ်ဖတ်ထားခြင်းများ(ဥပမာ- အပျိုစင်ကညာမှမွေးဖွားခြင်း၊ အီဂျစ်သို့ ခရီးထွက်ခြင်း၊ ဟေရှာယအနာဂတ္တိကျမ်း 7:14 မှ ဧမာနွေလနှင့် ဝေဒနာခံစားရသောကျွန်)ကို ပြည့်စုံစေသော ရှင်ပြန်ထမြောက်ခြင်းတို့ကို ဖော်ပြထားသည်။သို့သော်၊ ဂျူးများ၏ ယုံကြည်ခြင်းဟု ထိုအချိန်က သတ်မှတ်သော အံ့ဖွယ်ကောင်းပြီး ဘာသာရေးဆိုင်ရာယုံကြည်မှု နှင့်သက်ဆိုင်သော အကြောင်းအရာများကို အဓိပ္ပါယ်ဖွင့်ဆိုခြင်းအားဖြင့် ဝေဖန်ရေးပညာရှင်များသည် ယေရှု၏ဘဝနှင့် ဓမ္မမှုဆောင်ရာ သမိုင်းကြောင်း သတင်းအချက်အလက်များကို ရာဇဝင်အကျဉ်းချုပ် ကျမ်းစာများတွင် တွေ့ရှိကြသည်။

ကျမ်းစာများအကြား ဆင်တူခြင်းများနှင့် ကွဲပြားခြင်းများ

ခရစ်ဝင်ကျမ်းလေးကျမ်းမှ သုံးကျမ်းဖြစ်သော ရှင်မဿဲ၊ ရှင်မာကု၊နှင့် ရှင်လုကာ ကျမ်းတို့မှာ ရာဇဝင်အကျဉ်းချုပ် ကျမ်း များဟု ခေါ်သည်၊ အကြောင်းမှာ ၎င်းတို့သည် ပါဝင်သည့်အကြောင်းအရာ၊ တင်ပြပုံအစီအစဉ်၊ ဘာသာစကားနှင့် ဝါကျနှင့်စာ ပိုဒ်များ အသွင်အပြင်မှာ အတော်ပင် ဆင်တူသောကြောင့်ဖြစ်သည်။ ဤကျမ်းများ ကိုတူညီသောရှုထောင့်မှ တင်ပြထားသည်ဟု ယူဆကြသည်။လေးခုမြောက်သော ခရစ်ဝင်ကျမ်းဖြစ်သော ရှင်ယောဟန်မှာ အစစ်အမှန်မဟုတ်သော ကျမ်းများနှင့် ကွဲပြားသကဲ့သို့ ဤသုံးကျမ်းနှင့်လည်းများစွာ ကွဲပြားသည်။ အရင်းမြစ်နှစ်ခု မှန်းဆချက်အရ ရှင်မာကုသည် ရှင်မဿဲနှင့် ရှင်လုကာအတွက် အရင်းအမြစ် ဖြစ်သည်။ ၎င်းကျမ်း နှစ်ခုလုံးသည် ပျောက်ဆုံးနေသည်ဟုဆိုသော က္ခကျမ်း ဟုခေါ်သည့် အရင်းအမြစ်ကို သီးခြားစီ အသုံးပြုခဲ့ကြသည်။ ရှင်မာကုသည် ယေရှု ဗတ္တိဇံခံသည့်ဖြစ်ရပ်မှသည် ဗလာဖြစ်သွားသောသချိုင်းအထိ အစဉ်လိုက်ဖော်ပြပြီး ထာဝရဘုရားသခင်၏ နိုင်ငံတော်အကြောင်း သင်ခန်းစာပေးပုံပြင်များ ပါဝင်သည်။

ယေရှု၏ ဝိသေသလက္ခဏာ

ကျမ်းစာ တစ်ခုစီသည် ယေရှု၏ဘဝနှင့် အဓိပ္ပါယ်ကို ကွဲပြားစွာ ပုံဖော်သည်။ ရှင်ယောဟန်ခရစ်ဝင်ကျမ်းသည် ယေရှု၏ အတ္ထုပတ္တိ မဟုတ်ဘဲ ယေရှုသည် ဘုရားသခင်၏ အမှတ်အသားအဖြစ် ဘာသာရေးဆိုင်ရာ ယုံကြည်မှု နှင့်သက်ဆိုင်သော တင်ပြမှုဖြစ်သည်။ခေတ်သစ်ပညာရှင်တစ်ဦးက ဤပုံဇာတ်လမ်းလေးခုကို တစ်ခုအဖြစ် ပူးပေါင်းရန်မှာ မူလတစ်ခုချင်းမှ မတူညီမှုတစ်ခုစီယူခြင်းဖြင့် ငါးခုမြောက်ပုံဇာတ်လမ်းကို ဖန်တီးခြင်းသာ ဖြစ်သည်ဟု ရေးသားသည်။ ရှင်မာကုသည် ယေရှုကို သူရဲကောင်း၊ အလုပ်နှင့်သက်သေပြပြီး စွမ်းပကားကြီးမားသည့် လုပ်ဆောင်ချက်များပြုလုပ်သူ အဖြစ် တင်ပြသည်။ ရှင်မဿဲက ယေရှုကို ဟီဘရူး နိမိတ်၏ ပြည့်စုံခြင်းအဖြစ်နှင့် မောရှေထက် ကြီးမြတ်သူအဖြစ်အထူး ပုံဖော်သည်။ ရှင်လုကာက ယေရှု၏ အံ့ဩဖွယ်စွမ်းပကားနှင့် ဆင်းရဲသားများ၊ မိန်းမများနှင့် တပါးအမျိုးသားများအပေါ် သူ၏ထောက်မမှုတို့ကို အလေးပေးဖော်ပြသည်။ ရှင်ယောဟန်သည် ယေရှု၏ လူသားဘဝကို ထာဝရ နှုတ်ကပတ်တော်၏ ထင်ရှားမှုအဖြစ် ရှုမြင်သည်။ [၂] ယေရှုသည် မေထုံမရှိပဲ by Holy Spirit မွေးဖွားလာသည်။ ယေရှုကားတိုင်တွင် အသေခံပြီး၊ ၃ရက်မြောက်နေ့တွင် ကျမ်းစာနှင့်အညီ ရှင်ပြန်ထမြောက်သည်။ ယေရှုသည်အသက်ရှင်သောဘုရားဖြစ်သည်..ဟု ခရစ်ယာန်များကယုံကြည်သည်။


ကိုးကား

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၂)
  2. http://en.wikipedia.org/wiki/Jesus

ပြင်ပလင့်ခ်များ