ရှင်ဂန် စာချုပ်: တည်းဖြတ်မှု မူကွဲများ

ဝီကီပီးဒီးယား မှ
No edit summary
No edit summary
စာကြောင်း ၂၅ - စာကြောင်း ၂၅ -
===ဆက်လက် လေ့လာရန်===
===ဆက်လက် လေ့လာရန်===
==<references/>==
==<references/>==


[[Category:အပြည်ပြည်ဆိုင်ရာ စာချုပ်များ]]
[[Category:ဥရောပတိုက်]]

၀၈:၀၄၊ ၁၂ မေ ၂၀၁၂ ရက်နေ့က မူ

အခြားကြည့်ရန်။ ရှင်ဂန်အသိအမှတ် မြေ‎
Schengen Agreement
Agreement between the Governments of the States of the Benelux Economic Union, the Federal Republic of Germany and the French Republic on the gradual abolition of checks at their common borders
ဖိုင်:Schengen Monument.jpg
A monument to the Agreement in Schengen
လက်မှတ်ရေးထိုးသည့် နေ့စွဲ14 June 1985
တည်နေရာSchengen, Luxembourg
မူလ
လက်မှတ်ရေးထိုးသူများ
 ဘယ်လ်ဂျီယမ်
 ပြင်သစ်
 ဂျာမနီ
 လူဇင်ဘတ်
 နယ်သာလန်
တာဝန်အပ်နှင်းသူGovernment of the Grand Duchy of Luxembourg
ဘာသာစကားများDutch, French and German

ရှင်ဂန် စာချုပ် သည် သဘောတူ ချုပ်ဆိုထားသည့် စာချုပ် ဖြစ်ပြီး၊၎င်းကို ၁၉၈၅ ခုနှစ် ဇွန်လ ၁၄ရက်တွင် Schengen အနီးရှိ လူဇင်ဘတ်နိုင်ငံတွင်၊ဥရောပ စီးပွားရေး အုပ်စု အဖွဲ့ဝင်နိုင်ငံ ၁၀ နိုင်ငံမှ ၅ နိုင်ငံစတင်ချုပ်ဆိုခဲ့ကြခြင်းဖြစ်သည်။ ၅ နှစ်ခန့်ကြပြီးနောက် ဆက်လက်၍ ရှင်ဂန်စာချုပ် အကောင်အထည်ကို ဖော်ရန် ဆွေးနွေးပွဲကြီးစတင်ခဲ့သည်။ ၎င်း စာချုပ်မှ စတင်ကာ၊ ဥရောပနိုင်ငံများအတွင်း နယ်ခြားမဲ့ စံနစ်ဖြစ်ပေါ်လာစေရန် ရည်ရွယ်ပြီး၊နိုင်ငံများအားလုံး၏ နယ်နမိတ်များအား ခရီးသွားသူများတွက် တစ်နိုင်ငံအဖြစ် ပေါ်ထွက်လာစေရန် ဖြစ်သည်။ နယ်မြေအတွင်း နေထိုင်ကြသူများနှင့် နယ်မြေပြင်ပမှရောက်ရှိလာသော သူများသည်၊ ရှင်ဂန် နယ်မြေအတွင်းရှိ တစ်နိုင်ငံမှ တစ်နိုင်ငံ စစ်ဆေးခြင်းများမရှိဘဲ၊ လွယ်ကူစွာ သွားလာနိုင်သည်။

လူဝင်မှုကြီးကျပ်ရေး နှင့် စစ်ဆေးရာဌာနများ ပယ်ဖျက်၍ နိုင်ငံသားများ နိုင်ငံကူးလက်မှတ်အသုံးမပြုဘဲ၊ မှတ်ပုံတင်ကဒ်ပြားဖြင့် ကူးသန်းသွားလာနိုင်ရန် သဘောတူသည့် နိုင်ငံများအားလုံး ချုပ်ဆိုထားသည့် စာချုပ်ဖြစ်သည်။ ရှင်ဂန် စာချုပ်တွင်ရှိသည့် သက်မှတ်ချက်များ နှင့် ဥပဒေများသည်၊ ချုပ်ဆိုချိန်ကာလမှစ၍ ၁၉၉၇ ခုနှစ် အမ်စတာဒမ် သဘောတူစာချုပ်ချုပ်ဆိုသည့် အချိန်အထိဖြစ်ခဲ့ပြီး၊ ထို့နောက် ဥရောပ သမ္မဂ ဥပဒေတစ်ခုအဖြစ် အသိအမှတ်ပြုခဲ့သည်။ လက်ရှိတွင် ရှင်ဂန် အသိအမှတ်မြေအဖြစ် လိုက်နာဆောင်ရွက်သည့် ဥရောပ နိုင်ငံပေါင်း ၂၆ နိုင်ငံရှိပြီး၊ လူဦးရေ သန်း၄၀၀ နှင့် ဧရိယာ စတုရမ်း ၄ ၃၁၂ ၀၉၉ ကီလိုမီတာကျယ်ဝန်းသည်။

ရှင်ဂန်နယ်မြေပြင်ပနိုင်ငံများ နှင့် ချိတ်ဆက်ထားကြသည့် ရေကြောင်း၊ လေကြောင်း၊ ကုန်းကြောင်းများတွင် ပြင်ပမှ ရောက်ရှိလာမည့်သူများအား စစ်ဆေးမှုများ ပြုလုပ်နိုင်ရန် နယ်စပ်စစ်ဆေးရေးရုံးများဆက်လက် ရှိနေသော်လည်း၊ နယ်မြေအတွင်းရှိပြည်သူများ စစ်ဆေးရန် မလိုအပ်သောကြောင့် ပို၍ လွယ်ကူသည့် ကူးသန်းသွာလာနိုင်မှုကို တွေ့ရှိနိုင်သည်။[၁]

သမိုင်း

ဆက်လက် လေ့လာရန်

  1. European Commission။ Schengen area။ Europa web portal။ 13 January 2011 တွင် ပြန်စစ်ပြီး။