ရှင်ဂန် စာချုပ်

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search
အခြားကြည့်ရန်။ ရှင်ဂန်အသိအမှတ် မြေ‎
Schengen Agreement
Agreement between the Governments of the States of the Benelux Economic Union, the Federal Republic of Germany and the French Republic on the gradual abolition of checks at their common borders
Schengen Agreement (1985) signatures.jpg
၁၉၈၅ ခုနှစ် ဇွန်လ ၁၄ ရက်နေ့တွင် ရေးထိုးခဲ့သည့် ရှင်ဂန် စာချုပ်
လက်မှတ်ထိုး ၁၄ ဇွန် ၁၉၈၅
တည်နေရာ ရှင်ဂန်၊ လူဇင်ဘတ်နိုင်ငံ
မူလ
လက်မှတ်ထိုးသူများ
 ဘယ်လ်ဂျီယမ်
 ပြင်သစ်
 ဂျာမနီ
 လူဇင်ဘတ်
 နယ်သာလန်
တာဝန်အပ်နှင်းခြင်း Government of the Grand Duchy of Luxembourg
ဘာသာစကားများ Dutchပြင်သစ် နှင့် ဂျာမန်

ရှင်ဂန် စာချုပ် သည် သဘောတူ ချုပ်ဆိုထားသည့် စာချုပ် ဖြစ်ပြီး၊ ၎င်းကို ၁၉၈၅ ခုနှစ် ဇွန်လ ၁၄ရက်တွင် ရှင်ဂန်ရွာ အနီးရှိ လူဇင်ဘတ်နိုင်ငံတွင်၊ဥရောပ စီးပွားရေး အုပ်စု အဖွဲ့ဝင်နိုင်ငံ ၁၀ နိုင်ငံမှ ၅ နိုင်ငံစတင်ချုပ်ဆိုခဲ့ကြခြင်းဖြစ်သည်။ ၅ နှစ်ခန့်အကြာတွင် ရှင်ဂန်စာချုပ် ဆက်လက်၍ အကောင်အထည်ဖော်နိုင်ရန် ဆွေးနွေးပွဲကြီးစတင်ခဲ့သည်။ ၎င်း စာချုပ်မှ စတင်ကာ၊ ဥရောပနိုင်ငံများအတွင်း နယ်ခြားမဲ့ စနစ်ဖြစ်ပေါ်လာစေရန် ရည်ရွယ်ပြီး၊နိုင်ငံများအားလုံး၏ နယ်နမိတ်များအား ခရီးသွားသူများတွက် တစ်နိုင်ငံတည်းအဖြစ် ပေါ်ထွက်လာစေရန် ဖြစ်သည်။ နယ်မြေအတွင်း နေထိုင်ကြသူများနှင့် နယ်မြေပြင်ပမှရောက်ရှိလာသော သူများသည်၊ ရှင်ဂန် နယ်မြေအတွင်းရှိ တစ်နိုင်ငံမှ တစ်နိုင်ငံ စစ်ဆေးခြင်းများမရှိဘဲ၊ လွယ်ကူစွာ သွားလာနိုင်ရန်ဖြစ်သည်။

ထိုစာချုပ်ကြောင့် လူဝင်မှုကြီးကျပ်ရေး နှင့် စစ်ဆေးရာဌာနများ ပယ်ဖျက်၍ နိုင်ငံသားများ နိုင်ငံကူးလက်မှတ်အသုံးမပြုဘဲ၊ မှတ်ပုံတင်ကဒ်ပြားဖြင့် ကူးသန်းသွားလာနိုင်သည်။ ရှင်ဂန် စာချုပ်တွင်ရှိသည့် သက်မှတ်ချက်များ နှင့် ဥပဒေများသည်၊ ချုပ်ဆိုချိန်ကာလမှစ၍ ၁၉၉၇ ခုနှစ် အမ်စတာဒမ် သဘောတူစာချုပ်ချုပ်ဆိုသည့် အချိန်အထိဖြစ်ခဲ့ပြီး၊ ထို့နောက် ဥရောပ သမဂ္ဂ ဥပဒေတစ်ခုအဖြစ် အသိအမှတ်ပြုခဲ့သည်။ လက်ရှိတွင် ရှင်ဂန် အသိအမှတ်မြေအဖြစ် လိုက်နာဆောင်ရွက်သည့် ဥရောပ နိုင်ငံပေါင်း ၂၆ နိုင်ငံရှိပြီး၊ လူဦးရေ သန်း၄၀၀ နှင့် ဧရိယာ စတုရမ်း ၄ ၃၁၂ ၀၉၉ ကီလိုမီတာကျယ်ဝန်းသည်။

ရှင်ဂန်နယ်မြေပြင်ပနိုင်ငံများ နှင့် ချိတ်ဆက်ထားကြသည့် ရေကြောင်း၊ လေကြောင်း၊ ကုန်းကြောင်းများတွင် ပြင်ပမှ ရောက်ရှိလာမည့်သူများအား စစ်ဆေးမှုများ ပြုလုပ်နိုင်ရန် နယ်စပ်စစ်ဆေးရေးရုံးများဆက်လက် ရှိနေသော်လည်း၊ နယ်မြေအတွင်းရှိပြည်သူများ စစ်ဆေးရန် မလိုအပ်သောကြောင့် ပို၍ လွယ်ကူသည့် ကူးသန်းသွာလာနိုင်မှုကို တွေ့ရှိနိုင်သည်။[၁]

သမိုင်း[ပြင်ဆင်ရန်]

ဆက်လက် လေ့လာရန်[ပြင်ဆင်ရန်]

ကိုးကား[ပြင်ဆင်ရန်]

  1. European Commission။ Schengen area။ Europa web portal။ 13 January 2011 တွင် ပြန်စစ်ပြီး။