စူပါနိုဗာ: တည်းဖြတ်မှု မူကွဲများ

ဝီကီပီးဒီးယား မှ
အရေးမကြီး r2.7.1) (ရိုဘော့က ပေါင်းထည့်နေသည် - tl:Supernoba
အရေးမကြီး r2.7.1) (ရိုဘော့က တည်းဖြတ်နေသည် - bn:অতিনবতারা
စာကြောင်း ၁၉ - စာကြောင်း ၁၉ -
[[be:Звышновая зорка]]
[[be:Звышновая зорка]]
[[bg:Свръхнова]]
[[bg:Свръхнова]]
[[bn:অতিনবতারা]]
[[bn:অতি নবতারা]]
[[bs:Supernova]]
[[bs:Supernova]]
[[ca:Supernova]]
[[ca:Supernova]]

၀၁:၂၆၊ ၇ ဖေဖော်ဝါရီ ၂၀၁၂ ရက်နေ့က မူ

အခြား ဂယ်လက်ဆီတစ်ခုမှ စူပါနိုဗာကို ရိုက်ကူးထားသော ဓာတ်ပုံ။ စူပါနိုဗာမှာ မြှားပြထားသော အလင်းစက်ကလေး ဖြစ်သည်။ တခြား အလင်းစက်များမှာ ထိုဂယ်လယ်ဆီသို့ ဦးတည်ရာ မြင်ကွင်းတွင်ရှိနေသာ ကျွန်ုပ်တို့၏ ဂယ်လက်ဆီမှ ကြယ်များ ဖြစ်သည်။

စူပါနိုဗာသည် အလွန်ကြီးမားသော ကြယ်တို့ ပေါက်ကွဲသည့် အချိန်တွင် ဖြစ်ပေါ်သည်။ ကြယ်တွင် အပူနှင့် အလင်းတို့ ဖြစ်ပေါ်စေရန်အတွက် စွမ်းအင် လုံးဝ မရှိတော့သော အချိန်တွင် ဖြစ်ပေါ်လေ့ ရှိသည်။ အလွန်ကြီးမားသော ကြယ်တို့ကို ဟိုက်ပါဂျိုင်းယင့် ဟုခေါ်လေ့ရှိပြီး ၄င်းတို့ထက် ပို၍သေးငယ်သော ကြယ်များကို စူပါဂျိုင်းယင့် ဟု ခေါ်လေ့ ရှိသည်။ ထိုကြယ်များမှာ အလွန်ကြီးမားသည့် အတွက် သူတို့၏ ဗဟိုထုသို့ ပြင်းထန်စွာ ဖိနှိပ်ကြပြီး စွမ်းအင်များကို အလျှင်အမြန် ကုန်ဆုံးစေလေ့ ရှိသည်။ ထို့အတွက်ကြောင့် ထိုသို့သော ကြယ်များမှာ နှစ်သန်းပေါင်း အနည်းငယ်မျှသာ ရှင်သန်လေ့ ရှိသည်။ မကြာမီတွင် သူတို့သည် တွင်းမည်း သို့မဟုတ် နျူထရွန်ကြယ် အဖြစ် ပြောင်းလဲသွားကြသည်။ သေးငယ်သော ကြယ်များမှာပေါက်ကွဲလေ့ မရှိပေ။ ၄င်းတို့မှာ တဖြည်းဖြည်း အပူချိန်လျော့ကာ ကျုံ့ဝင်သွားပြီး ဒွဖ်ဖြူ အဖြစ်သို့ ပြောင်းလဲသွားကြသည်။

စူပါနိုဗာများသည် အလွန်ပြင်းထန်သော ပေါက်ကွဲမှုများ ဖြစ်သည်။ အကယ်၍ ကြယ်တို့ ပေါက်ကွဲပါက ထိုအလင်းရောင်သည် အခြားကြယ်များ၏ အလင်းရောင်ထက် ပို၍ တောက်ပသည်။ အကယ်၍ စူပါနိုဗာ ကြယ်ပေါက်ကွဲမှုသည် ကမ္ဘာနှင့်နီးသော နေရာတွင် ဖြစ်ပေါ်ပါက နေ့ခင်းဖက် ကောင်းကင်တွင်ပင် တွေ့မြင်နိုင်သည်။

စူပါနိုဗာသည် ဖြစ်တောင့်ဖြစ်ခဲ အဖြစ်အပျက် ဖြစ်သည်။ ကျွန်ုပ်တို့ နေထိုင်ရာ ဂယ်လက်ဆီ ဖြစ်သော နဂါးငွေ့တန်း ဂယ်လက်ဆီ တွင် နောက်ဆုံး စူပါနိုဗာ ကြယ်ပေါက်ကွဲမှုမှာ ၁၆၀၄ ခုနှစ်တွင် ဖြစ်ပေါ်ခဲ့သည်။ ကျွန်ုပ်တို့ အနေနှင့် အခြား ဂယ်လက်ဆီများမှာ ကြယ်ပေါက်ကွဲမှုများကိုလည်း တွေ့မြင်နိုင်သည်။ အခြား ဂယ်လက်ဆီပေါင်း မြောက်များစွာ ရှိသည့် အတွက် ကျွန်ုပ်တို့ အနေနှင့် နှစ်စဉ် နှစ်တိုင်း အခြား ဂယ်လက်ဆီများမှ စူပါနိုဗာ ၃၀၀ ခန့်ကို တွေ့မြင်နိုင်သည်။

စူပါနိုဗာ နှင့် သက်ရှိ

စူပါနိုဗာ ဖြစ်ပေါ်ခြင်း မရှိပါက ကမ္ဘာပေါ်တွင် သက်ရှိ ရှိလိမ့်မည် မဟုတ်ပေ။ အဘယ်ကြောင့် ဆိုသော် ဓာတုဗေဒ ဒြပ်စင်များမှာ ကြယ်ပေါက်ကွဲမှုမှ ပေါ်ထွက်လာသောကြောင့် ပင် ဖြစ်သည်။ ထိုသို့သော ဒြပ်စင်များကို လေးလံသော ဒြပ်စင်များဟု ခေါ်ဆိုလေ့ ရှိပြီး ၄င်းတို့ကို သက်ရှိတို့ ဖြစ်ပေါ်ရန်အတွက် လိုအပ်သည်။