သဘာဝ
ပုံပန်းသွင်ပြင်
သဘာဝ (nature) ဟူသည်မှာ အဓိပ္ပာယ် ကျယ်ပြောလှသော စကားလုံးဖြစ်ပြီး ယင်းစကားလုံးအနက်တွင် သဘာဝ လောက၊ သဘာဝတ္တ စကြဝဠာ၊ ရုပ်ပိုင်းဆိုင်ရာ လောကနှင့် ရုပ်ပိုင်းဆိုင်ရာ စကြဝဠာတို့ ပါဝင်နေသည်။ သဘာဝသည် ယေဘုယျအားဖြင့် ရုပ်စကြဝဠာ၏ လောကဓမ္မ (Phenomena) နှင့် သက်ရှိဘာဝတို့ကို ရည်ညွှန်းသည်။ သဘာဝ ဆိုသည်မှာ ရုပ်လောက တွင်ဖြစ်ပျက်နေမှုကို ရည်ညွှန်းပြီး ယေဘုယျအားဖြင့် အသက်ရှိခြင်း နှင့်ဆိုင်သည်။ လူတို့ဖန်တီးသော အရာများ လူတို့ရှိ ပေါင်းဖွဲ့ခြင်းများကို သဘာဝ ဟု အသုံးအနှုန်းတွင် မပါဝင်ပေ။ လူ့သဘာဝ တွင်ကားပါဝင်နိုင်သည်။ သဘာဝ သည် သဘာဝလွန် ဖြစ်ရပ်များနှင့် ခြားနားသည်။ ပမာနအားဖြင့် အဏုမြုမှုန် (subatomic) မှ မဟာစကြဝဠာ (Cosmos)ထိ ပါဝင်သည်။