ဝီလျံဟေးရန်စ်

ဝီကီပီးဒီးယား မှ
ဝီလျံဟေးရန်စ်
မွေးဖွားဝီလျံဂျော့ဂျ်ဟေးရန်စ်
(1928-11-15)နိုဝင်ဘာ ၁၅၊ ၁၉၂၈
အယ်ဗန်စတန်၊ အီလီနွိုင်းပြည်နယ်၊ အမေရိကန်ပြည်ထောင်စု[၁]
ကွယ်လွန်မတ် ၅၊ ၂၀၁၂(2012-03-05) (အသက် ၈၃)
အီလီနွိုင်းတက္ကသိုလ် ဆေးစင်တာ၊ ရှီကာဂိုမြို့၊ အီလီနွိုင်းပြည်နယ်၊ အမေရိကန်ပြည်ထောင်စု
အခြား အမည်များနှုတ်ခမ်းနီလူသတ်သမား
ရာဇဝတ်ပြစ်ဒဏ်တစ်သက်တစ်ကျွန်း
အသေးစိတ်များ
သားကောင်များ
မှုခင်းကာလ
ဇွန် ၅၊ ၁၉၄၅–ဇန်နဝါရီ ၇၊ ၁၉၄၆
နိုင်ငံအမေရိကန်ပြည်ထောင်စု
ပြည်နယ် (များ)အီလီနွိုင်းပြည်နယ်
ဖမ်းဆီးရက်စွဲ
ဇွန် ၂၆၊ ၁၉၄၆

ဝီလျံဂျော့ဂျ်ဟေးရန်စ် (အင်္ဂလိပ်: William George Heirens; ၁၉၂၈ နိုဝင်ဘာ ၁၅ – ၂၀၁၂ မတ် ၅) သည် ၁၉၄၆ ၌ လူသတ်မှု ၃ မှုအား ဝန်ခံခဲ့သည့် အမေရိကန် ရာဇဝတ်သား ကွင်းဆက်လူသတ်သမား ဖြစ်သည်။ မှုခင်းဖြစ်ရာနေရာများ၌ နှုတ်ခမ်းနီဖြင့် သတင်းစကားများ ရေးခြစ်ခဲ့သောကြောင့် Heirens ကို နှုတ်ခမ်းနီလူသတ်သမား ဟုလည်း ခေါ်သည်။ အကျဉ်းထောင်တွင်း ၆၅ နှစ် နေထိုင်ခဲ့ရသောကြောင့် သေဆုံးချိန်တွင် ရှီကာဂို၏ သက်တမ်းအရှည်ဆုံးထောင်သား ဂုဏ်ပုဒ်ရရှိခဲ့သည်။.[၂]

အီလီနွိုင်းပြည်နယ် ဒစ်ဆန်အရပ်ရှိ ဒစ်ဆန် စာရိတ္တပြုပြင်ရေးစင်တာ၌ သူ၏ ကျန်ရှိသေးသော ထောင်ဒဏ်ကို ကျခံခဲ့ သည်။ သေချိန်အထိ အကျဉ်းကျခံခဲ့သော်လည်း သူ၏ ဝန်ခံထွက်ဆိုချက်ကို ပြန်ရုပ်သိမ်းပြီး ခြိမ်းခြောက်အကျပ်ကိုင် စစ်မေးမှုနှင့် ရဲတပ်ဖွဲ့၏ ရက်စက်မှု၏ သားကောင်ဖြစ်ခဲ့ရသည် ဟု ဆိုသည်။[၃]

Heirens အကြောင်း ဝတ္ထု The Bloody Spur  ကို ချားလ်စ်အိုင်းရှတိုင်းက ရေးသားပြီး ၁၉၅၃ ထုတ်ဝေခဲ့သည်။ ဖရစ်ဇ်လန်း ၏ ၁၉၅၆ ရုပ်ရှင် While the City Sleeps  အဖြစ် အသက်သွင်းခဲ့သည်။

၂၀၁၂ မတ် ၅ ရက် UIC ကျန်းမာရေးစင်တာ၌ အသက် ၈၃ တွင် ဆီးချိုရောဂါ၏ နောက်ဆက်တွဲဝေဒနာများဖြင့် သေဆုံးခဲ့သည်။[၄]

ကိုးကား[ပြင်ဆင်ရန်]

  1. Gabriel Falcon။ "'Lipstick Killer' behind bars since 1946"၊ CNN၊ October 24, 2009။ 2009-10-24 တွင် ပြန်စစ်ပြီး 
  2. "Gray area: Aging prison population has state looking at alternatives." Archived 2012-05-27 at Archive.is Pantagraph.com. May 30, 2009. Accessed June 5, 2009.
  3. Kennedy, Dolores "Bill Heirens Asks For Help So He Won't Die In Prison For Another's Crime." URL accessed January 29, 2007. Richard Thomas a man who actually confessed and came forth giving spot on details of the crimes was ignored by police and let go free. Police beat a confession out of Heirens, he was brutally beaten then told if he didn't confess he would get the electric chair.
  4. Lee၊ William။ "William Heirens dead. Known as the 'Lipstick Killer'"၊ March 6, 2012။ March 6, 2012 တွင် ပြန်စစ်ပြီး