ဝီလျံဟေးရန်စ်
ဝီလျံဟေးရန်စ် | |
---|---|
မွေးဖွား | ဝီလျံဂျော့ဂျ်ဟေးရန်စ် နိုဝင်ဘာ ၁၅၊ ၁၉၂၈ အယ်ဗန်စတန်၊ အီလီနွိုင်းပြည်နယ်၊ အမေရိကန်ပြည်ထောင်စု[၁] |
ကွယ်လွန် | မတ် ၅၊ ၂၀၁၂ အီလီနွိုင်းတက္ကသိုလ် ဆေးစင်တာ၊ ရှီကာဂိုမြို့၊ အီလီနွိုင်းပြည်နယ်၊ အမေရိကန်ပြည်ထောင်စု | (အသက် ၈၃)
အခြား အမည်များ | နှုတ်ခမ်းနီလူသတ်သမား |
ရာဇဝတ်ပြစ်ဒဏ် | တစ်သက်တစ်ကျွန်း |
အသေးစိတ်များ | |
သားကောင်များ | ၃ |
မှုခင်းကာလ | ဇွန် ၅၊ ၁၉၄၅–ဇန်နဝါရီ ၇၊ ၁၉၄၆ |
နိုင်ငံ | အမေရိကန်ပြည်ထောင်စု |
ပြည်နယ် (များ) | အီလီနွိုင်းပြည်နယ် |
ဖမ်းဆီးရက်စွဲ | ဇွန် ၂၆၊ ၁၉၄၆ |
ဝီလျံဂျော့ဂျ်ဟေးရန်စ် (အင်္ဂလိပ်: William George Heirens; ၁၉၂၈ နိုဝင်ဘာ ၁၅ – ၂၀၁၂ မတ် ၅) သည် ၁၉၄၆ ၌ လူသတ်မှု ၃ မှုအား ဝန်ခံခဲ့သည့် အမေရိကန် ရာဇဝတ်သား ကွင်းဆက်လူသတ်သမား ဖြစ်သည်။ မှုခင်းဖြစ်ရာနေရာများ၌ နှုတ်ခမ်းနီဖြင့် သတင်းစကားများ ရေးခြစ်ခဲ့သောကြောင့် Heirens ကို နှုတ်ခမ်းနီလူသတ်သမား ဟုလည်း ခေါ်သည်။ အကျဉ်းထောင်တွင်း ၆၅ နှစ် နေထိုင်ခဲ့ရသောကြောင့် သေဆုံးချိန်တွင် ရှီကာဂို၏ သက်တမ်းအရှည်ဆုံးထောင်သား ဂုဏ်ပုဒ်ရရှိခဲ့သည်။.[၂]
အီလီနွိုင်းပြည်နယ် ဒစ်ဆန်အရပ်ရှိ ဒစ်ဆန် စာရိတ္တပြုပြင်ရေးစင်တာ၌ သူ၏ ကျန်ရှိသေးသော ထောင်ဒဏ်ကို ကျခံခဲ့ သည်။ သေချိန်အထိ အကျဉ်းကျခံခဲ့သော်လည်း သူ၏ ဝန်ခံထွက်ဆိုချက်ကို ပြန်ရုပ်သိမ်းပြီး ခြိမ်းခြောက်အကျပ်ကိုင် စစ်မေးမှုနှင့် ရဲတပ်ဖွဲ့၏ ရက်စက်မှု၏ သားကောင်ဖြစ်ခဲ့ရသည် ဟု ဆိုသည်။[၃]
Heirens အကြောင်း ဝတ္ထု The Bloody Spur ကို ချားလ်စ်အိုင်းရှတိုင်းက ရေးသားပြီး ၁၉၅၃ ထုတ်ဝေခဲ့သည်။ ဖရစ်ဇ်လန်း ၏ ၁၉၅၆ ရုပ်ရှင် While the City Sleeps အဖြစ် အသက်သွင်းခဲ့သည်။
၂၀၁၂ မတ် ၅ ရက် UIC ကျန်းမာရေးစင်တာ၌ အသက် ၈၃ တွင် ဆီးချိုရောဂါ၏ နောက်ဆက်တွဲဝေဒနာများဖြင့် သေဆုံးခဲ့သည်။[၄]
ကိုးကား
[ပြင်ဆင်ရန်]- ↑ Gabriel Falcon။ "'Lipstick Killer' behind bars since 1946"၊ CNN၊ October 24, 2009။ 2009-10-24 တွင် ပြန်စစ်ပြီး။
- ↑ "Gray area: Aging prison population has state looking at alternatives." Archived 2012-05-27 at Archive.is Pantagraph.com. May 30, 2009. Accessed June 5, 2009.
- ↑ Kennedy, Dolores "Bill Heirens Asks For Help So He Won't Die In Prison For Another's Crime." URL accessed January 29, 2007. Richard Thomas a man who actually confessed and came forth giving spot on details of the crimes was ignored by police and let go free. Police beat a confession out of Heirens, he was brutally beaten then told if he didn't confess he would get the electric chair.
- ↑ Lee၊ William။ "William Heirens dead. Known as the 'Lipstick Killer'"၊ March 6, 2012။ March 6, 2012 တွင် ပြန်စစ်ပြီး။