ရှိတ်ဟာဆီနာ

ဝီကီပီးဒီးယား မှ
ရှိတ်ဟာဆီနာ
শেখ হাসিনা ওয়াজেদ
ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဝန်ကြီးချုပ်
တာဝန်ထမ်းဆောင်ဆဲ
တာဝန် စတင်
၆ ဇန်နဝါရီ ၂၀၀၉
သမ္မတIajuddin Ahmed
Zillur Rahman
Abdul Hamid
ယခင်လူFakhruddin Ahmed (Acting)
တာဝန်သက်တမ်း
၂၃ ဇွန် ၁၉၉၆ – ၁၅ ဇူလိုင် ၂၀၀၁
သမ္မတAbdur Rahman Biswas
Shahabuddin Ahmed
ယခင်လူMuhammad Habibur Rahman (Acting)
ဆက်ခံသူLatifur Rahman (Acting)
အတိုက်အခံခေါင်းဆောင်
တာဝန်သက်တမ်း
၁၀ အောက်တိုဘာ ၂၀၀၁ – ၂၉ အောက်တိုဘာ ၂၀၀၆
ယခင်လူKhaleda Zia
ဆက်ခံသူKhaleda Zia
တာဝန်သက်တမ်း
၂၀ မတ် ၁၉၉၁ – ၃၀ မတ် ၁၉၉၆
ယခင်လူAbdur Rab
ဆက်ခံသူKhaleda Zia
တာဝန်သက်တမ်း
၇ မေ ၁၉၈၆ – ၃ မတ် ၁၉၈၈
ဆက်ခံသူAbdur Rab
Bangladesh Awami League ခေါင်းဆောင်
တာဝန်ထမ်းဆောင်ဆဲ
တာဝန် စတင်
၁၆ ဖေဖော်ဝါရီ ၁၉၈၁[၁][၂][၃]
ယခင်လူAbdul Malek Ukil
ကိုယ်ရေး အချက်အလက်များ
မွေးဖွား (1947-09-28) ၂၈ စက်တင်ဘာ၊ ၁၉၄၇ (အသက် ၇၆)
ဂိုပါလ်ဂန်ခရိုင်၊ တွန်ဂျီပါရာမြို့
နိုင်ငံရေးပါတီBangladesh Awami League
အခြား
နိုင်ငံရေးလွှမ်းမိုးမှု
Grand Alliance (၂၀၀၈–လက်ရှိ)
ကြင်ဖော်(များ)Wazed Miah (၁၉၆၈–၂၀၀၉)
သားသမီးSajeeb Wazed
Saima Wazed
မိခင်Sheikh Fazilatunnesa Mujib
ဖခင်Sheikh Mujibur Rahman
မိခင်ကျောင်းEden Mohila College
University of Dhaka
လက်မှတ်

ရှိတ်ဟာဆီနာ (শেখ হাসিনা; Sheikh Hasina) သည် ဘင်္ဂလားဒေ့ရှ် ပြည်သူ့သမ္မတနိုင်ငံ၏ လက်ရှိ ဝန်ကြီးချုပ်ဖြစ်သည်။ ၁၉၄၇ ခု စက်တင်ဘာလ (၂၈)ရက်တွင် ဂိုပါလ်ဂန်ခရိုင်၊ တွန်ဂျီပါရာမြို့၌ မွေးဖွားခဲ့သည်။

ငယ်စဉ်ဘဝ[ပြင်ဆင်ရန်]

ရှိတ်ဟာဆီနာသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ လွတ်လပ်ရေးကို ရယူပေးခဲ့သည့် ဘန်ဂါဘန်ဒူ ရှိတ်မူဂျီဘူရာမန် ၏ သားသမီး ငါးဦးအနက် အကြီးဆုံးသမီး ဖြစ်သည်။ သူမသည် ဒါကာတက္ကသိုလ် မှ ၁၉၇၃ ခုနှစ်တွင် ဘွဲ့ရရှိခဲ့သည်။ ကျောင်းနေစဉ်ကာလကတည်းက လူထုလှုပ်ရှားမှုများအားလုံးတွင် တက်ကြွစွာ ပါဝင်ခဲ့သည်။

နိုင်ငံရေးသမားဘဝ[ပြင်ဆင်ရန်]

၁၉၈၆ ခုနှစ်တွင် ကျင်းပသည့် ပါလီမန်ရွေးကောက်ပွဲတွင် အဝါမီလိဂ်ပါတီကို ကိုယ်စားပြုပါဝင်ယှဉ်ပြိုင်ခဲ့ပြီး အမတ်နေရာ (၃)နေရာ အနိုင်ရရှိခဲ့သည်။ ၁၉၉၁ ခုနှစ် ရွေးကောက်ပွဲအပြီးတွင် ရှိတ်ဟာဆီနာသည် ဘင်္ဂလားဒေ့ရှ် ပဉ္စမအကြိမ် ပါလီမန်၌ အတိုက်အခံခေါင်းဆောင် ဖြစ်လာခဲ့ပြီး ပါလီမန်ရှိ နိုင်ငံရေးပါတီအားလုံးတို့အား ဦးဆောင်ကာ သမ္မတစနစ်မှ ပါလီမန်စနစ်သို့ ပြောင်းလဲခဲ့သည်။

၁၉၉၆ ခုနှစ် ဇွန်လ ၁၂ ရက်နေ့တွင် ပြုလုပ်သည့် ပါလီမန်ရွေးကောက်ပွဲတွင် ဘင်္ဂလားဒေ့ရှ် အဝါမီလိဂ်ပါတီသည် အင်အားကြီးပါတီတစ်ရပ်အဖြစ်ရပ်တည်ခဲ့ပြီး ၁၉၉၆ ခုနှစ် ဇွန်လ ၂၃ ရက်နေ့တွင် ရှိတ်ဟာဆီနာသည် ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်တာဝန်ကို စတင် ထမ်းဆောင်ခဲ့သည်။ ဝန်ကြီးချုပ် ဖြစ်လာပြီးနောက် ဆင်းရဲမွဲတေမှုလျှော့ချရေးအပါအဝင် တိုင်းပြည် ဘက်စုံဖွံ့ဖြိုးတိုးတက်မှုအတွက် လက်တွေ့ကျသည့် မူဝါဒ အမြောက်အမြားကို ချမှတ်ခဲ့သည်။

ဆုတံဆိပ်များ[ပြင်ဆင်ရန်]

ဝန်ကြီးချုပ် ရှိတ်ဟာဆီနာသည် အမေရိကန်နိုင်ငံ Boston University မှ ချီးမြှင့်သည့် Degree of Doctor of Law၊ ဂျပန်နိုင်ငံ Waseda University မှ ချီးမြှင့်သည့် Honorary Doctor of Law၊ ဗြိတိန်နိုင်ငံ University of Abertay Dundee မှ ချီးမြှင့်သည့် Honorary Doctorate of Philosophy အိန္ဒိယနိုင်ငံ Visva Bharati University of West Bangal မှ ချီးမြှင့်သည့် Honorary Degree of Desikottama (Doctor of Literature, Honoris Causa) ဩစတြေးလျနိုင်ငံ Australian National University မှ ချီးမြှင့်သည့် Degree of Doctor of Laws, Honoris Causa ဘင်္ဂလားဒေ့ရှ်နိုင်ငံ Dhaka University မှ ချီးမြှင့်သည့် Doctor of Laws ဘယ်လ်ဂျီယမ်နိုင်ငံ Catholic University of Brussels မှ ချီးမြှင့်သည့် Honorary Doctorate Degree (Doctor Honoris Causa) အမေရိကန်နိုင်ငံ Bridgeport University မှ ချီးမြှင့်သည့် Honorary Doctor of Humane Letters ဘွဲ့များကို ရရှိခဲ့သည်။

ထို့အပြင် ဝန်ကြီးချုပ် ရှိတ်ဟာဆီနာသည် ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့ (UNESCO) မှ ချီးမြှင့်သည့် Houphouet Boigny ငြိမ်းချမ်းရေးဆု၊ အမေရိကန်နိုင်ငံ Randolph Macon Women's College မှ ချီးမြှင့်သည့် ဆု၊ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ (FAO) မှ ချီးမြှင့်သည့် စိုက်ပျိုးရေးဖွံ့ဖြိုးတိုးတက်မှု CERES ဆု၊ The All India Peace Council မှ ချီးမြှင့်သည့် Mother Teresa Award ဆုတံဆိပ်များအပြင် နော်ဝေနိုင်ငံ၊ The Mahatma MK Gandhi Foundation of Oslo မှ ချီးမြှင့်သည့် M.K Gandhi Award ဆုတို့ကိုလည်း ရရှိခဲ့သည်။

ဝန်ကြီးချုပ်ဘဝ[ပြင်ဆင်ရန်]

၂၀၀၈ ခုနှစ် ဒီဇင်ဘာလ ၂၉ ရက်နေ့တွင် ပြုလုပ်သည့် (၉)ကြိမ်မြောက် ပါလီမန်ရွေးကောက်ပွဲတွင် ဝန်ကြီးချုပ် ရှိတ်ဟာဆီနာ ဦးဆောင်သည့် မဟာမိတ် အုပ်စုသည် ပါလီမန်အမတ်နေရာ (၂၉၉)နေရာအနက် (၂၆၂)နေရာတွင် အနိုင်ရရှိခဲ့သည်။

ဝန်ကြီးချုပ် ရှိတ်ဟာဆီနာသည် သည် ၂၀၀၉ ခုနှစ် ဇန်နဝါရီလ ၆ ရက်နေ့တွင် ဘန်ဂါဘာဘန်၌ ကျင်းပသည့် အခမ်းအနားတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဝန်ကြီးချုပ်အဖြစ် ကျမ်းသစ္စာကျိန်ဆိုခဲ့သည်။ ဝန်ကြီးချုပ် ရှိတ်ဟာဆီနာသည် အိမ်ထောင်ရှိပြီး သားတစ်ဦးနှင့် သမီးတစ်ဦး ရှိသည်။ [၄]

ကိုးကား[ပြင်ဆင်ရန်]

  1. AL hold 20 th council with Sheikh Hasina။ BSS။ 7 November 2016 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 6 February 2017 တွင် ပြန်စစ်ပြီး။
  2. Hasina re-elected AL president, Obaidul Quader general secretary။ Dhaka Tribune။
  3. Legacy of Bangladeshi Politics။ Asian Tribune။ 25 December 2018 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 29 December 2020 တွင် ပြန်စစ်ပြီး။
  4. ကြေးမုံသတင်းစာ၊ မြန်မာ့အလင်းသတင်းစာ (၅.၁၂.၂၀၁၁)