မာတိကာသို့ ခုန်သွားရန်

မိုဟာမတ် ယူနွတ်စ်

ဝီကီပီးဒီးယား မှ
မိုဟာမတ် ယူနွတ်စ်
Muhammad Yunus
মুহাম্মদ ইউনূস
မိုဟာမတ် ယူနွတ်စ် (၂၀၂၅)
၆ဦးမြောက်
ဘင်္ဂလားဒေ့ရှ် ကြားဖြတ်အစိုးရအကြီးအကဲ
တာဝန်သက်တမ်း
၈ ဩဂုတ် ၂၀၂၄  ၁၆ ဖေဖော်ဝါရီ ၂၀၂၆
သမ္မတမိုဟာမတ် ရှဟန်ဘတ်ဒက်
ယခင်လူရှိတ်ဟာဆီနာ ဝန်ကြီးချုပ်
ဆက်ခံသူတာရစ် ရာဟ်မန် ဝန်ကြီးချုပ်
ကိုယ်ရေး အချက်အလက်များ
မွေးဖွား (1940-06-28) ၂၈ ဇွန်၊ ၁၉၄၀ (အသက် ၈၅)
ဗြိတိသျှအုပ်စိုးစဉ်ကာလ အိန္ဒိယနိုင်ငံ၊ ဘန်ဂေါပြည်နယ်၊ ဟာသာစာရီဒေသ
နိုင်ငံသားဗြိတိန်-အိန္ဒိယ လူမျိုး
(၁၉၄၀-၁၉၄၇)
ပါကစ္စတန်လူမျိုး
(၁၉၄၇-၁၉၇၁)
ဘင်္ဂလားဒေ့ရှ်လူမျိုး
(၁၉၇၁-လက်ရှိ)
လူမျိုးဘင်္ဂလားဒေ့ရှ်
နိုင်ငံရေးပါတီတစ်သီးပုဂ္ဂလ (Independent)
ကြင်ဖော်Vera Forostenko (လက်ထပ် 1970; ကွာရှင်း 1979)
Afrozi Yunus (လက်ထပ် 1983)
သားသမီး၂ဦး
ပညာရေးUniversity of Dhaka (BA,MA)
အလုပ်အကိုင်စွန့်ဦးတီထွင်လုပ်ငန်းရှင် နှင့် ဘဏ်လုပ်ငန်းရှင်
ဆုတံဆိပ်များ
  • လွတ်လပ်ရေးဆုတံဆိပ် (၁၉၈၇)
  • ငြိမ်းချမ်းရေးနိုဘယ် ပူးတွဲဆုတံဆိပ် (၂၀၀၆)
  • အမေရိကန်သမ္မတ၏ လွတ်လပ်ရေးဆုတံဆိပ် (၂၀၀၉ )
  • အမေရိကန်ကွန်ဂရက် လွှတ်တော်ကချီးမြှင့်သည့် ဂုဏ်ပြု ရွှေတံဆိပ် (၂၀၁၀)
  • အိုလံပစ် ဂုဏ်ထူးဆောင်ဆုတံဆိပ် (၂၀၂၀)
လက်မှတ်
ဝက်ဘ်ဆိုဒ်Personal

မိုဟာမတ် ယူနွတ်စ် (၂၈ ဇွန် ၁၉၄၀ ဖွား) သည် ဘင်္ဂလားဒေ့ရှ် စွန့်ဦးတီထွင် ဘဏ်လုပ်ငန်းရှင် တစ်ဦး ဖြစ်သည်။သူသည် နိုဘယ်ဆုရ စီးပွားရေးပညာရှင်၊ နိုင်ငံရေးသမားနှင့် အရပ်ဘက် လူ့အဖွဲ့အစည်း ခေါင်းဆောင်တစ်ဦးလည်းဖြစ်သည့်အပြင် လက်ရှိတွင် ဘင်္ဂလားဒေ့ရှ် ကြားဖြတ်အစိုးရအဖွဲ့၏ အကြီးအကဲအဖြစ် ထမ်းဆောင်နေသည်။[][]ဘင်္ဂလားဒေ့ရှ် သမိုင်းတစ်လျှောက် သူသည် ၆ ဦးမြောက် ဘင်္ဂလားဒေ့ရှ် ကြားဖြတ်အစိုးရအဖွဲ့ အကြီးအကဲ ဖြစ်ခဲ့သည်။

ကြားဖြတ်အစိုးရအကြီးအကဲဖြစ်လာပုံ

[ရင်းမြစ်ကို တည်းဖြတ်ရန်]

ဘဂ်လားဒေ့ရှ်နိုင်ငံ တွင် အစိုးရအလုပ်များအား အချိုးကျခွဲတမ်းစနစ် ဖြင့် ခေါ်ယူခြင်းအပေါ် ကျောင်းသားများက မကျေနပ်ရာကနေတဆင့် စတင်ခဲ့သော လူထုဆန္ဒပြပွဲ [] အပြီး ဝန်ကြီးချုပ်နုတ်ထွက်သွားပြီးနောက် သမ္မတ မိုဟာမက် ရှာဟာဘတ်ဒင် က ၂၀၂၄ ခုနှစ် ဩဂုတ်လ ၆ ရက်နေ့တွင် ဘင်္ဂလားဒေ့ရှ် ပါလီမန်ကို ဖျက်သိမ်းခဲ့သည်။ ဘင်္ဂလားဒေ့ရှ် ဆန္ဒပြ ကျောင်းသားများ၏ တောင်းဆိုမှုများနှင့်အညီ ဘင်္ဂလားဒေ့ရှ် ယာယီအစိုးရ၏ ခေါင်းဆောင်အဖြစ် သမ္မတက ယူနွတ်စ်ကို ခန့်အပ်ခဲ့သည်။ ၂၀၂၄ ခုနှစ် ဩဂုတ်လ ၈ ရက်နေ့တွင် ဘင်္ဂလားဒေ့ရှ် ပြည်သူ့သမ္မတနိုင်ငံ ကြားဖြတ်အစိုးရအဖွဲ့ ၏ အကြီးအကဲ အဖြစ် ကျမ်းကျိန်ပြီး တာဝန်ယူခဲ့သည်။

၂၀၂၆ ခုနှစ်၊ဖေဖော်ဝါရီ ၁၆ ရက် တွင် ရာထူးမှ နှုတ်ထွက်ခဲ့ပြီး၊ရွေးကောက်ပွဲ နှင့် တက်လာသည့် တာရစ် ရာဟ်မန် အား ရာထူးလွှဲပြောင်းပေးခဲ့သည်။

စီးပွားရေးဘဝဖြတ်သန်းမှု

[ရင်းမြစ်ကို တည်းဖြတ်ရန်]

ပါမောက္ခ ယူနွတ်စ် သည် အသေးစားချေးငွေထုတ်ပေးရာမှ အစပြုခဲ့သည့် ကျေးရွာဘဏ် ဟု အဓိပ္ပာယ် ရသည့် ဂရာမင်းဘဏ် (Grameen) ဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဆင်းရဲမွဲတေမှု ပပျောက်ရေးအား တွန်းအားပေး ရာမှတဆင့် စွန့်ဦးတီထွင်လုပ်ငန်းရှင်တစ်ဦး ဖြစ်လာခဲ့သည်။သူ့ကို နိုင်ငံတကာက အသိအမှတ်ပြုခဲ့ပြီး ၂၀၀၆ ခုနှစ် တွင် သူနှင့်ဘဏ်လုပ်ငန်း တို့ ငြိမ်းချမ်းရေး နိုဘယ်ဆု ချီးမြှင့်ခံခဲ့ရသည်။ ဂရာမင်းဘဏ် သည် ဘင်္ဂလားဒေ့ရှ် နိုင်ငံတလွှား မိုဘိုင်း တယ်လီကွန်း နှင့် နည်းပညာ လုပ်ငန်းများအထိ အမျိုးမျိုးသော လုပ်ငန်းပရောဂျက်များအား ချဲ့ထွင်ထားသည့် ဘဏ်တစ်ခု ဖြစ်သည်။

နိုင်ငံရေးဖြတ်သန်းမှု

[ရင်းမြစ်ကို တည်းဖြတ်ရန်]

နိုဘယ်ဆုရပြီး လအနည်းငယ် အတွင်း ပါမောက္ခယူနွတ်စ်သည် နိုင်ငံရေးထဲ ပါဝင်ပတ်သက်မှု ပိုပြီး ရှိလာခဲ့သည်။ထိုကာလကတည်းက လိုအပ်ချက်အရ၊ အခြေအနေအရ တောင်းဆိုချက်များရှိလာလျှင် နိုင်ငံရေးထဲ ဝင်ရန် နောက်တွန့်နေမည်မဟုတ် ဟု ပြောစကားက ထင်ရှားခဲ့သည်။သူသည် နိုဘယ်ဆုရပြီး နောက်တစ်နှစ် ၂၀၀၇ ခုနှစ် အရောက်တွင် ပြည်သူ့အာဏာ ဟု ဘာသာပြန်နိုင်သည့် နာဂိုရစ် ရှပ်တီ ဆိုသည့် နိုင်ငံရေး လှုပ်ရှားမှုကို စတင်သည်။ ပါတီကြီး နှစ်ခုသာ ဘင်္ဂလားဒေ့ရှ် နိုင်ငံရေးအား ဆယ်စုနှစ်များစွာ လွှမ်းမိုး နေခဲ့မှုထဲ တတိယမြောက် ရွေးချယ်စရာ အဖြစ် ရှိလာစေရေး သူက ရည်ရွယ်ချက်ခဲ့သည်။

ရှိတ်ခ်ဟာဆီနာ ကမူ ထိုအခြင်းအရာအပေါ် သဘော မတွေ့ခဲ့ပေ။ ဆင်းရဲသားများအား သွေးစုပ်နေသူ ဟု ၎င်းအား သမုတ်ခဲ့သည်။ ပါမောက္ခ ယူနွတ်စ် အပါအဝင် နိုင်ငံရေးသမားတချို့ အသေရေဖျက်သည်ဆိုသော စွပ်စွဲချက်များအပြင် အခွန်ရှောင်သည် ဆိုသော စွပ်စွဲချက်များ ခံရသည်။ ပင်စင်ယူရမည့် အရွယ်ကို ကျော်ပြီး ဂရာမင်းဘဏ် တွင် ဆက်ရှိနေသည်ဆိုသော ထောက်ပြချက်ကိုပါ ခံခဲ့ရပြီး နောက်ဆုံးတွင် ဂရာမင်းဘဏ် မှ ပါမောက္ခ ယူနွတ်စ် ဖယ်ရှားခံရသည်။

နိုင်ငံတကာကမူ ထိုအချိန်က ဝန်ကြီးချုပ် ဟာဆီနာ ၏ နိုင်ငံရေး အတိုက်အခံများအား ဆိုးဆိုးရွားရွား ဖိနှိပ်ခဲ့မှုအပေါ် ဝေဖန်ခဲ့ကြသည်။

စွပ်စွဲခံရမှုများ

[ရင်းမြစ်ကို တည်းဖြတ်ရန်]

ဘင်္ဂလားဒေ့ရှ် အထက်တရားရုံးက ၂၀၂၃ ခုနှစ် ဇူလိုင်လတွင် ပါမောက္ခ ယူနွတ်စ် အား အမေရိကန် ဒေါ်လာ တစ်သန်းကျော် အခွန်ပေးရမည်ဟု အမိန့်ချထားသည်။၂၀၂၄ ခုနှစ် ဇန်နဝါရီလထဲ တွင် နိုင်ငံ၏ အလုပ်သမား ဥပဒေများအား ချိုးဖောက်မှုဖြင့် ထောင်ဒဏ် ၆ လ ချမှတ် ထားသည်။[] ပါမောက္ခ ယူနွတ်စ် တို့ အာမခံ ဖြင့် လွတ်လာပြီး အယူခံ အဆင့်ကို တက်နေဆဲဖြစ်သည်။ရှိတ်ခ်ဟာစီနာ ပါတီအာဏာရခဲ့သည့် ၂၀၀၈ ခုနှစ်ကစပြီး ၂၀၂၄ ခုနှစ် အထိ  မစ္စတာ ယူနွတ်စ် သည် စွပ်စွဲချက် အမှုပေါင်း ၁၅၀ ကျော်ကို  ရင်ဆိုင်ခဲ့ရသည်။

ထမ်းဆောင်ခဲ့သည့်တာဝန်များ

[ရင်းမြစ်ကို တည်းဖြတ်ရန်]

၂၀၁၂ ခုနှစ်တွင် သူသည် စကော့တလန်ရှိ Glasgow Caledonian တက္ကသိုလ်၏ အဓိပတိဖြစ်လာခဲ့ပြီး ၂၀၁၈ ခုနှစ်အထိ ထိုရာထူးကို ထမ်းဆောင်ခဲ့သည်။ ယခင်က သူသည် ဘင်္ဂလားဒေ့ရှ် နိုင်ငံ စစ်တကောင်း တက္ကသိုလ်မှ စီးပွားရေး ပါမောက္ခ လည်း ဖြစ်ခဲ့သည်။ဘဏ္ဍာရေးနှင့်ပတ်သတ်သည့် စာအုပ်ပေါင်းများစွာကို ထုတ်ဝေခဲ့သည့် အပြင် Microcredit ကိုပံ့ပိုးပေးသော Grameen America နှင့် Grameen Foundation ၏တည်ထောင်သူဘုတ်အဖွဲ့ဝင်တစ်ဦးဖြစ်သည်။ယူနွတ်စ်သည် ၁၉၉၈ ခုနှစ်မှ ၂၀၂၁ ခုနှစ်အထိ ကုလသမဂ္ဂဆိုင်ရာ ကိစ္စရပ်များကို ပံ့ပိုးကူညီရန် အများသူငှာ ပရဟိတလုပ်ငန်းဖြစ်သည့် ကုလသမဂ္ဂဖောင်ဒေးရှင်း၏ ဒါရိုက်တာဘုတ်အဖွဲ့တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

ရရှိသောဆုတံဆိပ်များ

[ရင်းမြစ်ကို တည်းဖြတ်ရန်]

ယူနွတ်စ် သည် ကျေးလက်ဘဏ်ကို တည်ထောင်ကာ အသေးစားချေးငွေနှင့် အသေးစားငွေရေးကြေးရေးလုပ်ငန်းများအား ရှေ့ဆောင်လုပ်ဆောင်ခြင်းအတွက် ၂၀၀၆ ခုနှစ်တွင် နိုဘယ်ငြိမ်းချမ်းရေးဆု ချီးမြှင့်ခံရသည်။သူသည် ၂၀၀၉ ခုနှစ်တွင် အမေရိကန်ပြည်ထောင်စု သမ္မတ၏ လွတ်လပ်ရေးဆုတံဆိပ် နှင့် ၂၀၂၀ပြည့်နှစ် တွင် ကွန်ဂရက်လွှတ်တော်ရွှေတံဆိပ်တို့ကို ရရှိခဲ့သည်။ ယူနွတ်စ်သည် နိုဘယ်ငြိမ်းချမ်းရေးဆု၊ အမေရိကန်သမ္မတ၏ လွတ်လပ်ရေးဆုတံဆိပ်နှင့် အမေရိကန်ကွန်ဂရက်လွှတ်တော်ရွှေတံဆိပ်တို့ကို ချီးမြှင့်ခံရသူ ခုနစ်ဦးအနက်မှ တစ်ဦးဖြစ်ခဲ့သည်။

  1. Nobel laureate Yunus takes charge in Bangladesh Canberra Times (9 August 2024)။ 9 August 2024 တွင် ပြန်စစ်ပြီး။
  2. Muhammad Yunus returns to Bangladesh to lead interim government Aljazeera (8 August 2024)။ 9 August 2024 တွင် ပြန်စစ်ပြီး။
  3. ဘင်္ဂလားဒေ့ရှ်အစိုးရကို ဘာ့ကြောင့် သူ့ပြည်သူတွေက ဒေါသထွက်နေကြတာလဲ BBC Burmese (၂၁ ဇူလိုင် ၂၀၂၄)။ ၉ ဩဂုတ် ၂၀၂၄ တွင် ပြန်စစ်ပြီး။
  4. နိုဘယ်လ်ဆုရှင် မိုဟာမက် ယူနွတ်စ် ထောင်ဒဏ်ချမှတ်ခံရ BBC Burmese (၁ ဇန်နဝါရီ ၂၀၂၄)။ ၉ ဩဂုတ် ၂၀၂၄ တွင် ပြန်စစ်ပြီး။