ဗေရီယေးရှင်း
ဗေရီယေးရှင်း (အင်္ဂလိပ်: Variation) သို့မဟုတ် ပုံစံမူကွဲ ဆိုသည်မှာ သီချင်းတစ်ပုဒ် သို့မဟုတ် တေးသံတစ်ခုကို အခြားနည်းဟန်ဖြင့်ရေးသားတီးခတ်သည့် ပုံစံဖြစ်သည်။ ပုံစံမူကွဲကိုရေးသားရာတွင် ဟာမိုနီ၊ မယ်လိုဒီ ခေါ် သံစဉ်၊ စည်းချက်၊ tonality ခေါ် အသံနေအထား စသည်တို့ကိုပြောင်းလဲခြင်း၊ အော်ခက်စထရာ ပုံစံသို့ပြောင်းလဲရေးသားခြင်း၊ ကောင်တာပွိုင့် (Counterpoint) ထည့်သွင်းခြင်း စသည်တို့ကိုပြုလုပ်ရသည်။
ပုံစံမူကွဲရေးသားနည်းများ
[ပြင်ဆင်ရန်]မိုးဇတ်၏ "Ah vous dirai-je, Maman" သို့မဟုတ် "Twinkle, Twinkle, Little Star" ဟုလူသိများသောသီချင်းတွင် ဗေရီယေးရှင်း၏ အသွင်အပြင်တို့ကိုလေ့လာနိုင်သည်။ အောက်တွင်ဖော်ပြထားသည်မှာ ဤသီချင်း၏ Theme ခေါ် ပင်မတေးသံဖြစ်သည်။
မယ်လိုဒီအရပြောင်းခြင်း
[ပြင်ဆင်ရန်]ပထမဗေရီယေးရှင်းတွင် သံစဉ်ကိုအကျယ်ချဲ့ရေးသားထားသည်။
စည်းချက်အရပြောင်းခြင်း
[ပြင်ဆင်ရန်]ငါးခုမြောက်ဗေရီယေးရှင်းတွင် နုတ်စ်အချို့ကို စည်းချက် နေရာကိုရွှေ့ပြောင်းရေးသားထားသည်။
ဟာမိုနီအရပြောင်းခြင်း
[ပြင်ဆင်ရန်]ခုနစ်ခုမြောက်ဗေရီယေးရှင်းတွင် ပုံမှန်ကော့ဒ်နေရာတွင် အခြားကော့ဒ်များကိုအစားထိုးရေးသားထားသည်။
အသံပြောင်းခြင်း
[ပြင်ဆင်ရန်]ရှစ်ခုမြောက်ဗေရီယေးရှင်းတွင် ပုံမှန်အသံ စီမေဂျာ (C major)မှ စီမိုင်နာ (C minor) သို့ပြောင်းထားသည်။ ထို့အပြင် ကောင်တာပွိုင့်၊ နုတ်ကိုဆွဲဆန့်ခြင်း (Suspension)၊ မယ်လိုဒီကိုတုယူခြင်း (Imitation) တို့ကိုလည်းသုံးနှုန်းထားသည်။
သီချင်းအပြည့်အစုံကို ဤလင့်ခ်တွင် နားဆင်နိုင်သည်။
အခြားပုံစံများ
[ပြင်ဆင်ရန်]၁၈၁၉ တွင် အန်တွန် ဒိုင်ယာဘယ်လီ (Anton Diabelli) သူ၏သီချင်းကို ဗီယင်နာမြို့လာတေးရေးဆရာများကို မူကွဲရေးပေးရန်တောင်းဆိုခဲ့သည်။
ဘီသိုဗင်သည် ဤသီချင်းကို ဗေရီယေးရှင်းပေါင်း ၃၃ ခုရေးသားပေးခဲ့သည်။ တစ်ဆယ့်သုံးခုမြောက်ဗေရီယေးရှင်းတွင် သူသည်မူလတေးသံကိုဖြောက်လိုက်သကဲ့သို့ ရေးသားထားသည်။
ဝီလ်ဖရစ်ဒ် မယ်လာစ် (Wilfrid Mellers) သည် ဤဗေရီယေးရှင်း၏တေးသံကို "တိတ်ဆိတ်ခြင်းသို့ စုပ်ယူခြင်းခံရသည်"ဟု ကောက်ချက်ချခဲ့သည်။
အခြားတေးရေးဆရာမှသံစဉ်ကိုယူသုံးခြင်း
[ပြင်ဆင်ရန်]အီတလီလူမျိုး တေးရေးဆရာဖြစ်သူ အာကန်ဂျယ်လို ကိုရယ်လီ (Arcangelo Corelli) ရေးသားထားသော တယောဆိုနာတာ (ကက်တလောက်: Op.5, No.9) ၏နောက်ဆုံးအပိုင်းသည် ဤသို့အစချီထားသည်။
သူ၏တပည့်ဖြစ်သူ ဖရန်ချက်စ်ကို ဂမ်မီနီယာနီ (Francesco Geminiani) သည် အောက်ပါအတိုင်းပြောင်းလဲရေးသားထားသည်။
နီကိုလက်စ် ကွတ်ခ် (Nicholas Cook)သည် ဂမ်မီနီယာနီ၏ ရေးသားမှုသည် "သီချင်း၏အရသာကိုပိုမိုကောင်းမွန်အောင်ပြုပြင်ခဲ့သည်"ဟု ကောက်ချက်ချခဲ့သည်။
ကျမ်းကိုး
[ပြင်ဆင်ရန်]- Cook၊ N (1990)၊ Music, Imagination and Culture၊ Oxford: Clarendon Press.
- Mellers၊ Wilfred (1983)၊ Beethoven and the Voice of God၊ London: Faber.