ပါကယ်ဒယ်

ဝီကီပီးဒီးယား မှ
Perkedel
အာလူးအသုံးပြုထားသော ပါကယ်ဒယ် ကန်တန်း
အခြားအမည်များBergedel, begedil, bakwan jagung
အမျိုးအစားအကြော်
မူရင်းနိုင်ငံအင်ဒိုနီးရှားနိုင်ငံ
ဒေသဂျာဗားကျွန်း
သုံးဆောင် အပူချိန်အပူ သို့မဟုတ် အခန်းတွင်းအပူချိန်
အဓိက ပါဝင်ပစ္စည်းအနှစ် (ဂျုံမှုန့်၊ ပြောင်းဖူးမှုန့်၊ ကြက်ဥ)၊ ငရုတ်ကောင်း၊ ပြောင်းဖူး၊ မုန်လာဥနီး၊ အမွှေးအကြိုင်
မျိုးကွဲများပါကယ်ဒယ် ဂျာဂွန်း (ပြောင်းဖူး)၊ ပါကယ်ဒယ် တာဟူး (တို့ဟူး)
အခြား အချက်အလက်များအရံဟင်းအဖြစ် များသောအားဖြင့် ဆိုတို အာယမ် ဖြင့် သုံးဆောင်သည်။
Cookbook: Perkedel  Media: Perkedel

ပါကယ်ဒယ်သည် အင်ဒိုနီးရှား အစားအစာများမှ အသီးအရွက်အကြော်တစ်မျိုးဖြစ်သည်။[၁] များသောအားဖြင့် ပါကယ်ဒယ်ကို ချေထားသော အားလူးဖြင့် ပြုလုပ်ပြီး[၂] အခြား လူသိများသော ချက်ပြုပ်ပုံမူကွဲများတွင် ပါကယ်ဒယ် ဂျာဂွန်း (ပြောင်းဖူးပါကယ်ဒယ်)၊ ပါကယ်ဒယ် တာဟူး (တို့ဟူး ပါကယ်ဒယ်)နှင့် ပါကယ်ဒယ် အီကန် (ငါးနှပ်နှပ်စဉ်းဖြင့်)တို့ ဖြစ်ကြသည်။ အင်ဒိုနီးရှား ဒေသအများစုတွင် ပါကယ်ဒယ်ဟု ခေါ်ဆိုသော်လည်း ဂျာဗားဘာသာဖြင့် ဘယ်ဂယ်ဒီ(begedil)ဟုခေါ်ပြီး မလေးနှင့် စင်ကာပူတို့တွင်လည်း ထိုသို့ခေါ်ဝေါ်ကြသဖြင့် ဂျာဗားမှ မလေးရှားနှင့် စင်ကာပူသို့ ရွေ့ပြောင်းနေထိုင်သူများက ထိုအကြော်ကို ယူဆောင်လာခဲ့ကြသည်နှင့် တူသည်။

မူလအစ[ပြင်ဆင်ရန်]

ပါကယ်ဒယ်သည် ဒတ်ချ် ဖရီကဒယ်လာ( frikadeller)မှ ဆင်းသတ်လာသည်ဟု ယုံကြည်ကြသည်။[၂] အမှန်တကယ်တော့ ၎င်းမှာ ဒတ်ချ် အသားလုံး သို့မဟုတ် နုတ်နုတ်စဉ်းထားသော အသားဟင်းဖြစ်သည်။ ထို့ကြောင့် ၎င်းသည် အင်ဒိုနီးရှားသမိုင်းနှင့် ကိုလိုနီပြုခဲ့သော နယ်သာလန်တို့နှင့် ဆက်နွယ်အရင်းခံနေသည်။ ဖရီကဒယ်လာနှင့်မတူသည်မှာ ပါကယ်ဒယ်၏ အဓိကအမယ်များမှာ အသားမဟုတ်ပဲ ချေထားသော အာလူးများဖြစ်ကြသည်။[၂]

ပါဝင်သောအမယ်များ[ပြင်ဆင်ရန်]

မချေမှီ အာလူးပြားများကို မပြုတ်ပါက ၎င်းသည် ပါကယ်ဒယ်အား အလွန်စေးပိုင်စေသည်။ သို့ပေမယ့်လည်း အကျတ်ကြော်နှင့် ဖုတ်ခြင်းဖြင့်လည်း အစားထိုးနိုင်သည်။ ချေထားသော အားလူကြော်ကို ၁:၁ အချိုးဖြင့် ကြိတ်ထားသော အသား သို့မဟုတ် corned beef ဖြင့် ရောရမည်။[၂] သို့ပေမယ့်လည်း အချို့သောအခါများ၌ များသောအားဖြင့် အသားနည်းနည်း သို့မဟုတ် လုံးဝမပါသည့်အခါလည်းရှိသည်။ ထို့နောက် ထိုနှယ်ထားသော အရောကို ဖြတ်ထားသော ကြက်သွန်မြိတ်တို့ဖြင့် ရော၍ ငရုတ်ကောင်းမှုန်ဖြူးကာ ဝိုင်းသောအပြားများအဖြင့် ပုံဖော်ပြီး ကြက်ဥအနှစ် သို့မဟုတ် မွှေထားသော ကြက်ဥထဲသို့နှစ်ပြီး အကျတ်ကြော်ရမည်။

ချေထားသော အာလူးအပြင် Bird's eye chili၊ spring onion၊ ငါးပိ၊ ပြောင်းဖူး သို့မဟုတ် ချေထားသော တို့ဟူးအကြော်တို့သည်လည်း ပါကယ်ဒယ်အမယ်များဖြစ်ကြသည်။

ပြောင်းဖူး (jagung) ပါကယ်ဒယ်(ဘက်ခ်ဝန် ဂျာဂွန်

တည့်ခင်းခြင်း[ပြင်ဆင်ရန်]

ပါကယ်ဒယ်သည် လူသိများသော ဟင်းလျာတစ်ခုဖြစ်ပြီး အရံဟင်းအဖြစ်ဖြင့်ဖြစ်စေ သရေစာအဖြစ်ဖြစ်စေ သုံးဆောင်သည်။ ၎င်းကို အများအားဖြင့် နာဆီ ကူနင်းတွင် တန်ပေးနှင့် ဆိုတို အာယမ် ကြက်သားစွပ်ပြုတ်တို့ဖြင့် တည့်ခင်းသည်။[၃]

ကိုးကား[ပြင်ဆင်ရန်]

  1. "Indonesian corn fritters (perkedel jagung)"၊ South China Morning Post 
  2. ၂.၀ ၂.၁ ၂.၂ ၂.၃ Pepy Nasution (February 2, 2012)။ Potato Perkedel Patties Recipe။ Indonesia Eats။ 1 August 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ဩဂုတ် ၂၁၊ ၂၀၂၁ တွင် ပြန်စစ်ပြီး။
  3. Perkedel Kentang။ Tasty Indonesian Food။ ဩဂုတ် ၂၁၊ ၂၀၂၁ တွင် ပြန်စစ်ပြီး။