မာတိကာသို့ ခုန်သွားရန်

နိုင်ငံတော်အလံ

ဝီကီပီးဒီးယား မှ
နိုင်ငံအများစု၏ နိုင်ငံတော်အလံပြ ကမ္ဘာ့မြေပုံ

နိုင်ငံတော်အလံသည် နိုင်ငံတစ်ခု၏ သင်္ကေတဖြစ်သည်။ နိုင်ငံတော်အလံကို ယင်းနိုင်ငံ အစိုးရမှ လွှင့်ထူလေ့ရှိသလို ယင်းနိုင်ငံသားများမှလည်း လွှင့်ထူနိုင်သည်။

စာသင်ကျောင်းများ၊ အစိုးရရုံးများ၊ တရားရုံးများ ကဲ့သို့သော ပြည်သူပိုင် အဆောက်အဦးများတွင် နိုင်ငံတော်အလံကို လွှင့်ထူထားလေ့ရှိသည်။ အချို့နိုင်ငံများတွင် သတ်မှတ်ထားသည့် နေ့ရက်များတွင် စစ်ဖက်မဟုတ်သည့် အဆောက်အဦးများတွင်သာ လွှင့်ထူကြသည်။

နိုင်ငံတော်အလံတွင် ကုန်းမြေပေါ်တွင် လွှင့်ထူသည့် အလံ ၃ မျိုးနှင့် ပင်လယ်ရေပြင်တွင် အသုံးပြုသည့် အလံ ၃ မျိုးရှိသည်။ သို့သော်လည်း အချို့နိုင်ငံများတွင် အလံအားလုံးအတွက် ဒီဇိုင်းပုံစံ တစ်မျိုးတည်းကိုသာ အသုံးပြုသည်။

ကုန်းမြေပေါ်တွင် လွှင့်ထူသည့်အလံ

[ပြင်ဆင်ရန်]

ကုန်းမြေပေါ်တွင် လွှင့်ထူသည့်အလံတွင် အရပ်ဖက်သုံးအလံ၊ အစိုးရသုံးအလံနှင့် စစ်ဖက်သုံးအလံ ဟူ၍ ၃ မျိုးခွဲခြားထားသည်။ အစိုးရသုံးအလံကို အစိုးရရုံးများက တရားဝင် အသုံးပြုကြပြီး အရပ်ဖက်သုံးအလံကို အစိုးရနှင့် ဆက်စပ်မှု ရှိရှိ မရှိရှိ မည်သူမဆို လွှင့်ထူနိုင်သည်။ စစ်ဖက်သုံးအလံမှာမူ ကြည်းတပ်၊ ရေတပ်၊ လေတပ် စသည့် စစ်ဖက်အဖွဲ့အစည်းများမှ အသုံးပြုသည်။

အမေရိကန်ပြည်ထောင်စုနှင့် ယူနိုက်တစ်ကင်းဒမ်း (ဗြိတိန်) စသည့် နိုင်ငံများတွင် ထိုရည်ရွယ်ချက် သုံးရပ်စလုံးအတွက် အလံတစ်မျိုးတည်းကိုသာ အသုံးပြုကြသည်။ သို့သော်လည်း အချို့နိုင်ငံ အတော်များများတွင် အထူးသဖြင့် လက်တင် အမေရိက နိုင်ငံများတွင် အစိုးရသုံးအလံနှင့် အရပ်ဖက်သုံး အလံတို့အကြား သိသိသာသာ ကွဲပြားမှု ရှိသည်။ များသောအားဖြင့် အရပ်ဖက်သုံး အလံများသည် အစိုးရသုံးအလံထက် ပိုမိုရိုးစင်းသည်။ ဥပမာအားဖြင့် အစိုးရသုံးအလံတွင် နိုင်ငံတော် အမှတ်တံဆိပ် ပါရှိပြီး အရပ်ဖက်သုံးအလံတွင် မပါပေ။

နိုင်ငံအနည်းငယ်တွင်သာ အစိုးရသုံးအလံနှင့် မတူသည့် စစ်ဖက်သုံးအလံကို အသုံးပြုသည်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံတရုတ်သမ္မတနိုင်ငံ (ထိုင်ဝမ်) နှင့် ဂျပန်နိုင်ငံတို့သည် သတိပြုမည့်လောက်သည့် သာဓကများဖြစ်သည်။ မြောက်ဥရောပနိုင်ငံများတွင် အမြှီးနှစ်ခွပါ အလံများကို စစ်ဖက်သုံးအလံနှင့် သင်္ဘောသုံးအလံများအဖြစ် အသုံးပြုကြသည်။ ဖိလစ်ပိုင်နိုင်ငံတွင် စစ်ဖက်သုံးအလံ မရှိပါ။ စစ်ကြေညာသည့်အခါတွင်သာ အနီရောင်ကို အပေါ်ဘက်ထားပြီး ဇောက်ထိုးလွှင့်ထူသည်။ သာမန်အချိန်တွင် အပြာရောင်ကို အပေါ်ဘက်ထားကာ လွှင့်ထူသည်။

သင်္ဘောသုံးအလံ

[ပြင်ဆင်ရန်]
ဂျပန်နိုင်ငံ၏ သင်္ဘောသုံးအလံ

သင်္ဘောသုံးအလံတွင်လည်း အလားတူ အရပ်ဖက်သုံးအစိုးရသုံးနှင့် စစ်ဖက်သုံးဟူ၍ ၃ မျိုးရှိသည်။ အမေရိကန် ပြည်ထောင်စုနှင့် ကနေဒါ စသည့်နိုင်ငံများတွင် သင်္ဘောသုံးအလံများသည် နိုင်ငံတော်အလံနှင့် တထေရာတည်းဖြစ်သည်။ ယူကေနှင့် ဂျပန်စသည့် နိုင်ငံများတွင် သီးခြား သင်္ဘောသုံးအလံများ ရှိသည်။ နိုင်ငံ အများစုတွင် အစိုးရသုံး သင်္ဘောအလံဟူ၍ သီးသန့်မရှိပေ။ သို့သော် ယူကေတွင်မူ အနီရောင်အလံကို အရပ်ဖက်သင်္ဘောများတွင် အသုံးပြုသည်။ ရေတပ်၏ သင်္ဘောသုံးအလံမှာ အဖြူရောင်ဖြစ်ပြီး အပြာရောင်အလံကို စစ်ဖက်မဟုတ်သည့် အစိုးရပိုင် သင်္ဘောများတွင် လွှင့်တင်လေ့ရှိသည်။



အလံတိုင်များ

[ပြင်ဆင်ရန်]
အကျယ်တဝင့် ဖော်ပြထားသောဆောင်းပါး - Flag protocol
ကမ္ဘာပေါ်တွင်စတုတ္တအမြင့်ဆုံးအလံတိုင်တွင် မြောက်ကိုရီးယားအလံအားတွေ့ရစဉ်။ ဤအလံတိုင်သည် အမြင့် ၁၆၀ မီတာ (၅၂၀ ပေ) ပန်မွန်ဂျုံကျေးရွာအနီးရှိ မြောက်ကိုရီးယား နှင့် တောင်ကိုရီးယား နယ်စပ်တွင် တည်ရှိသည်။
ဘုရင့်​နောင်​ကုန်း​မြေ(​ကော့သောင်းမြို့)တွင် လွှင့်ထူထား​သောမြန်မာနိုင်ငံအလံအား​တွေ့ရစဉ်

ဒေါင်လိုက်အလံပုံစံများ

[ပြင်ဆင်ရန်]

အခြားဖတ်ရန်

[ပြင်ဆင်ရန်]

ကိုးကား

[ပြင်ဆင်ရန်]