တော်ဝင်မီး (The Lady's Flames)

ဝီကီပီးဒီးယား မှ

တော်ဝင်မီး (တစ်နည်းအားဖြင့်) အမျိုးသမီးတစ်ဦး၏မီးတောက်မီလျှံဇာတ်လမ်းတွဲသည် ၂၀၁၇ခုနှစ်တွင် ထုတ်လွင့်သော ထိုင်းဇာတ်လမ်းတွဲဖြစ်ပြီီီး ထုတ်လွင့်စဉ်က ထိုင်လူမျိုးတို့ ၏ Google ၌ ရှာဖွေမှုအများစုံး နံပါတ်လေး နေရာတွင် ရပ်တည်ခဲ့ပြီး ထိုင်း ရုပ်သံဇာတ်လမ်းတွဲများတွင် နံပါတ်နှစ်နေရာ ရရှိခဲ့သည်။ ထိုဇာတ်လမ်းတွဲတွင်း ထိုင်းမင်းသမီး၊ မင်းသားများဖြစ်သော Aum Patcharapa ၊ Kelly Tanapat၊ Chiranan Manochrem နှင့် Tusaniyya Karnsomanach တို့ အဓိကပါဝင် သရုပ်ဆောင်ထားသည်။

Plerng Phra Nang
အမျိုးအစားDrama
Revenge
Costume period
ရေးသားသူKom-Raeng Ngao (concept story)
Paak Rapee (writer)[၁]
ဒါရိုက်တာTeerasak Promngoen[၂]
သရုပ်ဆောင်Pachrapa Chaichua
Chiranan Manochaem
Kelly Tanapat
Chawallakorn Wanthanapisitkul
Tussaneeya Karnsomnuch
အဖွင့်တီးလုံး"Plerng Phra Nang" by Jennifer Kim
အပိတ်တီးလုံး"Tuk Yang Puer Ther" by Ditkorn Disayanon
နိုင်ငံThailand
ဘာသာစကားThai
အပိုင်းပေါင်း26
ထုတ်လုပ်မှု
အမှုဆောင် ထုတ်လုပ်သူSomsook Kaljaruek
ထုတ်လုပ်သူChitralada Disayanon
ရိုက်ကူးသည့် နေရာChiang Mai, Thailand[၃]

ဇာတ်လမ်းအညွှန်း[ပြင်ဆင်ရန်]

'တော်ဝင်မီး' ဇာတ်လမ်းတွဲ သည် ၁၉ရာစုတွင် မြန်မာနိုင်ငံ၌ ဩဇာအာဏာကြီးမားပြီး မင်းတုန်းမင်း၏ သားတော်၊သမီးတော် ၄၀ ကို သုတ်သင်ရှင်းလင်းခဲ့သော အလယ်နန်းမိဖုရားကြီး ဆင်ဖြူမရှင် အကြောင်းကို တစ်စိတ်တစ်ပိုင်း အခြေခံရိုက်ကူးထားသော ဇာတ်လမ်းတွဲ ဖြစ်သည်။ အနန်ထိ(ဆင်ဖြူမရှင်) မာနကြီးပြီး မဟုတ်မခံစိတ်ရှိသော မင်းသမီး သည် ဖခမည်းတော် ပိသုလာ (ဘကြီးတော်မင်း) နန်းကျပြီးနောက် နိမ့်ပါးနေချိန်တွင် ယခင်က အနန်ထိအား ပြားပြားဝပ် ရှိခိုးနေရသူ အချို့ အနန်ထိ ခေါင်းပေါ်တက်နင်းရန် ကြိုးစားလာသောအခါ ရာဇမာန်ပြင်းသော အနန်ထိ တစ်ယောက် ချစ်ရသူ မင်းခွန်း (မင်းတုန်းမင်း) ကို နန်းတင်ရန်ကြိုးစားခဲ့သော်လည်း မင်းခွန်းမင်း ၏ တရားဝင်ဘိသိက်ခံ မိဖုရား​ခေါင်ကြီးမှာ အနန်ထိဖြစ်မနေဘဲ စေဂရဒေဝီ (စကြာဒေဝီ) ဖြစ်လာသောအခါ စေဂရဒေဝီ၊ အနန်ထိနှင့် မင်းတုန်းမင်း၏ မိဖုရားငယ်များ မှ မွေးသော သားတော်၊ သမီးတော်များ အကြား အမုန်းတရားများနှင့် အာဏာအတွက် ပြင်းထန်သောပြိုင်ဆိုင်မှုများအား အသားပေးရိုက်ကူးထားသော ဇာတ်လမ်းဖြစ်သည်။

  1. ကိုးကား အမှား - Invalid <ref> tag; no text was provided for refs named เพลิง1
  2. ကိုးကား အမှား - Invalid <ref> tag; no text was provided for refs named เพลิง
  3. မော်ကွန်းတင်ပြီးမိတ္တူ (in Thai)။ Channel 7 (2016-10-05)။ 28 July 2017 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2017-05-24 တွင် ပြန်စစ်ပြီး။