ဂျဲ့ဘား အီဘင်း ဟိုင်းယန်

ဝီကီပီးဒီးယား မှ
ဂျဲ့ဘား အီဘင်း ဟိုင်းယန်
အစ္စလာမ် အဂ္ဂိရတ်ပညာရှင်
15th-century portrait of Jabir
ကွယ်လွန်စီအီး ၈၀၆-၈၁၆ ဝန်းကျင်ခန့်
ခေတ်အစ္စလာမ် ရွှေခေတ်
ဒေသKufa/Tus]]/မသိရှိ
အဓိက စိတ်ဝင်စားရာ
အဂ္ဂိရတ်နှင့် ဓာတုဗေဒ၊ မှော်ပညာ၊ ရှိအာမွတ်စလင် ဘာသာရေးဒဿန
မှတ်သားလောက်သည့် အတွေးအကြံ
ဓာတုဗေဒတွင် ဇီဝပစ္စည်းများ သုံးခြင်း၊ သတ္တုဆိုင်ရာ ဆာလဖာ-မာကျူရီ သီအိုရီ၊ မျှခြေသိပ္ပံအယူအဆ၊ ပစ္စည်းတု ထုတ်လုပ်ခြင်း သိပ္ပံ

အဘူ မူဆာ ဂျဲ့ဘား အီဘင်း ဟိုင်းယန် أبو موسى جابر بن حيّان; အင်္ဂလိပ်: Abū Mūsā Jābir ibn Ḥayyān) သည် အာရပ်ဘာသာဖြင့် အမျိုးမျိုးသော စာပေလက်ရာများကို ပြုစုရေးသားသူဟု ဆိုနိုင်သည့်သူတစ်ဦးဖြစ်သည်။ ယနေ့ရှင်သန်ကျန်ရစ်သော စာပေများမှာ အဂ္ဂိရတ်၊ ဓာတုဗေဒ၊ မှော်ပညာ၊ ရှီးယိုက်ဘာသာရေး ဒဿနတို့ပါဝင်သော လက်ရာများဖြစ်သည်။ သို့ရာတွင် ထိုမူရင်းစာစုများမှာ လွန်စွာကျယ်ပြန့်၍ အကြောင်းအရာ အမျိုးမျိုးအစားစားဖြစ်ပြီး စကြဝဠာသဘောတရား၊ အလယ်ခေတ် အစ္စလာမ် နက္ခတ္တဗေဒ၊ နက္ခဗေဒင်၊ ဆေးပညာ၊ ဆေးဝါးပညာ၊ သတ္တဗေဒ၊ ရုက္ခဗေဒ၊ ရုပ်လွန်ပညာ၊ ယုတ္တိဗေဒ၊ အာရပ်စကား သဒ္ဒါတို့ဖြစ်ကြလေသည်။

ဂျဲ့ဘား၏ လက်ရာများ၌ အစောဆုံးသိရှိရသော ဓာတုဗေဒဆိုင်ရာ ဝတ္ထုပစ္စည်းများကို စနစ်တကျခွဲခြားစိတ်ဖြာခြင်းအကြောင်းများပါဝင်သကဲ့သို့ အပင်၊ သွေး၊ ဆံပင်စသော ဇီဝပစ္စည်းများမှ အဇီဝပစ္စည်းများဖြစ်သော ဆာလာအမိုးနိယက် (sal ammoniac) (သို့) အမိုးနီယမ် ကလိုရိုက် (ဇဝက်သာ) တို့ကို ဓာတုနည်းဖြင့် မည်သို့ ထုတ်ဖော်ရကြောင်း သိရသမျှအစောဆုံးပင်ဖြစ်သည့် လမ်းညွှန်ချက်များလည်း ပါဝင်နေသည်။[၁] သတ္တုများနှင့်ပတ်သက်၍ ၎င်း၏ ဆာလဖာ-မာကျူရီ သီအိုရီသည်လည်း အစောဆုံး ထုတ်ဖော်ခဲ့သည့် ပုံစံများထဲက တစ်ခုဖြစ်ကာ ၁၈ ရာစုအထိ လွှမ်းမိုးထားနိုင်ခဲ့သော ဓာတ်သတ္တုဗေဒ သဘောတရားတစ်ခုအဖြစ် တည်ရှိခဲ့သည်။

(ဝတ္ထုပစ္စည်းများ၊ ဒြပ်များအပါအဝင်) ဖြစ်ရပ်၊ ဖြစ်စဉ်အထွေထွေကို "တိုင်းတာမှုနှင့် ပမာဏအချိုးအစား စနစ်"တစ်ခုသို့ လျှော့ချရန် ရည်ရွယ်သည့် မျှခြေသိပ္ပံ (အာရပ်: ʿilm al-mīzān) ဟု လူသိများသော ဒဿနဆိုင်ရာအယူအဆတစ်ခုက ၎င်း၏ အရေးအသားများထဲက အရေးပါသောအပိုင်းတစ်ခုကို တင်ပြအသိပေးထားသေးသည်။ ဂျဲ့ဘား၏ လက်ရာများထဲတွင် "သေခြင်း/နောက်ဆုံးတရားစီရင်ခံရခြင်း၊ (ဘဝအဆုံးသတ်)လွတ်မြောက်ကွန်းခိုခြင်း၊ အေမာမ်ဆိုင်ရာ ကျမ်းစာများလည်း ပါဝင်လျက် ရှိကြောင်း တွေရပေသည်။ ရှိအာမွတ်စလင်တို့၏ အာမာမ်ဖြစ်သော၊ ၎င်း၏ ဆရာသခင်ဟုဆိုရမည်ဖြစ်သော ဂျဲ့ဖာ အယ်လ် ဆာဒစ် (Jaʿfar al-Ṣādiq) ထံမှ ထိုတရားသဘောများကို လက်ဆင့်ကမ်း ခံယူခဲ့ကြောင်း ဆိုသည်။

၁၀ ရာစု အစောပိုင်းခန့်၌ ဂျဲ့ဘား၏ လက်ရာစာပေများ၏ ထင်ရှားသောလက္ခဏာ၊ တိကျသော စာစုစာဝေးနှင့်ပတ်သက်၍ အစ္စလာမ်ပညာရပ်ဆိုင်ရာ အသိုင်းအဝိုင်းတွင် အငြင်းပွားခဲ့ကြသည်။ ပုဂ္ဂိုလ်တစ်ဦးတည်းက ဤစာပေများစွာကို ရေးသားပြုစုခြင်း၊ ဂျဲ့ဘားသည် အစစ်အမှန်တည်ရှိခြင်း/မရှိခြင်း တို့ကိုပင် ခေတ်သစ်ပညာရှင်များက သံသယပွားလျက် ရှိ၏ ။ ထိုသို့ တစ်ဦးတည်းရေးသူ ဆိုသည့်အစား ၉-၁၀ ရာစုအတွင်း အမည်မသိရသော ရှိအာ အဂ္ဂိရတ်ပညာရှင်များဂိုဏ်းတစ်ခုက အမည်ဝှက်တစ်ခုကို ဂျဲ့ဘားဟူ၍ သုံးစွဲခဲ့သည်ဟု ယူဆကြသည်။

အာရပ်စကားဖြင့် ရေးသားထားသည့် အချို့သောစာပေများ (ဥပမာ - ဂရုဏာတရား၏ မာဟာကျမ်း၊ ခုနစ်ဆယ်ကျမ်း) ကို လက်တင်အမည် ဂျီဘာ (Geber) ခံယူ၍ လက်တင်သို့ ဘာသာပြန်ဆိုခဲ့ကြသည်။ ၁၃ ရာစု တွင် ဥရောပ၌ ဂျီဘာ အတုဟု ရည်ညွှန်းရမည့် အမည်မသိ စာရေးဆရာတစ်ဦးသည်လည်း ဤအမည်ဖြင့်ပင် အဂ္ဂိရတ်ပညာ၊ သတ္တုဗေဒ စာပေများကို စတင်ရေးသားခဲ့ပေသေးသည်။[၂]

ကိုးကား[ပြင်ဆင်ရန်]

  1. Kraus 1942–1943, vol. II, pp. 41–42 (referring to Stapleton 1905; Ruska 1923a; Ruska 1928). See also Stapleton, Azo & Hidayat Husain 1927, pp. 338–340.
  2. Newman 1985; Newman 1991, pp. 57–103. It has been argued by Ahmad Y. Al-Hassan that the pseudo-Geber works were actually translated into Latin from the Arabic (see Al-Hassan, Ahmad Y. "The Arabic Origin of the Summa and Geber Latin Works: A Refutation of Berthelot, Ruska, and Newman Based on Arabic Sources", in: al-Hassan 2009, pp. 53–104; also available online).