အေမာမ်

ဝီကီပီးဒီးယား မှ

အေမာမ် ခေါ် သာသနာ့ခေါင်းဆောင်ကြီးများကို ယုံကြည်ခြင်းသည် ရှီအာမွတ်စ္စလင်မ်တို့၏ ‎အဓိကယုံကြည်ချက်တစ်ခုပင် ဖြစ်သည်။ ထိုကြောင့် ရှီအာတို့ကို ရှီအာအက်စ်နာအက်ရှ်ရီယာ ဆိုလိုသည်မှာ ‎တစ်ဆယ်နှစ်ပါးအေမာမ်များကို ယုံကြည်နောက်လိုက်သူဟုလည်း ခေါ်ဝေါ်ကြလေသည်။ အေမာမ်ဆိုသည်မှာ ‎ခေါင်းဆောင်ဟု အဓိပ္ပာယ်ရသည်။ မည်သည့်မျိုးနွယ်စုမှ ခေါင်းဆောင်မရှိဘဲ တစ်ခါဏတာမျှပင် ‎ရပ်တည်နေထိုင်ကြလိမ့်မည် မဟုတ်ပေ။[၁]

ရှီအာတို့၏ အဓိကအခြေခံယုံကြည်ချက်များမှာ တစ်ဆူအရှင်ကို ယုံကြည်ခြင်းတမန်တော်များကို ‎ယုံကြည်ခြင်း၊ နောက်ဆုံးနေ့တွင် ပြန်လည်ရှင်ပြန်ထမည့် တရားစီရင်မည့်နေ့ မအားဒ် ကို ယုံကြည်ခြင်း၊ ‎တရားမျှတခြင်းကို ယုံကြည်ခြင်း၊ အေမာမ်များကို ယုံကြည်ခြင်းတို့ဖြစ်သည်။

ရှီအာတို့သည် ကျမ်းတော်မြတ်ကုရ်အာန်နှင့် ဟဒီးစ်ဩဝါဒတော်တို့ကို လေ့လာသုံးသပ် ကိုးကား၍ ‎သာသနာတော်အတွက် နောက်ဆုံးတမန်တော်မိုဟမ္မဒ်(ဆွ) မရှိသည့်နောက်တွင် ‎သာသနာ့ခေါင်းဆောင်ကြီးများ လိုအပ်ကြောင်း ယုံကြည်ကြခြင်းဖြစ်သည်။

ကျမ်းတော်မြတ်ကုရ်အာန်မှ ကောက်နုတ်ခြင်း[ပြင်ဆင်ရန်]

  • စူရာဟ် စဂျ်ဒါဟ် အာယတ်အမှတ် ၂၄ တွင် အောက်ပါအတိုင်း ဖော်ပြထားလေသည်။

وَ جَعَلْنا مِنْهُمْ أَئِمَّةً يَهْدُونَ بِأَمْرِنا لَمَّا صَبَرُوا وَ كانُوا بِآياتِنا يُوقِنُونَ. ‏ ဗနီအစ္စ်ရာအီလ်မျိုးနွယ်စုတို့အကြား လူသားတို့အား လမ်းမှန်သို့ ညွှန်ပြနိုင်ရန် ငါအရှင်မြတ်၏ အမိန့်တော်ဖြင့် ‎ခေါင်းဆောင်ကြီးများအား သတ်မှတ်တော်မူခဲ့၏။ ၎င်းတို့သည် ခန္ဒီသည်းခံခြင်းတရားကိုလက်ကိုင်ထားသည့်အပြင် ‎ငါအရှင်မြတ်၏ အာယသ်တော်များအပေါ်လည်း ယုံကြည်ကြလေသည်။ ဤအာယသ်တော်သည် အေမာမ်ခေါင်းဆောင်ကြီးများအား ရွေးချယ်သတ်မှတ်ရာတွင် အလ္လာဟိုအရှင်မြတ်၏ ‎ထံမှသာဖြစ်ကြောင်းကို သက်သေသာဓကပြုလေသည်။  [၂]

  • စူရာဟ် ဘကရာ အာယသ်အမှတ် ၁၂၄ တွင် မိန့်တော်မူထားသည်မှာ

و اذ ابتلی ابراهیم ربه بکلمات فاتمهن قال انی جاعلک للناس اماما قال و من ذریتی قال لا ینال عهدی ‏الظالمین". ‏ ‎(ပြန်လည်အမှတ်ရကြလေကုန်) အရှင်မြတ်သည် အီဗရာဟင်မ်အား အကြောင်းခံမျိုးစုံတို့ဖြင့် စမ်းသပ်တော်မူခဲ့၏။ ‎၎င်းသည် ထိုစမ်းသပ်မှုတို့အပေါ် အောင်မြင်ခဲ့၏။ အရှင်မြတ်မှ မိန့်တော်မူခဲ့သည်မှာ ငါအရှင်မြတ်သည် ‎အသင့်အား လူသားတို့အတွက် အေမာမ်ခေါင်းဆောင်အဖြစ် ခန့်အပ်တော်မူ၏။ အီဗရာဟင်မ်မှ ပြောခဲ့သည်မှာ ‎ကျွန်တော်မျိုး၏ အနွယ်တော်မွန်အားလည်း ထိုအရိုက်အရာအား ပေးတော်မူမည်လော။ အရှင်မြတ်မှ ‎မိန့်တော်မူသည်မှာ ငါအရှင်မြတ်သည် မည်သည့်အခါမှ နှိပ်စက်ညှင်းပန်းသူတို့အား ထိုအရိုက်အရာကို ‎ပေးအပ်မည်မဟုတ်ပေ။ ‎ အလ္လာဟိုအရှင်မြတ်သာလျှင် အေမာမ်ခေါင်းဆောင်များကို ခန့်အပ်မည်ဖြစ်ကြောင်း၊ ‎ထိုအေမာမ်ခေါင်းဆောင်များသည်လည်း အပြစ်ဒုစရိုက်တို့မှ ကင်းစင်သူများ ဖြစ်ကြောင်း စသည်တို့ကို ဖော်ပြပါ ‎အာယသ်တော်သည် သက်သေသာဓကဖြစ်ကြောင်း ထောက်ပြနေသည်။ ‎

ဟဒီးစ်ဩဝါဒတော်မှ ကောက်နုတ်ခြင်း[ပြင်ဆင်ရန်]

  • ဆွဟီးဗိုခါရီကျမ်း၊ ဆွဟီးမွတ်စ္စလင်မ်ကျမ်း၊ မွတ်စ်နဒ်သွယာလိစီးကျမ်း၊ အဟ်မဒ်အိဗ်နေဟမ်ဘလ်ကျမ်း၊ ‎စိုနန်သိလ်မီဇီကျမ်း၊ အိဗ်နေမာဂျာကျမ်းနှင့် တစ်ခြားသောကျမ်းများတွင် ဖော်ပြထားသည်မှာ ‎တမန်တော်မြတ်မိုဟမ္မဒ်(ဆွ)သည် ဟဇရသ်အလီ(အ.စ)အား မိန့်တော်မူလေသည်။ အိုအလီ အသင်သည် ‎ငါကိုယ်တော်မြတ်နှင့် ပတ်သက်မှုသည် မူစာနဗီနှင့် ဟာရွန်တို့၏ ပတ်သက်ဆက်နွယ်မှုကဲ့သို့ဖြစ်သည်။ သို့သော် ‎ကွာခြားသည်မှာ ငါကိုယ်တော်မြတ်ကြီးနောက် မည်သည့်နဗီတမန်တော်မှ ပွင့်ပေါ်တော့မည်မဟုတ်ပေ။[၃]
  • တမန်တော်မြတ်မိုဟမ္မဒ်(ဆွ)၏ နောက်ဆုံးဟဂျ်ခရီးစဉ်ဖြစ်သည့် ဟစ်ဂျရီခုနှစ် (၁၀)၊ ဇီလ်ဟဂျ်လ ‎‎(၁၈)ရက်နေ့အပြန်တွင် စူရာဟ်မာအေဒဟ် အာယသ်အမှတ်(၆၇)သည် ကျရောက်လာခဲ့သည်။ ထိုနောက် ‎တမန်တော်မြတ်(ဆွ)သည် မိမိတို့၏ အဖွဲ့များအား ရပ်တန့်စေခဲ့သည်။ အရှေ့မှ အလျှင်ထွက်သွားကြသော ‎အဖွဲ့များကို ပြန်လည်၍ နောက်သို့လှည့်လာရန် ခိုင်းစေခဲ့လေသည်။ ထို့အပြင် အနောက်မှ လာနေကြသော ‎အဖွဲ့များကိုလည်း စောင့်ဆိုင်းနေခဲ့သည်။.[၄]  ထိုနေရာတွင် နမားဇ်ဖတ်ပြီးနောက် အလ္လာဟိုအရှင်မြတ်ကို ‎ချီးမွန်းထောမနာပြီးနောက် မိန့်ခွန်းတော်ကို မိန့်ခြွေခဲ့လေသည်။ ငါကိုယ်တော်မြတ်သည် များမကြာမီတွင် ‎အသင်တို့ထံမှ နောင်တမလွန်သို့ သွားရန် အလ္လာဟိုအရှင်မြတ်ထံမှ ဖိတ်ခေါ်သံကြားရလေသည်။ ‎ငါကိုယ်တော်မြတ်သည်လည်း ထိုဖိတ်ခေါ်မှုကို လက်ခံလိုက်လေပြီ။ ငါကိုယ်တော်မြတ်နည်းတူ အင်တို့သည်လည်း ‎ထိုတမလွန်ခရီးသို့ ဆက်ကြရန် တာဝန်ကိုယ်စီလည်း ရှိကြသည်။ …… ငါကိုယ်တော်မြတ်သည် အသင်တို့ ‎သူတော်စင်တို့အကြား ပို၍ မြင့်မြတ်ကြောင်းနှင့် ခေါင်းဆောင်ဦးစီးဖြစ်ကြောင်းကို သိကြပါသလား။ လူထုကြီးမှ ‎ဟစ်အော်၍ ထိုသို့ဖြစ်ကြောင်းကို သိပါဟု ဖြေကြလေသည်။ ထိုနောက် တမန်တော်မြတ်(ဆွ)သည် ‎ဟဇရသ်အလီ(အ.စ)၏ လက်ကိုကိုင်မြောက်၍ မိန့်တော်မူသည်မှာ အိုလူသားများ အလ္လာဟိုအရှင်မြတ်သည် ‎ငါကိုယ်တော်၏ အရှင်သခင်ဖြစ်၏။ ငါကိုယ်တော်သည် အသင်တို့၏ ဦးဆောင်ဦးသျှောင်ဖြစ်သည်။ ‎ငါကိုယ်တော်မြတ်ကို မည်သူမဆို ဦးဆောင်ဦးသျှောင်ဟု သတ်မှတ်ပါလျှင် အလီသည်လည်း ‎ထိုသူ၏ဦးဆောင်ဦးသျှောင်ပင်ဖြစ်၏။.[၅] [၆][၇] ထိုနောက် လက်နှစ်ဖက်ကိုမြောက်၍ ဒိုအာတောင်းလေသည်။ ‎အိုအလ္လာဟိုအရှင်မြတ် သူ့အားနှစ်သက်သူကို အရှင်မြတ်နှစ်သက်တော်မူပါ။ သူ့အားရန်ငြိုးပြုသူကို ‎အမြတ်တော်စူးရှစေပါ။ သူ့အားကူညီးဖေးမသူကို ကူညီဖေးမတော်မူပါ။ သူ့အားစိတ်ပျက်အောင်ပြုသူကို ‎စိတ်ပျက်အောင်ပြုတော်မူပါ။ ဟုတောင်းဆုပြုခဲ့လေသည်။[၈] [၉]
  •  တစ်ခြားသော ဟဒီးစ်ဩဝါတော်တွင် မိန့်တော်မူထားသည်မှာ ‎ ‎ ‎‏«من مات و لم یعرف امام زمانه، مات میتة جاهلیّة» ‏ အကယ်၍ မည်သူမဆို မိမိခေတ်ကာလ အေမာမ်ခေါင်းဆောင်ကို မသိခဲ့ပါလျှင် အသိညဏ်ကင်းမဲ့သည့် ‎လူဗာလသေခြင်းကဲ့သို့မည်၏။ အေမာမ်ခေါင်းဆောင်ကိုသိခြင်းသည် ကျွနု်ပ်တို့၏ ထံမှ အီမာန် ‎သက်ဝင်ယုံကြည်မှုကိုလည်း အလ္လာဟိုအရှင်မြတ်ထံမှ ပြန်လည်လက်ခံမည်ဖြစ်ကြောင်း ဆိုခြင်းဖြစ်သည်။ [၁၀]

ကိုးကား[ပြင်ဆင်ရန်]

  1. سید مرتضی عسکری، ولایت علی در قرآن کریم و سنت پیامبر، مرکز فرهنگی انتشاراتی منیر، چاپ هفتم
  2. محسن قرائتی، تفسیر نور، مركز فرهنگى درسهايى از قرآن، ۱۳۸۳ ش، چاپ يازدهم جلد ۷ُ صفحه ۳۱۸.
  3. صحیح بخاری، باب مناقب علی ابن ابی طالب، ج ۲ / ۲۰۰
  4. تاریخ ابن کثیر، ج ۵ ، ۲۱۳
  5. شواهد التنزیل، ج ۱ ، ۱۹۱
  6. تاریخ ابن کثیر، ج ۵، ۲۰۹
  7. تاریخ ابن کثیر، مجمع الزوائد، مسند احمدبن حنبل، مسند احمد
  8. مسند احمد، مستدرک حاکم، سنن ابن ماجه باب فضل علی، حاکم حسکانی، تاریخ ابن کثیر،
  9. مسند احمد، مجمع الزوائد، شواهدالتنزیل، تاریخ ابن کثیر،
  10. مرگ جاهلیت چیست؟