ဂင်ယိုဟန်
ဂင်ယိုဟန် | |||||||||||
---|---|---|---|---|---|---|---|---|---|---|---|
ဂင်ယိုဟန်ကို ၂၀၁၉ အောက်တိုဘာလအတွင်းက တွေ့ရစဉ် | |||||||||||
ဇာတိ အမည် | 김요한 | ||||||||||
မွေးဖွား | ဂျောင်းနန်ခရိုင်၊ ဆိုးလ်မြို့၊ တောင်ကိုရီးယား | စက်တင်ဘာ ၂၂၊ ၁၉၉၉||||||||||
မိခင်ကျောင်း | ဆန်မြောင်းတက္ကသိုလ် | ||||||||||
အလုပ်အကိုင် |
| ||||||||||
ဂီတခရီးလမ်း | |||||||||||
ဂီတဟန် | |||||||||||
တူရိယာ | Vocals | ||||||||||
တက်ကြွသည့်နှစ်များ | 2019–present | ||||||||||
တေးသံသွင်း ကုမ္ပဏီ | |||||||||||
ပူးတွဲ ပါဝင်မှု | |||||||||||
ဝက်ဘ်ဆိုက် | ouient.com/pages/artists7.php | ||||||||||
|
ဂင်ယိုဟန် (အင်္ဂလိပ်: Kim Yo-han; ကိုရီးယား: 김요한) သည် တောင်ကိုရီးယား အဆိုတော်နှင့် သရုပ်ဆောင်တစ်ဦးဖြစ်သည်။ အမျိုးသားအဆိုတော်အဖွဲ့ WEi ၏အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး X1 ၏ အဖွဲ့ဝင်ဟောင်းတစ်ဦးလည်းဖြစ်သည်။ Produce X 101 အစီအစဉ်တွင် ပထမရခဲ့ဖူးကာ၊ ၂၀၂၀ ဩဂုတ်လ ၂၅ ရက်နေ့တွင် No More အမည်ရ ဒစ်ဂျစ်တယ် စင်ဂယ်အလ်ဘယ်ဖြင့် တစ်ကိုယ်တော်ပွဲဦးထွက်ခဲ့သည်။[၁][၂]
ငယ်ဘဝ
[ပြင်ဆင်ရန်]ဂင်ယိုဟန်ကို ၁၉၉၉ ခုနှစ် စက်တင်ဘာလ ၂၂ ရက်နေ့တွင် တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ ဂျောင်းနန်ခရိုင်တွင် မွေးဖွားခဲ့ပြီး၊ နှမနှစ်ယောက်ရှိသည်။ တိုက်ကွမ်ဒို ကစားသမားတစ်ဦးလည်း ဖြစ်သည်။[၃][၄]
အလုပ်အကိုင်
[ပြင်ဆင်ရန်]ပွဲဦးမထွက်ခင်
[ပြင်ဆင်ရန်]ဂင်ယိုဟန်သည် တိုက်ကွမ်ဒို ကစားသမားတစ်ယောက်ဖြစ်ခဲ့ပြီး နိုင်ငံတော်အဆင့် လူငယ်အားကစားပြိုင်ပွဲတွင် ချန်ပီယံဆု နှစ်ခါရခဲ့သည်။[၅][၆][၇]
၂၀၁၉: Produce X 101နှင့် X1
[ပြင်ဆင်ရန်]ဂင်ယိုဟန်သည် ၂၀၁၉ မေလတွင် Produce X 101 ဟုခေါ်သော သုံးလတာ လေ့ကျင့်ပေးမည့် Mnet ၏ reality-survival အစီအစဉ်တွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။[၈][၉][၁၀] ပြိုင်ပွဲ၏ မူလရည်ရွယ်ချက်မှာ အနိုင်ရရှိသူ ၁၁ ယောက်ကို Swing Entertainment လက်အောက်တွင် ငါးနှစ်သက်တမ်းရှိသော အမျိုးသားအဆိုတော်အဖွဲ့အဖြစ် ဖွဲ့စည်းပေးရန် ဖြစ်သည်။ ဂင်ယိုဟန်သည် ပြိုင်ပွဲတွင် ပထမရခဲ့ပြီး အမျိုးသားအဆိုတော်အဖွဲ့ X1 ၏ အဓိကအဖွဲ့ဝင်တစ်ယောက်အဖြစ် Gocheok Sky Dome ပွဲတွင် ပွဲဦးထွက်နိုင်ခဲ့သည်။ သို့သော် ပြိုင်ပွဲ၏ မဲမသမာမှုဖြစ်စဉ်ကြောင့် ၂၀၂၀ ဇန်နဝါရီ ၆ ရက်နေ့တွင် X1 ကို ဖျက်သိမ်းခဲ့ရသည်။[၁၁] Produce X 101 ၏ ထုတ်လုပ်သူ အန်းဂျွန်းယောင်းကို ၂၀၁၉ နိုဝင်ဘာလ ၅ ရက်နေ့တွင် ဖမ်းဆီးခဲ့ပြီး မဲပေးရသောအဆင့်များကို ကြိုးကိုင်ခြယ်လှယ်ခဲ့ကြောင်း ၎င်းကဝန်ခံခဲ့သည်။[၁၂]
၂၀၂၀: တစ်ကိုယ်တော်အလုပ်အကိုင်နှင့် WEi ဖြင့်ပွဲဦးထွက်ခြင်း
[ပြင်ဆင်ရန်]ဂင်ယိုဟန်သည် ကျောင်းဇာတ်လမ်းတွဲဆက် တစ်ခုဖြစ်သော ကျောင်း ၂၀၂၁တွင် ပါဝင်သရုပ်ဆောင်မည်ဟု လူပြောများခဲ့သည်။ ထို့နောက် ၂၀၂၀ ဖေဖော်ဝါရီလတွင် အဆိုပါဇာတ်လမ်းတွဲကို ၂၀၂၀ ဩဂုတ်လအတွင်း ထုတ်လွှင့်သွားမည်ဖြစ်ကြောင်း အတည်ပြုခဲ့သည်။[၁၃][၁၄][၁၅] ၂၀၂၀ ဧပြီလတွင် KBS အနေဖြင့် ဇာတ်လမ်းတွဲအတွက် အဓိကအမျိုးသမီးသရုပ်ဆောင် ရွေးချယ်ရာတွင် အငြင်းပွားမှုများ ဖြစ်ပေါ်သောကြောင့် ဇာတ်လမ်းတွဲအား ပယ်ဖျက်လိုက်ပြီဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။[၁၆]
၂၀၂၀ ဇွန်လ ၁၇ရက်နေ့တွင် Oui Entertainment က နှစ်လယ်ပိုင်း၌ OUIBOYZ ဟုအမည်ရသည့် အမျိုးသားအဆိုတော်အဖွဲ့သစ်ကို အစမ်းသဘော ပွဲဦးထုတ်သွားမည်ဟု ကြေညာခဲ့သည်။ ထိုအခါ ဂင်ယိုဟန်သည် သူနှင့် ကုမ္ပဏီတူသော ဂင်ဒုံဟန်၊ ဂျန်ဒယ်ဟျောန်း၊ ဂန်ဆော့ဟွာတို့နှင့်အတူ ထိုအဖွဲ့သစ်တွင် ပါဝင်လာနိုင်ကြောင်း ထင်ကြေးပေးခံရသည်။[၁၇]
Oui Entertainment သည် ၂၀၂၀ ဇူလိုင်လ ၁၀ရက်နေ့တွင် ၎င်းတို့၏ အဖွဲ့သစ် WEi ၏ လူမှုကွန်ရက်စာမျက်နှာကို လွှင့်တင်ခဲ့ကာ ဂင်ယိုဟန်ပါဝင်ကြောင်းကိုပါ အတည်ပြုခဲ့သည်။[၁၈][၁၉]
ဂင်ယိုဟန်သည် ၂၆ ကြိမ်မြောက် "CONNECT:D" Dream Concert ၏ ပထမနေ့အတွက် MC အဖြစ် ဆောင်ရွက်ခဲ့သည်။[၂၀]
WEi အဖွဲ့ နှင့် ပွဲဦးမထွက်ခင်၊ ဂင်ယိုဟန်သည် Zion-T က စီစဉ်ထုတ်လုပ်သော တစ်ကိုယ်တော် ဒစ်ဂျစ်တယ်သီချင်း No More ကို ၂၀၂၀ ဩဂုတ်လ ၂၅ ရက်နေ့ တွင် ထုတ်ဝေသွားမည် ဖြစ်ကြောင်း ၂၀၂၀ ဩဂုတ်လ ၆ ရက်နေ့တွင် ကြေညာခဲ့သည်။[၁][၂]
ဂင်ယိုဟန်သည် ၂၀၂၀ အောက်တိုဘာလ ၅ ရက်နေ့တွင် WEi အဖွဲ့နှင့်အတူ ခေါင်းစီးသီချင်း Twilight ဟု အမည်ပေးထားသော IDENTITY: First Sight မီနီအယ်လ်ဘမ်ဖြင့် ပွဲဦးထွက်ခဲ့သည်။
သူ၏ သရုပ်ဆောင်ပွဲဦးထွက်အဖြစ်မူ တရုတ် ဇာတ်လမ်းတွဲကို ပြန်လည်ရိုက်ကူးထားသည့် ကိုရီးယားဇာတ်လမ်းတွဲ A Love So Beautiful တွင် အဓိကအမျိုးသားသရုပ်ဆောင်အဖြစ် ပါဝင်ခဲ့သည်။[၂၁] ၂၀၂၁ ဇန်နဝါရီ ၁၁ရက်တွင် ထုတ်လွှင့်ခဲ့သော ဇာတ်ဝင်တေး Recently ကိုလည်း ပါဝင်ရေးသား ပံ့ပိုးခဲ့သည်။[၂၂]
၂၀၂၁–လက်ရှိ: တစ်ကိုယ်တော် လှုပ်ရှားမှုများ
[ပြင်ဆင်ရန်]ဂင်ယိုဟန်သည် ၂၀၂၁ မတ်လ ၂ ရက်နေ့တွင် SBS MTU ၏ သီချင်းအစီအစဉ်ဖြစ်သော The Show တွင် Ateez အဖွဲ့ဝင် ယောဆန်း၊ Weekly အဖွဲ့ဝင် ဂျီဟန်တို့နှင့်အတူ အစီအစဉ်မှူး ဖြစ်လာခဲ့သည်။[၂၃] ၂၀၂၁ ခုနှစ်အတွင်း Chick High Kick ဟုခေါ်သော ရသစုံရုပ်သံအစီအစဉ်တွင်လည်း ဟားဟား၊ နာထယ်ဂျူတို့နှင့်အတူ ပါဝင်ခဲ့သည်။[၂၄] ဂင်ယိုဟန်သည် ၂၀၂၁ နှစ်ကုန်ပိုင်းတွင် KBS က ထုတ်လွှင့်သည့် ကျောင်း ၂၀၂၁တွင်လည်း ဂျိုအီဟျောန်းနှင့် တွဲဖက်၍ အဓိကဇာတ်ဆောင်တစ်ဦးအဖြစ် ပါဝင်သရုပ်ဆောင်ထားသည်။[၂၅]
ရိုက်ကူးမှုစာရင်း
[ပြင်ဆင်ရန်]ရုပ်သံဇာတ်လမ်းတွဲ
[ပြင်ဆင်ရန်]Year | Title | Network | Role | Notes | Ref. |
---|---|---|---|---|---|
2009 | Queen Seondeok | MBC | Child | Extra | [၂၆] |
2020 | Zombie Detective | KBS2 | Skin cream CM model | Cameo (Episode 1) | [၂၇] |
2021 | Mouse | tvN | Brain transplant patient | Cameo (Episode 20) | [၂၈] |
ကျောင်း ၂၀၂၁ | KBS2 | Gong Ki-joon | [၂၅] |
ဝက်ဘ်စီးရီး
[ပြင်ဆင်ရန်]Year | Title | Role | Network | Ref. |
---|---|---|---|---|
2020–2021 | A Love So Beautiful | Cha-heon | KakaoTV | [၂၉] |
ရုပ်သံရှိုးများ
[ပြင်ဆင်ရန်]Year | Title | Network | Role | Notes | Ref. |
---|---|---|---|---|---|
2019 | Produce X 101 | Mnet | Contestant | Ep. 1-12 | [၃၀][၃၁] |
2020 | War of Music People | KBS2 | Cast member | [၃၂] | |
2020–2021 | The People of Trot | MBC TV | Deputy manager | [၃၃] | |
2021–present | The Show | SBS MTV | Host | [၃၄] | |
2021 | Chick High Kick | MBN | Cast member | [၂၄] | |
The Greater Ocean Territory of Korea | KBS1 | Host | with Jung Sung-hwa | [၃၅] |
ကိုးကား
[ပြင်ဆင်ရန်]- ↑ ၁.၀ ၁.၁ Kim Yohan Solo Song Release။
- ↑ ၂.၀ ၂.၁ Kim Yohan Solo Debut Countdown။
- ↑ 제43회 전국소년체전태권도 중랑구중화중학교 김요한 금메달 김세영 은메달 (in ko) (July 29, 2014)။ February 5, 2020 တွင် ပြန်စစ်ပြီး။
- ↑ [이주의 생일 엑소(EXO) 첸·오마이걸 유아·갓세븐(GOT7) 진영·영재·엑스원(X1) 김요한] (in ko) (September 16, 2019)။ February 5, 2020 တွင် ပြန်စစ်ပြီး။
- ↑ tvN 김요한, '학교 2020' 男 주인공 캐스팅…태권도 유망주 김태진 役 (in ko) (February 4, 2020)။ February 5, 2020 တွင် ပြန်စစ်ပြီး။
- ↑ 양택진။ "서울체고 김요한, 전국종별태권도선수권 정상 올라" (in ko)၊ 무카스၊ March 16, 2015။
- ↑ "방송 후 잘생겼다고 난리 난 프듀X '태권 소년' 김요한의 과거 사진" (in ko)၊ insight၊ May 15, 2019။
- ↑ Template error: argument title is required.
- ↑ You must specify title = and url = when using {{cite web}}. (in zh) (2019-05-06)။ 2019-11-17 တွင် ပြန်စစ်ပြီး။
- ↑ You must specify title = and url = when using {{cite web}}. (in zh) (2019-05-13)။ 2019-11-17 တွင် ပြန်စစ်ပြီး။
- ↑ You must specify title = and url = when using {{cite web}}.Kim၊ Min-ji (July 22, 2019)။ (in ko)။ TV Report။ July 23, 2019 တွင် ပြန်စစ်ပြီး။
- ↑ "[단독 프로듀스 안 모 PD "시즌 3 · 4 투표 조작 인정"]" (in ko)၊ SBS News၊ 2019-11-06။
- ↑ 엑스원(X1) 출신 김요한, 드라마 '학교2020' 출연 확정…'팀 해체 후 배우 데뷔' (in ko) (February 4, 2020)။ February 5, 2020 တွင် ပြန်စစ်ပြီး။
- ↑ 엑스원(X1) 김요한, 해체 이후 인스타그램 통해 근황 알려…'활동 기대감 UP' (in ko) (January 11, 2020)။ February 5, 2020 တွင် ပြန်စစ်ပြီး။
- ↑ 엑스원 김요한·'옥자' 안서현, 스타등용문 '학교2020' 얼굴(종합) (in ko) (February 4, 2020)။ February 5, 2020 တွင် ပြန်စစ်ပြီး။
- ↑ Drama 'School 2020' Canceled After Controversy (in en-US) (2020-04-10)။ 20 April 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2020-10-16 တွင် ပြန်စစ်ပြီး။
- ↑ Oui New Boy Group Notice။ 28 November 2020 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 9 December 2021 တွင် ပြန်စစ်ပြီး။
- ↑ WEi Social Media Launch Twitter။
- ↑ WEi Naver Post။
- ↑ Dream Concert CONNECT:D MC Line-Up။
- ↑ 김요한X소주연X여회현, '아름다웠던 우리에게' 캐스팅…첫사랑 소환 [공식입장] (in ko) (July 27, 2020)။ July 27, 2020 တွင် ပြန်စစ်ပြီး။
- ↑ 아름다웠던 우리에게 OST Part.1 (in ko)။ September 12, 2021 တွင် ပြန်စစ်ပြီး။
- ↑ The Show New Hosts။
- ↑ ၂၄.၀ ၂၄.၁ Jin Hyang-hee (April 9, 2021)။ 김요한, MBN ‘병아리 하이킥’ 합류 (in ko)။ April 9, 2021 တွင် ပြန်စစ်ပြီး။
- ↑ ၂၅.၀ ၂၅.၁ Shim Eon-kyung။ "김요한·김영대·조이현·황보름별, '학교 2021' 주연 캐스팅[공식]" (in ko)၊ Sports TV News၊ Naver၊ June 21, 2021။
- ↑ ‘라디오스타’ 가수 김요한, 태권도 실력 "엑스원 여자친구 이상형 나이 복근 실제키 혈액형 소속사" 프로필 (in ko) (2020-08-26)။ 23 April 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 9 December 2021 တွင် ပြန်စစ်ပြီး။
- ↑ 좀비탐정' 송가인 나태주 김요한 이영지, 카메오 출격 (in ko) (2020-09-27)။
- ↑ Hong Shin-ik။ "김요한, '마우스' 시즌2 암시? 또 다른 '뇌 이식자' 깜짝 등장" (in ko)၊ May 20, 2021။ 9 December 2021 တွင် ပြန်စစ်ပြီး။ Archived from the original on 21 May 2021။
- ↑ 김요한X소주연X여회현, '아름다웠던 우리에게' 캐스팅…첫사랑 소환 [공식입장] (in ko) (July 27, 2020)။ July 27, 2020 တွင် ပြန်စစ်ပြီး။
- ↑ 《PRODUCE X 101》這些練習生都有體育特長,原本都是運動員甚至國手!這當中有你的Pick嗎? (2019-06-07)။ 2019-11-17 တွင် ပြန်စစ်ပြီး။
- ↑ 網民票選PRODUCE X 體格最好練習生 第1是曾出戰多次選秀的他 (2019-06-07)။ 2019-11-17 တွင် ပြန်စစ်ပြီး။
- ↑ Kim Yo Han Confirmed For Cast Of New KBS Variety Show။ 2020-03-31 တွင် ပြန်စစ်ပြီး။
- ↑ Ha Su-jeong (December 12, 2020)။ '트로트의 민족' 김요한, 리액션 요정 등극+부단장 역할도 완벽 수행 (in ko)။ February 19, 2021 တွင် ပြန်စစ်ပြီး။
- ↑ Kim Myung-mi (February 19, 2021)။ ATEEZ 여상-위아이 김요한-위클리 지한 '더쇼' MC 발탁(공식입장) (in ko)။ February 19, 2021 တွင် ပြန်စစ်ပြီး။
- ↑ Jang Su-jeong။ "정성화‧김요한, '해양영토 더 큰 대한민국' 프레젠터 합류" (in ko)၊ Dailyan၊ Naver၊ August 10, 2021။
ပြင်ပလင့်ခ်များ
[ပြင်ဆင်ရန်]- အင်စတာဂရမ် ပေါ်ရှိ ဂင်ယိုဟန်
- ဂင်ယိုဟန် at HanCinema
- အိုင်အမ်ဒီဘီပေါ်ရှိ ဂင်ယိုဟန်