ကိုင်လီမိနော့(ဂ်)

ဝီကီပီးဒီးယား မှ
Kylie Minogue
OBE
တစ်ဦး amfAR အဖြစ်အပျက်, 2015 မှာ Minogue
မွေးဖွားKylie Ann Minogue
(1968-05-28) ၂၈ မေ၊ ၁၉၆၈ (အသက် ၅၅)
Melbourne, Victoria, Australia
ဌာနေChelsea, London, UK
နိုင်ငံသားAustralian, British[၁]
အလုပ်အကိုင်
  • Singer * songwriter * actress * author * entrepreneur
တက်ကြွလှုပ်ရှားနှစ်များ1979–present
တီဗီအစီအစဉ်Neighbours, The Henderson Kids, Doctor Who, The Kylie Show
ဆွေမျိုးသားချင်းDannii Minogue (sister)
ဂီတခရီးလမ်း
ဂီတဟန်
တူရိယာVocals
တက်ကြွသည့်နှစ်များ1987–present
တေးသံသွင်း ကုမ္ပဏီ
ဝက်ဘ်ဆိုက်kylie.com
OBE ဖဲကြိုး

ကိုင်လီ အန်း မိနော့ဂ်(Kylie Ann Minogue)(၂၈ မေ ၁၉၆၈ မွေး)သည် ကိုင်လီဟု ရိုးရှင်းစွာ သိကြပြီး၊ ဩ‌စတြေးလျ အဆိုတော်၊ သီချင်းရေးဆရာ၊ ကသူနှင့် မင်းသမီး ဖြစ်သည်။ ဩစတြေးလျ ရုပ်သံဇာတ်လမ်းတွဲ အိမ်နီးချင်းတွင် အသိအမှတ် ပြုခြင်း ခံရပြီး၊ ယောက်ျားလျာ မက္ကင်းနစ် ချာလင်း ရိုဘင်ဆင် အဖြစ် သရုပ်ဆောင်ခဲ့သည်။ ရုပ်သံများတွင် နှစ်နှစ်ခန့် ပါဝင်ပြီးနောက် မိနော့ဂ်၏ ဇာတ်ကောင်က စကော့ရိုဘင်ဆင်(ဂျေဆင် ဒိုနိုဗန်)ကို လက်ထပ်သည့် အခန်းကို ယူကေရှိ လူ သန်း ၂၀ နီးပါးက ကြည့်ရှုခြင်း ခံရပြီး၊ ဩစတြေးလျ TV ရုပ်သံ ဇာတ်လမ်းတွဲ သမိုင်း၌ လူကြည့်အများဆုံး ဇာတ်လမ်းတွဲ ဖြစ်ခဲ့သည်။[၅]

ထိုအခါမှ စ၍ မိနော့ဂ်သည် မှတ်တမ်းဝင် အနုပညာရှင် ဖြစ်လာပြီး၊ စီးပွားရေးအရ အောင်မြင်လာသည့်အပြင်၊ အနုပညာလောက၌ ဝေဖန်မှု၊ ချီးကျူးမှုများလည်း ရရှိလာသည်။ မိနော့ဂ်ကို ပေါ့ပ်မင်းသမီး("Princess of Pop")၊ ပေါ့ပ်နတ်ဘုရားမ("Goddess of Pop") စသော နာမည်ပြောင်များဖြင့် ဂုဏ်ပြု မှည့်ခေါ် အသိအမှတ်ပြုထားသည်။ ဩစတြေးလျ တေးသံသွင်းလုပ်ငန်းအဖွဲ့အစည်း (Australian Recording Industry Association (ARIA))၏ တသက်တာ အရောင်းရဆုံး ဩစတြေးလျ အနုပညာရှင်အဖြစ် အသိအမှတ် ပြုခြင်းလည်း ခံရသည်။ မဲလ်ဘုန်းတွင် မွေးဖွား ကြီးပြင်းသော မိနော့ဂ်သည် လန်ဒန်တွင် နှစ်ပေါင်းများစွာ အလုပ်လုပ် နေထိုင်ခဲ့သည်။ ၁၉၈၇ တွင် ( PWL )နှင့် စာချုပ်ချုပ်ပြီး နောက်တနှစ်တွင် ပထမဆုံး စတူဒီယို အယ်လဘမ် ကိုင်လီ(Kylie)ကို ဖြန့်ချိသည်။

၁၉၉၂ တွင် (PWL)မှ ထွက်လာပြီး၊ (Deconstruction Records)နှင့် စာချုပ်ကာ (self-titled studio album) နှင့် (Impossible Princess)ကို ဖန်တီးရာ၊ နှစ်ခုလုံး ကောင်းမွန်သော ဝေဖန်ခြင်းများ ရရှိသည်။ အကနှင့် ရောစပ်သော တေးဂီတ ရေစီးကြောင်းထဲ ပြန်လည် ဝင်ရောက်လာသည့် အနေနှင့် ပါလိုဖုန်း(Parlophone)နှင့် စာချုပ်ကာ မွေ့လည်နေတယ်(Spinning Around)ကို ဖြန့်ချိသည်။[၆] သူ၏ ၂၀၀၁ ဆင်ဂယ် ဖြစ်သော မင်းအကြောင်းများ ခေါင်းထဲက ထုတ်ပစ်မရ(Can't Get You Out of My Head)သည် ၂၀၀၀ ပြည့်နှစ်ဝန်းကျင်တွင် အအောင်မြင်ဆုံးသော ဆင်ဂယ်များထဲမှ တခု ဖြစ်လာပြီး၊ ဆယ်သန်းကျော် ရောင်းချရသည်။ ရဟူးမြူးဇစ်မှ အဖမ်းစားနိုင်ဆုံးသော သီချင်းအဖြစ် သတ်မှတ်သည်။[၇][၈]

သူ၏ အယ်လဘမ် ဖျားပြီး(Fever (2001)) သည် အမေရိကန်အပါအဝင် နိုင်ငံများစွာ ၌ ပေါက်သည်။ အနုပညာ သက်တမ်း တလျှောက်၊ မိနော့ဂ်သည် ကံကောင်းလွန်းခဲ့ပါတယ်(I Should Be So Lucky)၊ လိုကိုမိုးရှင်း(The Loco-Motion)၊ မင်းအတွက် အထူး(Especially for You)၊ နှလုံးသားလေး ကမ်းပေးပါ(Hand on Your Heart)၊ မင်းသိတဲ့ နတ်ဆိုးထက်ကို(Better the Devil You Know)၊ ငါ့ကိုယုံလိုက်(Confide in Me)၊ မွေ့လည်နေတယ်၊ အနှေး(Slow)၊ ဒွိဟနှလုံးသား(2 Hearts) နှင့် ချစ်သူများတို့(All The Lovers) အပါအဝင် အောင်မြင်သော ဆင်ဂယ်များစွာ ဖြန့်ချိခဲ့သည်။

၂၀၀၅ တွင်၊ မိနော့ဂ်သည် နယ်လှည့်ဖျော်ဖြေပွဲ၌ ရင်သားကင်ဆာ ဖြစ်ပွားနေကြောင်း တွေ့ရှိရသဖြင့် ကုသမှု ခံယူသည်။ ခံယူပြီးနောက် နယ်လှည့်ဖျော်ဖြေပွဲများ ပြန်လည် ကျင်းပပြုလုပ်ရာ၊ အများက အောင်ပွဲခံနေသည်ဟု ရှုမြင် ဝေဖန်ခြင်း ခံရသည်။[၉] မင်းသမီးအဖြစ် ပြန်လည် ဝင်ရောက်လာပြီး (Moulin Rouge! (2001))၊ ဂျက်နဲ့ ဒီယန်း(Jack & Diane)၊ နှင့် ဟိုလီးမော်တာ(Holy Motors)တို့တွင် သရုပ်ဆောင်သည်။ ၂၀၁၄ တွင် (The Voice UK)နှင့် (The Voice Australia)တို့၏ တတိယအကျော့၌ ဒိုင်လူကြီးအဖြစ် ပါဝင်သည်။

သူ၏ အခြား စီးပွားရေးလုပ်ငန်းများမှာ ထုတ်ကုန်များ ကြော်ငြာပေးခြင်း၊ ကလေးစာအုပ်များနှင့် ဖက်ရှင်တို့ ဖြစ်သည်။ ၂၀၁၅ တွင် မိနော့ဂ်သည် သီချင်းဓာတ်ပြား ကမ္ဘာတဝန်း သန်း ၈၀ ကျော် ရောင်းချရသည်။[၁၀][၁၁] အောင်မြင်ပြီး ဝေဖန်မှုများစွာ ခံရသော ကမ္ဘာ့ဖျော်ဖြေပွဲများ ပြုလုပ်ခဲ့ပြီး၊ သူ၏ လိုက်ဖ်ဖျော်ဖြေမှုများအတွက် ဩစတြေးလျ၏ တနှစ်တာ ဖျော်ဖြေသူဆုအတွက် မိုဆု(Mo Award)ကို ရရှိသည်။ ၂၀၀၈ တွင် အဲလိဇဘက် ၂ ဘုရင်မ က တော်ဝင်(OBE)အဖြစ် ခန့်အပ်ပြီး ဝေလမင်းသား ချားလ်စ်က ဆုတံဆိပ် ချီးမြှင့်သည်။

သူ့ကို ပြင်သစ်အစိုးရက ပြင်သစ်ယဉ်ကျေးမှုကို ဖြန့်ဝေပေးသည့်အတွက် ချဗလီယာ နိုက်ဘွဲ့(Chevalier (knight))ကို ချီးမြှင့် ခန့်အပ်သည်။ ရင်သားကင်ဆာနှင့် ပတ်သက်၍ ပြည်သူလူထု အသိတိုးပွားလာအောင် ဆောင်ရွက်သည့်အတွက် အန်ဂလီယာ ရပ်စကင် တက္ကသိုလ်(Anglia Ruskin University)မှလည်း ဂုဏ်ထူးဆောင် ကျန်းမာရေးသိပ္ပံဒေါက်တာဘွဲ့(Doctor of Health Science)ကို ချီးမြှင့်သည်။ နိုဝင်ဘာ ၂၀၁၁ တွင် ၂၅ ကြိမ်မြောက် အေအာအိုင်အေ တေးဂီတဆုပေးပွဲ(ARIA Music Awards)၌ သူမကို ဩစတြေးလျတေးသံသွင်းလုပ်ငန်းအသင်း(Australian Recording Industry Association)က အေအာအိုင်အေ ကြယ်ပွင့်လျှောက်လမ်း(ARIA Hall of Fame)သို့ ဖိတ်ခေါ်ခဲ့သည်။[၁၂] ဒီဇင်ဘာ ၂၀၁၆ တွင် တသက်တာလုံးအတွက် ၁၈ ယောက် အအောင်မြင်ဆုံး အက အနုပညာရှင်အဖြစ် ဘီလ်ဘုတ်(Billboard)တွင် သတ်မှတ်လိုက်သည်။[၁၃]

မဲလ်ဘုန်း, ဩစတြေးလျ, Minogue မွေးဖွားခဲ့သည်ရှိရာမြို့။
သူမက "ဒီကဲ့သို့ပင်တစ်ဦးကိုညဉ့်တွင်" Abbas ရဲ့ "Dancing ဘုရင်မ" နှင့်သူမ၏တစ်ခုတည်းသောတစ်ဦးအဖုံးဖျော်ဖြေရှိရာ 2000 ဆစ်ဒနီနွေရာသီရွမ်း၏ဖွင့်ပွဲအခမ်းအနားကာလအတွင်း Minogue[၁၄]
အဆိုပါငွေများ၏အဆုံးစဉ်အတွင်း Minogue နှင့်သူမ၏အဖှဲ့ဟာလန်ဒန်ရဲ့ Hammersmith Apollo မှာဖျော်ဖြေပွဲ Buy လို့မရပါ။
အဆိုပါ Homecoming ခရီးစဉ်: Showgirl စဉ်အတွင်းဖျော်ဖြေ Minogue ။
Minogue သူမ၏ခရီးစဉ်ပြီးတာနဲ့ငါ့ကိုနမ်း၏တစ်စိတ်တစ်ပိုင်းအဖြစ်ရှက်ဖီး, အင်္ဂလန်အပေါ်ဖျော်ဖြေ။
A bronze statue of Kylie, on a star-shaped pedestal, portrays her in a dancing pose. Her legs are crossed and she bends at the waist, with both arms stretched above her head. The statue stands in a public square in front of a modern glass building, and several people are walking.
Waterfront စီးတီး, မဲလ်ဘုန်းမြို့ Docklands မှာ Kylie Minogue ၏ကြေးဝါရုပ်တု
လန်ဒန်မြို့ရှိ Madame Tussauds မှာ Kylie Minogue ၏ဖယောင်းရုပ်တု
2007 ခုနှစ်ကိန်းရုပ်ရှင်ပွဲတော်တက်ရောက်ခြင်း Minogue ။

အယ်လ်ဘန်နဲ့တီဗီရှိုး[ပြင်ဆင်ရန်]

  • Kylie (1988)
  • ကိုယ်သင် (1989)
  • ခံစားကြည့်ပါ မေတ္တာရစ်သမ် (1990)
  • ရဲ့ဒါဟာကိုရယူပါကြစို့ (1991)
  • Kylie Minogue (1994)
  • မဖြစ်နိုင်တာမင်းသမီး (1997)
  • အလင်းကိုအနှစ် (2000)
  • fever (2001)
  • ခန္ဓာကိုယ်ဘာသာစကားများ (2003)
  • X (2007)
  • အချစ်နဲ့ (2010)
  • ပြီးတာနဲ့ငါ့ကိုနမ်း (2014)
  • Kylie ခရစ္စမတ် (2015)
တီဗီရှိုး
ခုနှစ် ဘှဲ့ အခန်းက္ပ မှတ်စုများ
1986–1988 Neighbours Charlene Robinson 1987 လူကြိုက်အများဆုံးမင်းသမီးများအတွက် Logie ဆုပေးပွဲ

လူကြိုက်အများဆုံးကိုယ်ရည်ကိုယ်သွေးများအတွက် 1988 Logie ဆုချီးမြှင့် ဗစ်တိုးရီးယားရုပ်မြင်သံကြားပေါ်လူကြိုက်အများဆုံးကိုယ်ရည်ကိုယ်သွေးများအတွက် Logie ဆုချီးမြှင့် '' လူကြိုက်အများဆုံးမင်းသမီးများအတွက် Logie ဆုချီးမြှင့် လူကြိုက်အများဆုံးနယူး Talent: များအတွက်အမည်စာရင်းတင်သွင်း-Logie ဆုချီးမြှင့် လူကြိုက်အများဆုံးကိုယ်ရည်ကိုယ်သွေးများအတွက်အမည်စာရင်းတင်သွင်း-Logie ဆုချီးမြှင့်

1994 The Vicar of Dibley သူ့ကိုယ်သူ ဇာတ်လမ်းတွဲအပိုင်း "Community Spirit"
2007 Doctor Who Astrid Peth ဇာတ်လမ်းတွဲအပိုင်း "Voyage of the Damned"
2015 Young & Hungry Shauna ဇာတ်လမ်းတွဲအပိုင်း "Young & Moving" နှင့် "Young & Ferris Wheel"
2016 Galavant Queen of The Enchanted Forest ဇာတ်လမ်းတွဲအပိုင်း "A New Season aka Suck It Cancellation Bear"

ကိုးကား[ပြင်ဆင်ရန်]

  1. Music Rich List 2015: Where are Paul McCartney, Kylie and One Direction placed - digitalspy.com, 2016
  2. Shuker၊ Roy (2012)။ Understanding Popular Music Culture (4th ed.)။ Routledge။ p. 99။ ISBN 978-0-41551-713-3
  3. Cairns, Dan (1 February 2009). "Synth pop: Encyclopedia of Modern Music". The Times. Retrieved on 11 June 2012. 
  4. Kylie Minogue – Aphrodite (Review)။ Urb.com။ 11 October 2011 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 11 June 2012 တွင် ပြန်စစ်ပြီး။
  5. BARB Since 1981Broadcasters' Audience Research Board။ 12 March 2012 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 21 January 2013 တွင် ပြန်စစ်ပြီး။
  6. Kylie officially honoured as UK's queen of singles!။ Official Charts. (1 June 2012)။ 11 December 2013 တွင် ပြန်စစ်ပြီး။
  7. Burke၊ Robert (1 September 2009)။ Biggest Selling Singles Since The Year 2000။ Yahoo! Music။ 17 June 2012 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 13 August 2013 တွင် ပြန်စစ်ပြီး။
  8. Lay၊ Kat (17 October 2013)။ Why you can't get that tune out of your head . . .The TimesNews UK။ 18 October 2013 တွင် ပြန်စစ်ပြီး။
  9. Sams၊ Christine။ "Feathered Kylie's fans tickled pink"၊ 12 November 2006။ 9 May 2008 တွင် ပြန်စစ်ပြီး 
  10. Kylie and Danni – 100 Degrees PerformanceX Factor AustraliaYahoo! Music (24 November 2015)။ 25 November 2015 တွင် ပြန်စစ်ပြီး။
  11. Kylie and Dannii Minogue reunite for disco duetNew Zealand Herald (24 November 2015)။ 25 November 2015 တွင် ပြန်စစ်ပြီး။
  12. McCabe၊ Kathy။ "Prime Minister Julia Gillard to honour pop princess Kylie Minogue"၊ 25 November 2011။ 22 July 2015 တွင် ပြန်စစ်ပြီး။ Archived from the original on 21 September 2014။ 
  13. Greatest of All Time Top Dance Club Artists : Page 1 | Billboard
  14. "Sydney says goodbye"၊ BBC News၊ 1 October 2000။ 27 July 2009 တွင် ပြန်စစ်ပြီး